သိခဲ့ရင်
နှုတ်သွက် လူပျို
လိမ်ညာပိုလည်း
သူဆိုစကား
နှလုံးသားမှာ
မှန်မှားသည်ကို
မသိလိုခဲ့။
မှားဖက်မယ် ပျို
ဘေးကဆိုလည်း
လေချို သူအား
အချစ်များပို
လှည့်ဖျားသည်ကို
ပြစ်မဆိုရက်။
မုန်းရက်တယ် ကို
မကြင်လိုလည်း
ရင်ဖိုစကား
ဘာ့ကြောင့်များရယ်
နှုတ်ဖျားသီချို
ချဲ့ ကာဆိုခဲ့။
မှတ်ချက်(ကောင်မလေးတွေဘက်ကခံစားချက်လေးတစ်ခုပါ)
ကျွန်တော့သူငယ်ချင်းတစ်ယောက်ရေးထားတာပါ...
ကောင်မလေးတွေကိုစာနာလို့ လေ...
ဘာလို့ လဲဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးက
ကိုယ့်ကိုဘယ်လောက်ပဲညာညာသိနေတာတောင်
ချစ်မြဲဆက်ချစ်နေလို့ ပါ.......
ကောင်လေးများစာနာပေးနိုင်ကြပါစေ....
ကျွန်တော်လဲစာနာပေးပါ့မယ်ဗျာ...:P
နှုတ်သွက် လူပျို
လိမ်ညာပိုလည်း
သူဆိုစကား
နှလုံးသားမှာ
မှန်မှားသည်ကို
မသိလိုခဲ့။
မှားဖက်မယ် ပျို
ဘေးကဆိုလည်း
လေချို သူအား
အချစ်များပို
လှည့်ဖျားသည်ကို
ပြစ်မဆိုရက်။
မုန်းရက်တယ် ကို
မကြင်လိုလည်း
ရင်ဖိုစကား
ဘာ့ကြောင့်များရယ်
နှုတ်ဖျားသီချို
ချဲ့ ကာဆိုခဲ့။
မှတ်ချက်(ကောင်မလေးတွေဘက်ကခံစားချက်လေးတစ်ခုပါ)
ကျွန်တော့သူငယ်ချင်းတစ်ယောက်ရေးထားတာပါ...
ကောင်မလေးတွေကိုစာနာလို့ လေ...
ဘာလို့ လဲဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးက
ကိုယ့်ကိုဘယ်လောက်ပဲညာညာသိနေတာတောင်
ချစ်မြဲဆက်ချစ်နေလို့ ပါ.......
ကောင်လေးများစာနာပေးနိုင်ကြပါစေ....
ကျွန်တော်လဲစာနာပေးပါ့မယ်ဗျာ...:P

4 comments:
ကဗျာကောင်းလေးပဲဗျာ။ =)
ကြိုက်တယ်ဗျာ ကဗျာလေးက ကောင်မလေးက ဘယ်လောက်ညာညာ သိနေပေမယ့် ချစ်နေတုန်းပါဘဲ
အဆင်ပြေပျော်ရွှင်ပါစေဗျာ
ကောင်းတယ်ဗျာ။ ကဗျာက တော်တော်ကိုကောင်းတယ်။ ဟုတ်ပါတယ် သူ့ဟာသူဘာကြီးဖြစ်နေနေ အချစ်ဆိုတာ ချစ်နေဖို့ပါပဲ။ ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
ကဗျာလေးက ကောင်းတယ်ဗျို့။
ကာရန်လေးလဲ ကြိုက်တယ်။
ခင်မင်လျှက်
Post a Comment