""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Wednesday, July 29, 2009

ချစ်သူ့ အမိန့် 

ကိုကို့ ....ကိုချစ်ပါသလား?
ချစ်ပါတယ်..ကိုကိုရယ်။
ဘယ်လောက်တောင်ချစ်ပါသလဲ?
မိုးလောက်ကြီးချစ်ပါတယ်။
ဘယ်ထဲကချစ်ပါသလဲ?
နှလုံးသားထဲကချစ်ပါတယ်။
ဘယ်လောက်ကြာကြာချစ်မှာလဲ?
ကမ္ဘာတည်သ၍ချစ်ပါ့မယ်။
နတ်ပြည်သွားရင်ကော?
လိုက်မှာပေါ့။
ငရဲပြည်သွားရင်ကော?
လိုက်မှာပဲ။
မြို့ ထဲကအနှိပ်ခန်းသွားရင်ရော?
သွားရဲသွားကြည့် အကြောင်းသိရမယ်။
(ကျွန်တော့ကိုပြောပြပါအုံးဗျာ...ဘာလို့ အဲဒါကျတော့လိုက်မယ်လို့ 
မပြောတာလဲ။။။။။။။။။။။။။။။။။ဟိဟိ............:P)

ဒီမောင့်အသည်း

♥♥ချစ်သူ....
ဟိုစဉ်ကစကား
အခုတော့မေ့ထားခဲ့ပြီလားကွယ်......♥♥
♥♥ဖြစ်နိုင်ရင်သနား...
ရင်တွင်းခံစားပြီး
တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်.....♥♥
♥♥ဒီမောင်လူဆန်း
စိတ်ကကြမ်းပေမယ့်
သူ့ အသည်းကနုတယ်ကွယ်......♥♥

ကြီးမြတ်သော

♥အဲဒီ
ပန်းနုရောင်မျက်လုံးလေးကို
ဆုံနိုင်ဖို့ လေးတောင်မှ
အသည်းကမခိုင်တော့လေ..........။
♥စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ ပဲ
နေရောက်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ..........။
♥သိစေချင်ပါတယ်
ရင်ထဲကအမြုတေ နှလုံးသားမှာ
သူသာအမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာ.........။
♥နားလည်စေချင်ပါတယ်
စိတ်ကုးအိပ်မက်တွေရဲ့ 
တစ်ကိုယ်စာအချစ်နဲ့ အလွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ..........။
♥မပြောချင်တော့ဘူး
အဲဒီလို
တနုံ့ နုံ့ အတွင်းကြေနေရတဲ့
ဆွံ့ အနားမကြားနှလုံးသားရဲ့ 
ကြီးမြတ်သောအချစ်ကို..................။


Tuesday, July 28, 2009

မစိုက်သောသစ်ပင်

ဖိနပ်နှစ်ဖက်
တစ်မြို့ စီဝေးနေသလိုပေါ့...
တံစက်မြိတ်အောက်က
ရေအိုးမှာတောင်
အလွမ်းတွေနဲ့ ပြည့်လျှံနေပြီ...
မိုးတွေက
မေးခွန်းတွေလိုရွာနေတော့
ဘဝဆိုတာက
မိုးရေထဲမှာ ပျံတဲ့ဌက်လိုပါပဲလေ
ကိုယ့်သစ်ပင်မှာ နားစေချင်ပေမယ့်
ကိုယ့်မှာပြတင်းပေါက်မရှိတဲ့နေ့ တွေ
ဘယ်ဆီကမှအဖြေမပေးဘူး....
အစိမ်းရောင်မျက်နှာကျက်နဲ့ 
ကောင်မလေးရေ
ချစ်ခြင်းမေတ္တာတရားတို့ 
ခေါင်းငုံ့ ခံရာ
ငါ့ဖိနပ်ကိုတောင်အားနာတယ်....

Monday, July 27, 2009

မသိစိတ်

ဆုံမိတဲ့ မျက်ဝန်း
နူးညံ့တဲ့ အပြုံး
နွေးထွေးတဲ့ နှုတ်ခမ်း
ငါ့အသွေးအသားကို ထိုးဖောက်
ငါ့နှလုံးသားကို ဓါးစာခံ
မင်းအပြစ် ကင်းစင်ခြင်းနဲ့ 
ခါးသီးစွာ မြတ်နိုးရင်း
ငါဟာမင်းရဲ့  ကြိုးဆွဲရာ အရုပ်တစ်ခုပါ..
သိစိတ်ကိုဖယ်ရှား
မသိစိတ်ကို ဝန်းကျင်
ငါ့ခန္ဓာလည်ပတ်
မင်းပဲ့ကိုင်သမျှ
မောင်းခုတ်ဖြတ်သန်း
မင်းဟာငါ့ရဲ့ 
အိမ်မက် ဦးတည်ရာပါကွာ...

Sunday, July 26, 2009

မင်းအတွက်

တစ်မြေစီခြားနေတဲ့
နှစ်ဦးသားဘဝမှာ
မသေချာတဲ့မနက်ဖြန်တစ်ခုက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်းမီးအိမ်လေးထွန်းပြီး
ငါရှာမိတယ်..
ဒီအချိန်မှာ
ငါ့ရဲ့ အမြဲတမ်းမိတ်ဆွေကတော့
မျက်ရည်နဲ့  ငိုကြွေးခြင်းပေါ့
အထီးကျန်လှတဲ့ဘဝမှာ
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လဲ
အကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်
ငါ့ရဲ့ အိပ်စက်ခြင်းတွေသူဖျက်စီးလို့ 
အိပ်ပျက်ညတွေသူဖန်တီးတယ်
တရေးတမှိတ်အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်းအိပ်မက်ဆိုးတွေ
သူလက်ဆောင်ပေးပြန်တော့
အဖော်မဲ့ဘဝကငါ့မှာ
အလူးအလဲပေါ့
ရက်စက်စွာပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောင်တန်းများ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမပိုင်ဆိုင်ပေမယ့်
နှလုံးသားကပေးတဲ့အင်အား
မင်းကိုချစ်တဲ့အချစ်များကြောင့်
စမ်းတဝါးဝါး မနက်ဖြန်တွေထဲက
ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသောမနက်ဖြန်ကိုမျှော်လင့်ရင်း
မင်းအတွက်ငါရင်ခုန်နေဦးမယ်....

ပျော်ရွှင်မှု့ 

လူတစ်ယောက်ပါ..
မေတ္တာသွယ်ယှက်...
မျှော်လင့်ချက်ကြောင့်
အသက်ရှင်ရ
တစ်ဘဝမှာ...
သစ္စာမယိုင်...
အချစ်ခိုင်မြဲ
တစွဲတလန်း
တတမ်းတတ
နောင်တမလွန်
အဆုံးစွန်ထိ

ကျိုးနွံချစ်မြတ်
ကိုးကွယ်အပ်နှင်း
မောင့်ချစ်ခြင်းကို
မငြင်းမဆန်
မင်းသာလက်ခံပါလျှင်
တို့ လေ....
သေပျော်နေပျော်
ကမ္ဘာပေါ်မှာ.....

လွမ်းပွင့်

အလွမ်းနှစ်ကြာလျှင်
ပန်းသေတ္တာတွင် ပန်းတွေပြည့်
မလွမ်းလောက်လေသလား....
ပန်းခြောက်တွေမကြွေသေးတာတော့
အနေဝေးကာတို့ တွေခွဲရင်လဲ(လည်း)
ရင်ထဲကို သခင်လှပ်ပါလို့ 
မြင်တတ်အောင်ကြည့်လှည့်ပါ...
မြင်နိုင်ပါစေလို့ လဲ
ဆုတောင်းနေမှာပါ....
အိုဘယ့်ချစ်ရတဲ့ချစ်သူသခင်....။

Saturday, July 25, 2009

ရူးသွပ်ခြင်း

မမျှော်လင့်ဘူးပြောပေမယ့်
ရင်ထဲတစ်နေရာက
တိုးတိတ်စွာမျှော်လင့်မိပါတယ်...
မရနိုင်ဘူးပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာလိုချင်မိပါတယ်....
မဖြစ်နိုင်တော့ဘူးဆိုပေမယ့်
အသည်းတစ်နေရာက
မဝံ့ရဲစွာတောင်းတနေမိတယ်....
မဆုံနိုင်တော့ဘူးထင်ပေမယ့်
နှလုံးသားရဲ့ ....
အနက်ရှိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ...
ဆုံနိုင်ခွင့်ကိုတမ်းတရင်း.....


Sunday, July 19, 2009

ကဗျာများ












ဘာတင်ရမလဲမသိတာနဲ့ 

ကဗျာကြိုက်သောသူငယ်ချင်းများအတွက်
ကဗျာလေးတွေတင်ပေးလိုက်ပါတယ်
ကဗျာစုစုပေါင်းကတော့ ၁၀၀ လောက်ရှိမယ်ထင်ပါတယ်
နမူနာလေးနှစ်ခုတင်ပေးလိုက်ပါတယ်
လိုချင်သူများကတော့ ဒီနေရာလေး ကနေယူသွားနိုင်ပါတယ်
အဲနေရာကနေမှမရရင်
ဒီနေရာလေး ကလဲယူသွားနိုင်ပါတယ်
အသုံးတည့်ကြပါစေဗျာ

Thursday, June 25, 2009

လမင်းလေးရေ..

လမင်းလေးရေ..

ငါ..ရင်ဖွင့်ပါရစေ...
ငါ..အခုတစ်ယောက်တည်းပဲသိလား
လူတွေအများကြီးကြားမှာနေနေပေမယ့်လည်း..
နင်မရှိတော့..
ငါ..အခုတစ်ယောက်တည်းပဲသိလား..
အတိတ်တွေပြန်တွေးရင်..ငါ့ရင်ကိုငါ ဒါးနဲ့ခွဲနေရသလိုပဲ
ဖြေဆည်ရာမဲ့နေပါရဲ့..
မတွေးချင်လဲ..ငါတွေးနေမိတယ်..
အစကတည်းက..အဆုံးသတ်မယ်ဆိုရင်..နင်ဘာဖြစ်လို့ခင်မင်ခဲ့ရသေးလဲ
ငါ..သိချင်လိုက်တာဟာ...ခုတော့..
ပြုံးပြဖို့ခွန်အားတွေလဲ..ငါ့မှာမရှိတော့ဘူး
ငါ..နင့်ကိုမုန်းတယ်
ငါ..နင့်..ကို မုန်းတယ်ဟာ
ငါ..
ငါ..................မုန်းလိုက်တာ
နင့်ကိုရော..လောကကြီးကိုရောပေါ့

မလိုချင်ဘူး

မလိုချင်ဘူး

အချစ်ဆုံး...
အမုန်းတွေမသုံးလိုက်ပါနဲ့
အပြုံးတွေမရတော့ရင်တောင်
အရှုံးတွေနဲ့ ကျေနပ်ပါ့မယ်

ချစ်ရသူ
အပြစ်မယူလိုက်ပါနဲ့
မျက်ရည်ပူတွေခမ်းခြောက်သွားရင်တောင်
မညီးညူပဲ မြိုသိပ်ပါ့မယ်

ချစ်စကား
ရက်စက်မခါးလိုက်ပါနဲ့
မကြားစေချင်တော့ရင်လည်း
မြိုသိပ်ထားလို့ လျို့ဝှက်ပါ့မယ်

ချစ်သခင်
အပြစ်မမြင်လိုက်ပါနဲ့
ရုပ်အသွင် မကြည့်ချင်တော့ရင်လည်း
ဝေးအပြင်ကမျှော်ကြည့်ပါ့မယ်

*ကျေနပ်တယ်*

*ကျေနပ်တယ်*

ချစ်သခင်
အပြစ်မမြင်ရက်ပါဘူး
မုန်းချင်မုန်းတော့ စိတ်ဘ၀င်

စိတ်အထင်
အမုန်းမ၀င်ခဲ့ပါဘူး
ပုန်းချင်ပုန်းတော့ မနှစ်လိုလျှင်

သူ့ အပြင်
မချစ်ချင်ခဲ့ပါဘူး
ရှုံးချင်ရှုံးတော့ ချစ်မြေပြင်

ကမ်းမမြင်
လွမ်းပင်လယ်ထဲမှာကူး
ဆုံးချင်ဆုံးတော့ သက်ဝိဥာဉ်

အဖေ

ဖေဖေ
မြေပြင်တစ်ခုလုံး
အမှောင်တွေဖုံးသွားရင်တောင်
ကျွန်တော်ပြုံးနေရဲတယ်
ချုန်းပွဲချငို
ကြောက်အားပိုတဲ့ကလေးဘ၀က
ဖေဖေလမ်းပြ
ခွန်အားတွေချပေးခဲ့လို့ပေါ့....

ဖေဖေ
နေစရာမရှိ
ဆူးတွေအတိနဲ့လမ်းကိုတောင်
မျက်စိမှိတ်လျှောက်ရဲတယ်
ထိခိုက်မိတိုင်း
အားတင်းခိုင်းပြီးချော့မော့တာ
ဖေဖေကွယ်ကာ
ကျွန်တော့ကို သန်မာစေခဲ့လို့ပေါ့...

ဖေဖေ
ခြေရာတွေပျောက်ပြီး
အဝေးကိုရောက်နေရတဲ့အချိန်မှာတောင်
ကဗျာကောက်ရေးမိတယ်
ရောက်ရာကဦးချ
သတိရလွန်းတယ် ဖေဖေ့ကို
ဆုံးမစကားဆို
အရင်လို ပြန်နေချင်သေးလို့ ပေါ့....

Wednesday, June 24, 2009

သိခဲ့ရင်

သိခဲ့ရင်

နှုတ်သွက် လူပျို
လိမ်ညာပိုလည်း
သူဆိုစကား
နှလုံးသားမှာ
မှန်မှားသည်ကို
မသိလိုခဲ့။

မှားဖက်မယ် ပျို
ဘေးကဆိုလည်း
လေချို သူအား
အချစ်များပို
လှည့်ဖျားသည်ကို
ပြစ်မဆိုရက်။

မုန်းရက်တယ် ကို
မကြင်လိုလည်း
ရင်ဖိုစကား
ဘာ့ကြောင့်များရယ်
နှုတ်ဖျားသီချို
ချဲ့ ကာဆိုခဲ့။
မှတ်ချက်(ကောင်မလေးတွေဘက်ကခံစားချက်လေးတစ်ခုပါ)
ကျွန်တော့သူငယ်ချင်းတစ်ယောက်ရေးထားတာပါ...
ကောင်မလေးတွေကိုစာနာလို့ လေ...
ဘာလို့ လဲဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးက
ကိုယ့်ကိုဘယ်လောက်ပဲညာညာသိနေတာတောင်
ချစ်မြဲဆက်ချစ်နေလို့ ပါ.......
ကောင်လေးများစာနာပေးနိုင်ကြပါစေ....
ကျွန်တော်လဲစာနာပေးပါ့မယ်ဗျာ...:P

*တောင်းပန်ပါရစေ*

*တောင်းပန်ပါရစေ*

ညှာတာပါ
ညာနေတာသိနေရက်နဲ့
မုန်းဖို့ခက်တယ်ချစ်သူ
အပြစ်လဲမယူချင်ပါဘူး
ဖြူစင်စွာချစ်ခဲ့မိတာ
သစ္စာတွေမှားသွားပြီလား
စိတ်ကစားတာမဟုတ်ခဲ့ဘူးနော်
စူးနစ်တဲ့အချစ်တွေကို
ပစ်ပစ်ခါခါမလုပ်လိုက်ပါနဲ့
ရိုက်ချိုးသွားလဲဖြစ်တယ်
မာနတွေကို
စိုက်ပျိုးထားတဲ့မေတ္တာတွေ
အကြင်နာရေသာပြန်လောင်းပေးပါ
တောင်းပန်ပါရစေ
မျက်ရည်တွေမဝေချင်တော့ဘူး...

Monday, June 15, 2009

အိမ်

အိမ်

အိမ် ........ကမ္ဘာမြေမှာ ခိုလှုံ၇ာခေါ်ဆိုတဲ့အိမ် ..ရံရွေလယ်
ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်...ကျူထရံတွေ ကာရံကာဓနိမိုးအိမ်..
နှလုံးသားတွေ နွေးထွေး၇င် ဒါဟာလည်းအိမ်..အိမ်တစ်အိမ်မှာ မှီတည်၇ာဘာသာတ၇ားတွေ...ကမ္ဘာမြေကိုဖြူစင်စွာအကြင်နာမျှဝေ...
ပိုင်ဆိုင်ရာတွယ်တာရာဒီရင်သွေးတွေ...ဆည်းလဲသံလှိုက်ခက်စဉ် ဒီချစ်ခြင်းတွေ....အိမ်ပြင်မှာဝါပင်တွေကိုယ်တိုင်စိုက်မယ်..
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်...
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...
ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်..
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်..
.ရင်ခွင်မှာကြင်နာသူချိုအနမ်းရယ်...
ချစ်မိတ်ဆွေစည်းချက်ညီ အတူတူကမယ်...
ကလေးလေးတွေနွေးထွေးဖို့ လေ..
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ဆောက်ကြမယ်လေ...
မြင့်မြတ်ခြင်းတွေ၊နွေးထွေးခြင်းတွေ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့ လေ...
ရင်ခွင်မှာရှင်သန်ရာခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်..
အဆောင်အယောင်တွေမဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ..
.ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ်သိင်္ဂါရီအိမ်.....
တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ မနာလိုတဲ့မစ္ဆရိယ
ချည်နှောင်မှုမဲ့ ကံစီရင်ယုံကြည်စွာ ကမ္ဘာမြေမှာ တို့ အိမ် ငါတို့ အိမ်..
ရဲရင့်လိုက်ချစ်တဲ့အိမ် တို့ဆောက်ကြမယ်လေ...........

ခံနိုင်ရည်မဲ့

ခံနိုင်ရည်မဲ့

ချစ်၇တဲ့သူရေ........
မချစ်တတ်ရင်
မင်းမကြည့်နဲ့ 
မျက်ဝန်းတစ်စုံကြောင့်
ငါရင်ခုန်သွားမှာ
သိပ်ကြောက်တယ်....
ချစ်ရတဲ့သူရေ......
မကြင်နာရင်လည်း
ပြုံးမပြနဲ့ 
မင်းအပြုံးကြောင့်
ငါရှုံးနိမ့်သွားမှာ
သိပ်ကြောက်တယ်..........
ချစ်ရတဲ့သူရေ..
မသေချာရင်လည်း
မင်းမချစ်နဲ့ 
မင်းအတွက်ကြောင့်
ငါအသဲကွဲသွားမှာ
သိပ်ကြောက်တယ်................

တစ်ဖတ်သတ်

တစ်ဖတ်သတ်

မကျေနပ်တော့ဘူး ငါ့ကိုယ်ငါ
မနက်သစ်တိုင်းမှာ မင်းစိတ်နဲ့ နိုးထ
တစ်နေ့ တာမှာ မင်းအကြောင်းကိုတွေး
ဆွေးမြေ့ ခဲ့ရပြီ အနာဂတ်လမ်းမိုက်မဲစွာ
ငါဖျက်ဆီးလို့  စိတ်ကူးယဉ်သမားဘဝ
ရောက်ချင်းမလှရောက်ခဲ့ရ ရပ်သင့်ပြီ အရူးဘဝက
နိုးထတော့မယ် စိတ်ကူးယဉ်အိပ်မက်က
ကျေနပ်တော့ချစ်သူ ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့
ချစ်နေရုံလေးပဲငါကျေနပ်မယ် မဖြစ်နိုင်တဲ့မျှော်လင့်အိပ်မက်
ဆက်မက်ဖို့ ရာပင်ပန်းလွန်းလို့  နိုးထခွင့်ပြုပါတော့
ချစ်ရတဲ့သူရယ်...............

♥♥ချစ်မိသူ၏အရှုံး♥♥

♥♥ချစ်မိသူ၏အရှုံး♥♥

ချစ်သူ=======မင်းကိုချစ်နေပြီလို့ 
ငါထပ်မယူဆချင်တော့ပါဘူး
ငါ့အာရုံကမင်းထွက်သွားဖို့ 
မကြိုးစားနိုင်သရွေ့ 
ငါထပ်ရှုံးနိမ့်အုံးမှာပါပဲ..........
ချစ်သူ========ငါမင်းကိုမမုန်းပါဘူး
သည်းမခံနိုင်တာက
မင်းရဲ့ ဥပေက္ခာပြုမှုတွေကြောင့်ပါပဲ..........
ချစ်သူ========မင်းရှောင်လွှဲတဲ့လမ်းတွေမှာ
ငါရှိနေတာ ငါမကျေနပ်နိုင်တာပါ...........
ချစ်သူ========ငါပြေးထွက်ခဲ့မိတယ်
ခံနိုင်ရည်မရှိတဲ့ငါ့နှလုံးသားက
ဝမ်းနည်းမှုတွေ
မျိုသိပ်ရင်းခိုင်းရင်းနဲ့ 
မင်းနဲ့ ဝေးရာထွက်ပြေးဖို့ ဖြစ်လာခဲ့တာပါ..........
ချစ်သူ========မင်းသိဖို့ မလိုပါဘူး အချစ်ရှိရာငါ့မျက်ဝန်းကို
မင်းနဲ့ မဆုံနိုင်အောင် ကြိုးစားဖို့ အမိန့်  ငါချသင့်ပြီ.......
ချစ်ရတဲ့သူရေ...ဝေးပြီပေါ့ကွာ...ငါဆွေးနေမှာပါ...
အဲဒါကချစ်မိတဲ့သူရဲ့ အရှုံးပေါ့ကွာ...
အနိုင်ရတဲ့မင်းကတော့ပျော်နေမှာပေါ့ကွာ....ချစ်ရသူရာ.....
မင်းပျော်ရွှင်ဖို့  ငါ့နှလုံးသားကို စတေးပေးပါ့မယ်..........

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.