သူငယ်ချင်းတို့ ရဲ့ ဘလော့လေးတွေမှာ ခေါင်းစည်းပုံလေးတွေ
ပြင်ချင်တယ်ဆိုရင်တော့ ဒီဆော့ဖ်ဝဲလေး ကိုယူလိုက်ပါနော်...
အဲလင့်ခ်မှာ ဒေါင်းလို့ မရရင် ဒီလင့်ခ်လေး မှာလဲယူလို့ ရပါတယ်နော်...
သူငယ်ချင်းတို့ ဒေါင်းပြီးသွားရင် Setup ကိုအရင်ရမ်းပါ...
ပြီးရင် patch ကိုရမ်းပါ....ဘာလို့ လဲဆိုတော့ Fullversion ဖြစ်အောင်လို့ ပါ...
ပြီးရင်တော့ကျွန်တော်ပြောသလို တစ်ဆင့်ချင်းဆီ ပြင်ကြည့်ရအောင်နော်...
ကျွန်တော်ရဲ့  မြင်ဆရာဖြစ်တဲ့  ကိုသံလုံငယ် ဆီကနေပဲလုပ်ပုံလုပ်နည်းလေးကို
ရေးပြီးတင်ပေးလိုက်ပါတယ်နော်...
1. မိမိHeaderရဲ့အရွယ်အစားကိုသတ်မှတ်ပေးရပါ့မယ်။Background imageထည့်မယ်ဆိုရင်လည်းHeaderရဲ့အရွယ်အစားနှင့်Image ရဲ့အရွယ်အစားကိုက်ညီမှုရှိဖို့လိုပါတယ်။ဒါမှလည်းကြည့်လို့ကောင်းမှပေါ့။ ဥပမာအခုကျွန်တော်ပုံဆိုရင်အရွယ်အစားဆိုရင် 866*270ရှိပါတယ်။
2. Flash Effect Makerကိုဖွင့်ပြီးတာနဲ့ဘယ်ဘက်မှာရှိတဲ့Create Newဆိုတာကိုသွားပါ။
Swf Advance Optionsဆိုတာပွင့်လာပါလိမ့် မယ်။အဲဒီမှSwf Optionဆိုတဲ့နေရာမှာHeaderရဲ့အရွယ်အစားကိုသတ်မှတ်ပေးရပါမယ်။
3. Background မှာမိမိနောက်ခံထားမယ့်Imageကိုထည့်ပေးရပါမယ်။Image FillကိုSelectလုပ်ပြီးမိမိနောက်ခံထားလို့သည့်image ကိုရွေးပေးပါ။
4. Mouse Asတို့Percent Loaderတို့ကိုတော့မိမိကြိုက်နှစ်သက်ရာကိုထည့်ပေးပါ။မထည့်ချင်လည်းမထည့်လို့ရပါတယ်။
5. အားလုံးစိတ်ကြိုက်ရွေးပြီးသွားပြီဆိုရင်တော့Okပေးလိုက်ပေါ့
6. Navigation Barထည့်ဦးမယ်ဆိုရင်တော့ဘယ်ဘက်မှာရှိတဲ့Button(Link)ကိုသွားပါ။
အဲဒီမှAdd Button ကိုClick လုပ်ပြီးမိမိစိတ် ကြိုက်Buttonများကိုရွေးပြီး
Add ButtonကိုClickလုပ်ပါ။
7. ButtonများကိုAddလုပ်ပြီးသွားပြီဆိုရင်တော့Captionမှာနာမည်များထည့်ပြီး
Link နေရာမှာမိမိရဲ့ Link များကိုထည့်ပေးပါ။
8. အားလုံးပြီးသွားပြီဆိုရင်တော့Save SWF/HTMLဆိုတာကိုClickလုပ်ပြီးSaveလိုက်ပါ။
မိမိပြုလုပ်လိုက်တဲ့ Flash Header ကိုမြင် တွေ့ရပါလိမ့်မယ်။
အပြည့်အစုံလုပ်တာကိုသိချင်ရင်တော့ Cbox မှာမေးလ်ချန်ခဲ့ပေးပါနော်...
ကျွန်တော်လဲ ကျွန်တော့ရဲ့ မြင်ဆရာဖြစ်တဲ့ ကိုသံလုံဆီက ကြည့်ပြီးတော့လုပ်ထားတာပါ...
သူငယ်ချင်းများအတွက်အသုံးဝင်မယ်ထင်လို့ ပါ.....

0 comments:
Post a Comment