""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Thursday, June 25, 2009

မလိုချင်ဘူး

မလိုချင်ဘူး

အချစ်ဆုံး...
အမုန်းတွေမသုံးလိုက်ပါနဲ့
အပြုံးတွေမရတော့ရင်တောင်
အရှုံးတွေနဲ့ ကျေနပ်ပါ့မယ်

ချစ်ရသူ
အပြစ်မယူလိုက်ပါနဲ့
မျက်ရည်ပူတွေခမ်းခြောက်သွားရင်တောင်
မညီးညူပဲ မြိုသိပ်ပါ့မယ်

ချစ်စကား
ရက်စက်မခါးလိုက်ပါနဲ့
မကြားစေချင်တော့ရင်လည်း
မြိုသိပ်ထားလို့ လျို့ဝှက်ပါ့မယ်

ချစ်သခင်
အပြစ်မမြင်လိုက်ပါနဲ့
ရုပ်အသွင် မကြည့်ချင်တော့ရင်လည်း
ဝေးအပြင်ကမျှော်ကြည့်ပါ့မယ်

1 comments:

chitpalone said...

ဒီကဗျာလေးကတော့ ကာရံမိတယ် စာသားလည်းကောင်းတယ်။ ဒါပေမယ့် ပါးလုံးဆိုရင်တော့ အဝေးကနေ မချစ်နေနိုင်ပေါင် မကောင်းရင် ညောင်း အချိန်ကုန်တယ်။ အဟိ။ စတာ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.