""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Thursday, June 25, 2009

အဖေ

ဖေဖေ
မြေပြင်တစ်ခုလုံး
အမှောင်တွေဖုံးသွားရင်တောင်
ကျွန်တော်ပြုံးနေရဲတယ်
ချုန်းပွဲချငို
ကြောက်အားပိုတဲ့ကလေးဘ၀က
ဖေဖေလမ်းပြ
ခွန်အားတွေချပေးခဲ့လို့ပေါ့....

ဖေဖေ
နေစရာမရှိ
ဆူးတွေအတိနဲ့လမ်းကိုတောင်
မျက်စိမှိတ်လျှောက်ရဲတယ်
ထိခိုက်မိတိုင်း
အားတင်းခိုင်းပြီးချော့မော့တာ
ဖေဖေကွယ်ကာ
ကျွန်တော့ကို သန်မာစေခဲ့လို့ပေါ့...

ဖေဖေ
ခြေရာတွေပျောက်ပြီး
အဝေးကိုရောက်နေရတဲ့အချိန်မှာတောင်
ကဗျာကောက်ရေးမိတယ်
ရောက်ရာကဦးချ
သတိရလွန်းတယ် ဖေဖေ့ကို
ဆုံးမစကားဆို
အရင်လို ပြန်နေချင်သေးလို့ ပေါ့....

1 comments:

chitpalone said...

ဒီကဗျာလေးကို အကို့အဖေသာ ဖတ်မိလို့ကတော့ တော်တော်လေးကို ၀မ်းသာမျက်ရည်ကျမှာပဲနော်။ လေးစားမိပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.