""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Thursday, June 25, 2009

*ကျေနပ်တယ်*

*ကျေနပ်တယ်*

ချစ်သခင်
အပြစ်မမြင်ရက်ပါဘူး
မုန်းချင်မုန်းတော့ စိတ်ဘ၀င်

စိတ်အထင်
အမုန်းမ၀င်ခဲ့ပါဘူး
ပုန်းချင်ပုန်းတော့ မနှစ်လိုလျှင်

သူ့ အပြင်
မချစ်ချင်ခဲ့ပါဘူး
ရှုံးချင်ရှုံးတော့ ချစ်မြေပြင်

ကမ်းမမြင်
လွမ်းပင်လယ်ထဲမှာကူး
ဆုံးချင်ဆုံးတော့ သက်ဝိဥာဉ်

1 comments:

chitpalone said...

ကာရံနဲ့ နဘေနဲ့ စာသားနဲ့ အကိုက်ပဲဗျာ။ အားပေးနေတယ်နော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.