""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Sunday, June 28, 2009

flash-8

flash-8
ဒီတစ်ခါတော့ ဓာတ်ပုံနဲ့ သီချင်းလုပ်တာဝါသနာပါတဲ့
သူများအတွက် အရင်ကတင်ထားတဲ့
flash ပလေရာကို ဆေ့ဖ်ဖို့ 
flash-8 ကိုတင်ပေးလိုက်ပါတယ်နော်..
ဒီကောင်လေးကိုရမ်းလိုက်ပါ...
ပြီးရင် ကီးဂမ်းကို သွားပြီးတော့ အောက်က
ဘောက်မှာ flash ပလေရာဆိုတာကို
ရွေးပေးပါ..အဲမှာသူ့ အတွက်ကီးကျလာပါလိမ့်မယ်
အဲကီးလေးကိုကော်ပီကူးပေးလိုက်ရင် အဆင်ပြေပါပြီ..အဲပုံလေးအတိုင်းပါနော်..
ကိုယ်ကဓာတ်ပုံနဲ့ သီချင်းနဲ့ လုပ်ပြီးလို့ 
ဆေ့ဖ်လိုက်ရင် swf ဖိုင်နဲ့ ဆေ့ဖ်တာပါ
အဲဒါလေးကိုဖွင့်လိုက်ပါ..
အဲအပေါ်မှာ file ကိုသွားပါ
ပြီးသွားရင် create projector
ကိုသွားပြီး exe နဲ့ ဆေ့ဖ်လိုက်ပါ...
အဲဒါဆိုရပါပြီ...
ဘာလို့ လဲဆိုတော့ exe က ကွန်ပျူတာတိုင်းဖွင့်လို့ ရလို့ ပါ
swf ကတော့ flash-8 ရမ်းတဲ့ကွန်ပဲဖွင့်လို့ ရမှာမို့ လို့ ပါ
အဲဒါကြောင့်ပြောင်းလိုက်ရတာပါ
ဝါသနာပါရင်တော့ ဒီနေရာလေး မှာ
ယူလို့ ရပါတယ်...
အသုံးတည့်ကြပါစေဗျာ...

Saturday, June 27, 2009

တင့်ကားဂိမ်း


တင့်ကားဂိမ်း
flash ဂိမ်းလေးတွေကိုဝါသနာပါသော
သူများအတွက်ပါ....
ဆော့ရတာပေါ့ပါတယ်..
ဂရက်ဖစ်ကဒ်လဲဘာမှ သိပ်မလိုပါဘူး
နှစ်ယောက်ဆော့လို့ လဲရပါတယ်
တစ်ယောက်က အဲရိုးမြားနဲ့ စပေ့ဘားနဲ့ 
ဆော့ပြီးတော့
ကျန်တဲ့တစ်ယောက်ကတော့
w,a,s,d ရယ် tab ရယ်နဲ့ ဆော့ရတာပါ..
ဝါသနာပါရင်တော့ ဒီနေရာလေး
မှာယူလို့ ရပါတယ်..
အဲနေရာကမှမရရင်
ဒီနေရာလေး ကလဲယူလို့ ရပါတယ်
အဆင်ပြေကြပါစေဗျာ...

Friday, June 26, 2009

windows-7 styler


windows-7 styler
ဒီတစ်ခါတော့ သိပြီးသားလူတွေကလဲ
သိပြီးလောက်ပါပြီ...
windows-XP တင်ထားတဲ့လူတွေအတွက်ပါ..
windows-7 ပုံစံလေးကိုပြောင်းကြည့်ရအောင်နော်...
လုပ်ပုံလုပ်နည်းလေးကိုပြောပြပေးပါ့မယ်..
သိပြီးသားသူများကတော့မမြင်ချင်ယောင်
မသိချင်ယောင်ဆောင်သွားပေးပါနော်..
ပထမအဆင့်= ပုံလေးကိုရမ်းလိုက်ပါ...
မရမ်းလဲရပါတယ်..
ဒုတိယအဆင့်=Seven_Remix_XP_2_1_by_Niwradsoft
အဲဖိုင်လေးကိုသွားပါ....ပြီးသွားရင်
အဲထဲက Seven Remix XP 2.1
လေးကိုရမ်းလိုက်ပါ..ရီစတတ်ချခိုင်းလိမ့်ပါမယ်
မချပါနဲ့ အုံးနော်..နောက်မှချမယ်လို့ ကွန်မန့် ပေးလိုက်ပါ..
တတိယအဆင့်=Patches ဖိုင်ကိုသွားပါ....
ပြီးရင် Seven Remix XP User32 Patch
ကိုရမ်းလိုက်ပါ...
ပြီးရင်တော့ ရီစတတ်ချခိုင်းလိမ့်ပါလိမ့်မယ်..
ရီစတတ်ပေးလိုက်ပါ..
ပြီးသွား၇င်တော့ပြီးပါပြီဗျာ...
ဝါသနာပါရင်တော့ ဒီနေရာလေး မှာယူလိုက်ပါ...
အဲကမှမရရင် ဒီနေရာလေး ကလဲယူလို့ ရပါတယ်...
အဆင်ပြေကြပါစေဗျာ.....

XP တင်ထားသောသူများအတွက်..Vista ပုံစံ အောက်ဘားလေး

ဝင်းဒိုး XP တင်ထားသောသူငယ်ချင်းများအတွက်
vista ပုံစံအောက်ကဘားလေးမှာ

ကိုယ်ဘာဖွင့်ထားတာလဲဆိုတာကို အကွက်ပုံစံလေးနဲ့ 
မြင်အောင်လုပ်ရအောင်.....

လုပ်ပုံလေးကဆော့ဖ်ဝဲလေးကိုရမ်းယုံပါပဲ...
အဲကောင်လေးနှစ်ခုကိုရမ်းလိုက်ရင်ရပါပြီ...

မယူခင်စိတ်ဝင်စားမစား ပုံလေးကိုကြည့်ကြည့်ပါနော်
စိတ်ဝင်စားရင်တော့ဒေါင်းသွားနိုင်ပါတယ်နော်..

ဒီနေရာလေး မှာယူလိုက်ပါနော်..
အဲကမှမရရင်နောက်တစ်နေရာဖြစ်တဲ့
ဒီနေရာလေး ကယူလို့ ရပါတယ်နော်...
အသုံးတည့်ကြပါစေနော်...
ကျွန်တော်ဒီဆော့ဖ်ဝဲလေးကို
ကိုရင်ပြည့်စုံရဲ့  ဆိုဒ်ကလေးကနေပြန်ပြီးဝေမျှလိုက်တာပါ..

Thursday, June 25, 2009

လမင်းလေးရေ..

လမင်းလေးရေ..

ငါ..ရင်ဖွင့်ပါရစေ...
ငါ..အခုတစ်ယောက်တည်းပဲသိလား
လူတွေအများကြီးကြားမှာနေနေပေမယ့်လည်း..
နင်မရှိတော့..
ငါ..အခုတစ်ယောက်တည်းပဲသိလား..
အတိတ်တွေပြန်တွေးရင်..ငါ့ရင်ကိုငါ ဒါးနဲ့ခွဲနေရသလိုပဲ
ဖြေဆည်ရာမဲ့နေပါရဲ့..
မတွေးချင်လဲ..ငါတွေးနေမိတယ်..
အစကတည်းက..အဆုံးသတ်မယ်ဆိုရင်..နင်ဘာဖြစ်လို့ခင်မင်ခဲ့ရသေးလဲ
ငါ..သိချင်လိုက်တာဟာ...ခုတော့..
ပြုံးပြဖို့ခွန်အားတွေလဲ..ငါ့မှာမရှိတော့ဘူး
ငါ..နင့်ကိုမုန်းတယ်
ငါ..နင့်..ကို မုန်းတယ်ဟာ
ငါ..
ငါ..................မုန်းလိုက်တာ
နင့်ကိုရော..လောကကြီးကိုရောပေါ့

မလိုချင်ဘူး

မလိုချင်ဘူး

အချစ်ဆုံး...
အမုန်းတွေမသုံးလိုက်ပါနဲ့
အပြုံးတွေမရတော့ရင်တောင်
အရှုံးတွေနဲ့ ကျေနပ်ပါ့မယ်

ချစ်ရသူ
အပြစ်မယူလိုက်ပါနဲ့
မျက်ရည်ပူတွေခမ်းခြောက်သွားရင်တောင်
မညီးညူပဲ မြိုသိပ်ပါ့မယ်

ချစ်စကား
ရက်စက်မခါးလိုက်ပါနဲ့
မကြားစေချင်တော့ရင်လည်း
မြိုသိပ်ထားလို့ လျို့ဝှက်ပါ့မယ်

ချစ်သခင်
အပြစ်မမြင်လိုက်ပါနဲ့
ရုပ်အသွင် မကြည့်ချင်တော့ရင်လည်း
ဝေးအပြင်ကမျှော်ကြည့်ပါ့မယ်

*ကျေနပ်တယ်*

*ကျေနပ်တယ်*

ချစ်သခင်
အပြစ်မမြင်ရက်ပါဘူး
မုန်းချင်မုန်းတော့ စိတ်ဘ၀င်

စိတ်အထင်
အမုန်းမ၀င်ခဲ့ပါဘူး
ပုန်းချင်ပုန်းတော့ မနှစ်လိုလျှင်

သူ့ အပြင်
မချစ်ချင်ခဲ့ပါဘူး
ရှုံးချင်ရှုံးတော့ ချစ်မြေပြင်

ကမ်းမမြင်
လွမ်းပင်လယ်ထဲမှာကူး
ဆုံးချင်ဆုံးတော့ သက်ဝိဥာဉ်

အဖေ

ဖေဖေ
မြေပြင်တစ်ခုလုံး
အမှောင်တွေဖုံးသွားရင်တောင်
ကျွန်တော်ပြုံးနေရဲတယ်
ချုန်းပွဲချငို
ကြောက်အားပိုတဲ့ကလေးဘ၀က
ဖေဖေလမ်းပြ
ခွန်အားတွေချပေးခဲ့လို့ပေါ့....

ဖေဖေ
နေစရာမရှိ
ဆူးတွေအတိနဲ့လမ်းကိုတောင်
မျက်စိမှိတ်လျှောက်ရဲတယ်
ထိခိုက်မိတိုင်း
အားတင်းခိုင်းပြီးချော့မော့တာ
ဖေဖေကွယ်ကာ
ကျွန်တော့ကို သန်မာစေခဲ့လို့ပေါ့...

ဖေဖေ
ခြေရာတွေပျောက်ပြီး
အဝေးကိုရောက်နေရတဲ့အချိန်မှာတောင်
ကဗျာကောက်ရေးမိတယ်
ရောက်ရာကဦးချ
သတိရလွန်းတယ် ဖေဖေ့ကို
ဆုံးမစကားဆို
အရင်လို ပြန်နေချင်သေးလို့ ပေါ့....

Wednesday, June 24, 2009

သိခဲ့ရင်

သိခဲ့ရင်

နှုတ်သွက် လူပျို
လိမ်ညာပိုလည်း
သူဆိုစကား
နှလုံးသားမှာ
မှန်မှားသည်ကို
မသိလိုခဲ့။

မှားဖက်မယ် ပျို
ဘေးကဆိုလည်း
လေချို သူအား
အချစ်များပို
လှည့်ဖျားသည်ကို
ပြစ်မဆိုရက်။

မုန်းရက်တယ် ကို
မကြင်လိုလည်း
ရင်ဖိုစကား
ဘာ့ကြောင့်များရယ်
နှုတ်ဖျားသီချို
ချဲ့ ကာဆိုခဲ့။
မှတ်ချက်(ကောင်မလေးတွေဘက်ကခံစားချက်လေးတစ်ခုပါ)
ကျွန်တော့သူငယ်ချင်းတစ်ယောက်ရေးထားတာပါ...
ကောင်မလေးတွေကိုစာနာလို့ လေ...
ဘာလို့ လဲဆိုတော့ ကိုယ်ချစ်တဲ့ကောင်လေးက
ကိုယ့်ကိုဘယ်လောက်ပဲညာညာသိနေတာတောင်
ချစ်မြဲဆက်ချစ်နေလို့ ပါ.......
ကောင်လေးများစာနာပေးနိုင်ကြပါစေ....
ကျွန်တော်လဲစာနာပေးပါ့မယ်ဗျာ...:P

*တောင်းပန်ပါရစေ*

*တောင်းပန်ပါရစေ*

ညှာတာပါ
ညာနေတာသိနေရက်နဲ့
မုန်းဖို့ခက်တယ်ချစ်သူ
အပြစ်လဲမယူချင်ပါဘူး
ဖြူစင်စွာချစ်ခဲ့မိတာ
သစ္စာတွေမှားသွားပြီလား
စိတ်ကစားတာမဟုတ်ခဲ့ဘူးနော်
စူးနစ်တဲ့အချစ်တွေကို
ပစ်ပစ်ခါခါမလုပ်လိုက်ပါနဲ့
ရိုက်ချိုးသွားလဲဖြစ်တယ်
မာနတွေကို
စိုက်ပျိုးထားတဲ့မေတ္တာတွေ
အကြင်နာရေသာပြန်လောင်းပေးပါ
တောင်းပန်ပါရစေ
မျက်ရည်တွေမဝေချင်တော့ဘူး...

Tuesday, June 23, 2009

ဓာတ်ပုံနဲ့ သီချင်းလုပ်တာဝါသနာပါသောသူငယ်ချင်းများအတွက်

ဓာတ်ပုံနဲ့ သီချင်းလေးတွေလုပ်ကြမယ်(Flashplayer)
ဒီတစ်ခါတော့ဘာတင်ရမလဲစဉ်းစားရင်းနဲ့ 
ဓာတ်ပုံနဲ့ သီချင်းလေးတွေလုပ်တာ ဝါသနာပါတဲ့
သူများအတွက် ယူလိထက်ပေါ့လဲပေါ့တယ်...

အင်စတောလုပ်စရာမလိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။
ဒီကောင်လေးက အင်စတောလုပ်စရာမလိုပါဘူး...
အဲဇစ်ဖိုင်လေးကိုဖြည်ပြီးတော့ ဖိုင်ထဲကမှ

FSSB ကို နှစ်ချက်ကလစ်ပေးပြီး ဖွင့်ရင်ရပါပြီ...
ပြီးရင်တော့ ကိုယ်ကြိုက်သလိုလုပ်လို့ ရပါပြီဗျာ...
ဓာတ်ပုံအများကြီးလဲမလိုပါဘူး...
ကိုယ်ကြိုက်သလောက်ပဲထည့်လို့ ရပါတယ်...
နောက်ခံ ဘက်ဂရောင်လေးတွေရွေးလို့ ရတယ်ဗျာ..
ပြီးတော့ EFFECT လေးတွေကို လဲကြိုက်တာရွေးလ
ို့ ရတယ်ဗျာ.
ဒီကောင်လေးကိုဆေ့ဖ်လိုက်ရင်လဲ မူလသီချင်းလောက်ပဲ ရှိပါတယ်.
MB အများကြီး မတက်ပါဘူး....

အဆင်ပြေကြပါစေဗျာ.....

ဖိုင်လေးကတော့ ဒီနေရာ ကနေယူပါ...
အဲကမှမရရင် နောက်တစ်နေရာဖြစ်တဲ့ ဒီနေရာ ကလဲ

ယူလို့ ရပါတယ်နော်....

Sunday, June 21, 2009

General keyboard shortcuts

General keyboard shortcuts
ဒီတစ်ခါတော့ဘာတင်ရမှန်းမသိတာနဲ့ 
General keyboard shortcuts လေးတင်ပေးလိုက်တာပါ...
လေ့ကျင့်ရလွယ်ပါတယ်....
မောက်စ်ကို မသုံးချင်တဲ့သူတွေအတွက်တော့အဆင်ပြေပါတယ်...

1. CTRL+C (Copy)
2. CTRL+X (Cut)
3. CTRL+V (Paste)
4. CTRL+Z (Undo)
5. DELETE (Delete)
6. SHIFT+DELETE
(Delete the selected item permanently without placing the item in the Recycle Bin)
7. CTRL while dragging an item (Copy the selected item)
8. CTRL+SHIFT while dragging an item
(Create a shortcut to the selected item)
9. F2 key (Rename the selected item)
10. CTRL+RIGHT ARROW
(Move the insertion point to the beginning of the next word)
11. CTRL+LEFT ARROW
(Move the insertion point to the beginning of the previous word)
12. CTRL+DOWN ARROW
(Move the insertion point to the beginning of the next paragraph)
13. CTRL+UP ARROW
(Move the insertion point to the beginning of the previous paragraph)
14. CTRL+SHIFT with any of the arrow keys
(Highlight a block of text)
15. SHIFT with any of the arrow keys
(Select more than one item in a window or on the desktop, or select text in a document)
16. CTRL+A (Select all)
17. F3 key (Search for a file or a folder)
18. ALT+ENTER
(View the properties for the selected item)
19. ALT+F4 (Close the active item, or quit the active program)
20. ALT+ENTER
(Display the properties of the selected object)
21. ALT+SPACEBAR
(Open the shortcut menu for the active window)
22. CTRL+F4
(Close the active document in programs that enable you to have multiple
documents open simultaneously)
23. ALT+TAB (Switch between the open items)
24. ALT+ESC (Cycle through items in the order that they had been opened)
25. F6 key (Cycle through the screen elements in a window or on the desktop)
26. F4 key (Display the Address bar list in My Computer or Windows Explorer)
27. SHIFT+F10 (Display the shortcut menu for the selected item)
28. ALT+SPACEBAR (Display the System menu for the active window)
29. CTRL+ESC (Display the Start menu)
30. ALT+Underlined letter in a menu name (Display the corresponding menu)
31. Underlined letter in a command name on an open menu
(Perform the corresponding command)
32. F10 key (Activate the menu bar in the active program)
33. RIGHT ARROW (Open the next menu to the right, or open a submenu)
34. LEFT ARROW (Open the next menu to the left, or close a submenu)
35. F5 key (Update the active window)
36. BACKSPACE
(View the folder one level up in My Computer or Windows Explorer)
37. ESC (Cancel the current task)
38. SHIFT when you insert a CD-ROM into the CD-ROM drive
(Prevent the CD-ROM from automatically playing)
39. CTRL+SHIFT+ESC (Open Task Manager)

Tuesday, June 16, 2009

ကျွန်တော်နှင့်ဧဒင်ကချေသည်

ကျွန်တော်နှင့်ဧဒင်ကချေသည် ဒီတစ်ခါတော့ ကိုတာရာမင်းဝေရေးတဲ့ဝတ္ထုထဲမှ ကျွန်တော်နှင့်ဧဒင်ကချေသည် ဝတ္ထုလေးကိုတင်ပေးလိုက်ပါတယ်... ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်.... ဒီနေရာလေး မှာဒေါင်းသွားနိုင်ပါတယ်နော်.. အဲနေရာကမှမရရင် ဒီနေရာလေး မှာဒေါင်းနိုင်ပါတယ်နော်... ပြုံးနိုင်ကြပါစေနော်.....

ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး(တာရာမင်းဝေ)

ဒီတစ်ခါဘာတင်ရမလဲစဉ်းစားလို့ မရတာနဲ့ 
တာရာမင်းဝေရေးတဲ့
ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး
ဝတ္ထုစာအုပ်လေးကို တင်ပေးလိုက်ပါတယ်
ဝတ္ထုစာအုပ်ဖတ်တာကိုဝါသနာပါသောသူများအတွက်ပါ...
ကျွန်တော်ကတော့ ကိုတာရာမင်းဝေရဲ့ 
စာအုပ်လေးတွေကို သဘောကျပါတယ်...
အဲဒါကြောင့်ကျွန်တော့မှာ ၇ှိတာလေးတွေကို
တင်ပေးလိုက်တာပါ......
ဒီနေရာလေး မှာဒေါင်းနိုင်ပါတယ်နော်.....
အဲနေရာကမှမရရင် ဒီနေရာလေး ကလဲဒေါင်းနိုင်ပါတယ်နော်...

Monday, June 15, 2009

Gtalk အကောင့်မဖွင့်ပဲ Mail ရောက်မရောက်ကြည့်ရအောင်

Gtalk အကောင့်မဖွင့်ပဲ Mail ရောက်မရောက်ကြည့်ရအောင်
Gtalk အကောင့်ကို မဖွင့်ပဲ မေးလ်ရောက်မရောက်သိရအောင်
ဆော့ဖ်ဝဲလေးတစ်ခုပေးဖို့ စိတ်ကူးရမိပါတယ်.....
ဒီကောင်လေးကိုတော့ ကျွန်တော်ကိုသံလုံငယ်ဆီက
ရထားတာပါ.....
ဒီကောင်လေးကိုရမ်းပြီး ကိုယ်အမြဲသုံးနေကျ
ဝင်စေချင်တဲ့အကောင့်ရဲ့  username နဲ့  ပတ်စ်ဝလေးဖြည့်ပေးလိုက်ပါ...
ကိုယ်ကွန်ပျူတာဖွင့်ပြီး အင်တာနက်ချိပ်လိုက်ပြီးရင်
ဒီကောင်လေးကို ခေါ်ပြီးကြည့်လိုက်ရင် မေးလ်ဘယ်နှစ်စောင်ရောက်နေလဲ
ဆိုတာကိုမြင်ရပါပြီ....
ကြည့်မယ်ဆိုရင်တော့ double click ပေးပြီးကြည့်လိုက်ရင်
ကိုယ့်ရဲ့ မေးလ်ပေါ်လာပါလိမ့်မယ်....
သိသောသူများကတော့ ကျော်ခွသွားပေးပါနော်...
ဒီနေရာလေး ကနေယူလို့ ရပါတယ်နော်...
အဲနေရာကမှမရရင် ဒီနေရာလေး ကလဲယူလို့ ရပါတယ်....
အသုံးတည့်ကြပါစေဗျာ.....

ဆော့ဖ်ဝဲအင်စတောလုပ်ထားတာလေးတွေကို Control panel နဲ့ ဖြုတ်ချလို့ မရတဲ့သူများအတွက်

ဆော့ဖ်ဝဲအင်စတောလုပ်ထားတာလေးတွေကို Control panel နဲ့ ဖြုတ်ချလို့ မရတဲ့သူများအတွက်
ဒီတစ်ခါတော့ ဘာတင်ပေးရမှန်းမသိတာနဲ့ 
အင်စတောလုပ်ထားတဲ့ ဆော့ဖ်ဝဲလေးတွေကို
ပြန်ပြီးဖြုတ်ချလို့ မရတဲ့သူများအတွက်
ဆော့ဖ်ဝဲလေးတစ်ခုတင်လိုက်တာပါ......
Uninstaller 2008.
လေးပါ....လိုချင်တဲ့သူများကတော့ဒေါင်းသွားနိုင်ပါတယ်...
ဒီနေရာလေး ကနေ ယူသွားလို့ ရပါတယ်...
အဲနေရာကမှမရရင်...
ဒီနေရာလေး ကလဲယူလို့ ရပါတယ်နော်...
အသုံးတည့်ကြပါစေနော်.....
ကီးတွေလဲပါပါတယ်......

သူငယ်ချင်းများအတွက် Gtalk တွင်အမေးအဖြေလုပ်ရန်

သူငယ်ချင်းများအတွက် Gtalk တွင်အမေးအဖြေလုပ်ရန်
သူငယ်ချင်းများကိုနည်းလမ်းလေးတစ်ခုမျှဝေချင်ပါတယ်...
သိပြီးသားသူများကတော့ မမြင်ချင်ယောင်ဆောင်ပြီး
ကျော်ခွသွားပါနော်.....:P
ဘာလေးလဲဆိုတော့ ကိုယ့်ရဲ့  Gtalk အကောင့်လေးမှာ
webtoim@gmail.com
အဲကောင်လေးကိုအပ်ပြီးမေးလို့ ရပါတယ်...
မှတ်ချက်=အင်္ဂလိပ်လိုတိုက်ပြီးမှမေးလို့ ရတာပါနော်....
အသုံးဝင်မယ်ထင်လို့ ပါ......
အသုံးတဲ့ကြပါစေနော်........

အိမ်

အိမ်

အိမ် ........ကမ္ဘာမြေမှာ ခိုလှုံ၇ာခေါ်ဆိုတဲ့အိမ် ..ရံရွေလယ်
ထယ်ဝါစွာ ဆင်စွယ်နန်းအိမ်...ကျူထရံတွေ ကာရံကာဓနိမိုးအိမ်..
နှလုံးသားတွေ နွေးထွေး၇င် ဒါဟာလည်းအိမ်..အိမ်တစ်အိမ်မှာ မှီတည်၇ာဘာသာတ၇ားတွေ...ကမ္ဘာမြေကိုဖြူစင်စွာအကြင်နာမျှဝေ...
ပိုင်ဆိုင်ရာတွယ်တာရာဒီရင်သွေးတွေ...ဆည်းလဲသံလှိုက်ခက်စဉ် ဒီချစ်ခြင်းတွေ....အိမ်ပြင်မှာဝါပင်တွေကိုယ်တိုင်စိုက်မယ်..
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်...
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ဝိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...
ဒီအချိန်ဆို အိမ်ကပြင်မှာ ကဗျာတွေရွတ်မယ်..
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်..
.ရင်ခွင်မှာကြင်နာသူချိုအနမ်းရယ်...
ချစ်မိတ်ဆွေစည်းချက်ညီ အတူတူကမယ်...
ကလေးလေးတွေနွေးထွေးဖို့ လေ..
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ဆောက်ကြမယ်လေ...
မြင့်မြတ်ခြင်းတွေ၊နွေးထွေးခြင်းတွေ ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့ လေ...
ရင်ခွင်မှာရှင်သန်ရာခိုမှီရာ အိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်..
အဆောင်အယောင်တွေမဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ..
.ဒဏ္ဍာရီရာဇဝင်လို ဝိညာဉ်အိမ် စိန်စီရာ ရတနာခြယ်သိင်္ဂါရီအိမ်.....
တစ္ဆေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့ မနာလိုတဲ့မစ္ဆရိယ
ချည်နှောင်မှုမဲ့ ကံစီရင်ယုံကြည်စွာ ကမ္ဘာမြေမှာ တို့ အိမ် ငါတို့ အိမ်..
ရဲရင့်လိုက်ချစ်တဲ့အိမ် တို့ဆောက်ကြမယ်လေ...........

ခံနိုင်ရည်မဲ့

ခံနိုင်ရည်မဲ့

ချစ်၇တဲ့သူရေ........
မချစ်တတ်ရင်
မင်းမကြည့်နဲ့ 
မျက်ဝန်းတစ်စုံကြောင့်
ငါရင်ခုန်သွားမှာ
သိပ်ကြောက်တယ်....
ချစ်ရတဲ့သူရေ......
မကြင်နာရင်လည်း
ပြုံးမပြနဲ့ 
မင်းအပြုံးကြောင့်
ငါရှုံးနိမ့်သွားမှာ
သိပ်ကြောက်တယ်..........
ချစ်ရတဲ့သူရေ..
မသေချာရင်လည်း
မင်းမချစ်နဲ့ 
မင်းအတွက်ကြောင့်
ငါအသဲကွဲသွားမှာ
သိပ်ကြောက်တယ်................

တစ်ဖတ်သတ်

တစ်ဖတ်သတ်

မကျေနပ်တော့ဘူး ငါ့ကိုယ်ငါ
မနက်သစ်တိုင်းမှာ မင်းစိတ်နဲ့ နိုးထ
တစ်နေ့ တာမှာ မင်းအကြောင်းကိုတွေး
ဆွေးမြေ့ ခဲ့ရပြီ အနာဂတ်လမ်းမိုက်မဲစွာ
ငါဖျက်ဆီးလို့  စိတ်ကူးယဉ်သမားဘဝ
ရောက်ချင်းမလှရောက်ခဲ့ရ ရပ်သင့်ပြီ အရူးဘဝက
နိုးထတော့မယ် စိတ်ကူးယဉ်အိပ်မက်က
ကျေနပ်တော့ချစ်သူ ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့
ချစ်နေရုံလေးပဲငါကျေနပ်မယ် မဖြစ်နိုင်တဲ့မျှော်လင့်အိပ်မက်
ဆက်မက်ဖို့ ရာပင်ပန်းလွန်းလို့  နိုးထခွင့်ပြုပါတော့
ချစ်ရတဲ့သူရယ်...............

♥♥ချစ်မိသူ၏အရှုံး♥♥

♥♥ချစ်မိသူ၏အရှုံး♥♥

ချစ်သူ=======မင်းကိုချစ်နေပြီလို့ 
ငါထပ်မယူဆချင်တော့ပါဘူး
ငါ့အာရုံကမင်းထွက်သွားဖို့ 
မကြိုးစားနိုင်သရွေ့ 
ငါထပ်ရှုံးနိမ့်အုံးမှာပါပဲ..........
ချစ်သူ========ငါမင်းကိုမမုန်းပါဘူး
သည်းမခံနိုင်တာက
မင်းရဲ့ ဥပေက္ခာပြုမှုတွေကြောင့်ပါပဲ..........
ချစ်သူ========မင်းရှောင်လွှဲတဲ့လမ်းတွေမှာ
ငါရှိနေတာ ငါမကျေနပ်နိုင်တာပါ...........
ချစ်သူ========ငါပြေးထွက်ခဲ့မိတယ်
ခံနိုင်ရည်မရှိတဲ့ငါ့နှလုံးသားက
ဝမ်းနည်းမှုတွေ
မျိုသိပ်ရင်းခိုင်းရင်းနဲ့ 
မင်းနဲ့ ဝေးရာထွက်ပြေးဖို့ ဖြစ်လာခဲ့တာပါ..........
ချစ်သူ========မင်းသိဖို့ မလိုပါဘူး အချစ်ရှိရာငါ့မျက်ဝန်းကို
မင်းနဲ့ မဆုံနိုင်အောင် ကြိုးစားဖို့ အမိန့်  ငါချသင့်ပြီ.......
ချစ်ရတဲ့သူရေ...ဝေးပြီပေါ့ကွာ...ငါဆွေးနေမှာပါ...
အဲဒါကချစ်မိတဲ့သူရဲ့ အရှုံးပေါ့ကွာ...
အနိုင်ရတဲ့မင်းကတော့ပျော်နေမှာပေါ့ကွာ....ချစ်ရသူရာ.....
မင်းပျော်ရွှင်ဖို့  ငါ့နှလုံးသားကို စတေးပေးပါ့မယ်..........

လွမ်း....

လွမ်း
မှန်းမရတဲ့ တမ်းတခြင်းတွေ
သက်ဆင်းကာခယ
စလိုက်တဲ့ မနက်တွေမှာ
မျက်ရည်သာ အဖော်ပြု
အချိန်တစ်ခုကိုဆင့်ခေါ်
လင့်မျှော်တဲ့ နှလုံးသား
ေ၀၀ါးတဲ့ ဘ၀လမ်းမှာ
အနမ်းတွေခြောက်သွေ့
မေ့မရတဲ့ အိပ်မက်တွေ
ပင့်သက်တွေ လှိုက်မော
ရောသွားတဲ့သွေးနဲ့ မျက်ရည်
နာကျင် ခြင်းတွေသက်သာစေဖို့
အလွမ်းရက်တို့ ရပ်တန့်ပေးပါ
သစ္စာ ကိုအမှီပြု
အိပ်မက်တွေ မထုဆစ်ချင်တော့ဘူး
စူးစူးနစ်နစ်တောင်းပန်...
ပြန်လည်ကာတမ်းတရင်း...
လွမ်း...

တမ်းချင်း

တမ်းချင်း

မိုးသောက်ပြန်လည်း
မိုးသောက်ပြန်သော် နှင်းကိုဆော်သည်
ချစ်ဖော်လှမ်း၍နေသောကြောင့်...

မွန်းတည့်ပြန်လည်း
မွန်းတည့်ပြန်သော် ကျေးကိုခေါ်သည်
ရစ်မျှော်လွမ်း၍နေသောကြောင့်...

ညဥ့်နက်ပြန်လည်း
ညဥ့်နက်ပြန်သော် လကိုမျှော်သည်
နှစ်ရော်တမ်း၍နေသောကြောင့်...

စေရာ...အရှင်...

စေရာ...အရှင်...

ဒိန်းကနဲပဲ...
ရင်ခုန်သံတွေထိန်းမရခဲ့ဘူး
မျက်ဝန်းနက်နက်..
မျက်စောင်းလှလှ..ကလေးနဲ့
ငါ့ရင်ဘတ်ထဲ...ကဗျာတစ်ပုဒ်..နင်ဝင်သိမ်းသွားခဲ့တယ်

မရေရာတဲ့..ဘ၀မှာ
ခဏတာလေးဆိုပေမယ့်..
အိပ်မက်ကလေးတွေ...
လေမှာလွင့်ပျံခဲ့ဘူးပါတယ်

အိပ်ခန်းကျဉ်းကျဉ်းကလေး..
မျက်နှာကျက်ဖြူဖြူလေးပေါ်...
နင့်မျက်နှာလာထင်နေတော့လဲ
ငါစိတ်ကူးနဲ့..ရူးခဲ့ရပေါ့
ငါစိတ်ကူးနဲ့..မြူးခဲ့ရပေါ့
ဒါ ဘာများထူးသလဲ....နော့

နင်ဟာဘ၀လေးတစ်ခုရဲ့..
နေ့ နဲ့ ညပေါ့
နင်မရှိတဲ့..မနက်မှာဆို နင့်ကိုမှန်းလို့
နင်မရှိတဲ့..ညမှာဆို နင့်ကိုလွမ်းလို့
ဒီလိုနဲ့..မရေရာတဲ့ ဘ၀မှာ
နင်ဟာ ငါ့ကမ္ဘာလေးဖြစ်လာခဲ့ပေါ့

နတ်သက်ကြွေ...နတ်မိမယ်ရေ...
ကြယ်မှုန်တွေစား..လမင်းလေးဆီကများ
ဆင်းသက်လာလေသလား
အရာရာမှာ ခမ်းနား
အရာရာမှာ ၀င့်ကြွားလို့
နင် ဟာ ဘုရင်မ တစ်ပါးထက်ပိုပါတယ်

သခင်မတစ်ပါး လို
နှလုံးသားရဲ့ တံခါးလေးထဲ
မော်မော်ကြွားကြွား..နင်ဝင်သွားကြည့်ပေါ့
ချစ်ခြင်းဖွဲ့ ပန်းရုံ အနား..
အပြင်လူ..မကြားစေချင်တဲ့ စကား
နှစ်ကိုယ်ကြား..
ငါတိုးတိုးလေးပဲ ပြောပါရစေ
တကယ်တော့.
ငါရိုးရိုးလေး ပဲချစ်ပါရစေ
ငါရိုးရိုးလေး ပဲချစ်တာပါလေ....

My love for you...

My love for you...

Every time I miss you,
I count the stars...

Only they can represent the number of times
that I miss you...

But there's always a new star appears,
So, the number of times I miss you,
cannot be measured..

Even a phrase "I love you" cost a drop of my blood,
I would spend all 7 liters of blood in my body,
to say it again and again...

I can't live a day without telling you,
that "I love you"...

Sunday, June 14, 2009

Photoshop ဆိုင်ရာလေ့လာစရာစာအုပ်

Photoshop ဆိုင်ရာလေ့လာစရာစာအုပ်
ဒီတစ်ခါတော့ Photoshop ဆိုင်ရာလေ့လာဖို့ စာအုပ်လေးကို
တင်ပေးလိုက်ပါတယ်....
လေ့လာလိုသူများအတွက်နဲ့ ဝါသနာပါသူများအတွက်ပါ....
သိသောသူများကတော့မမြင်ချင်ယောင်ဆောင်ပေးကြပါနော်...
စိတ်ဝင်စားတဲ့သူတွေနဲ့  လိုချင်သူများကတော့
ဒီနေရာလေး မှာဒေါင်းယူနိုင်ပါတယ်နော်....
အဲကမှမရရင် ဒီနေရာလေး ကလဲ
ဒေါင်းနိုင်ပါတယ်နော်....
အသုံးတဲ့ကြပါစေ........

photoshop ဝါသနာပါသောသူများအတွက်

photoshop ဝါသနာပါသောသူများအတွက်
ဒီတစ်ခါတော့ဘာတင်ရမလဲစဉ်းစားရင်းနဲ့ 
ဒီနေ့ လေးမှရလာတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့
Photoshop ဆော့ဖ်ဝဲလေးတစ်ခုဖြစ်တဲ့
Photoshine ဆိုတာလေးကိုတင်ပေးလိုက်ပါတယ်...
ဒီကောင်လေးကတော့ပေါ့ပါးပါတယ်...သုံးရတာလဲ
လွယ်ကူပါတယ်......
ဝါသနာပါသောသူငယ်ချင်းများကတော့
ဒီနေရာလေး ကနေဒေါင်းနိုင်ပါတယ်...
အဲနေရာကနေမှမရရင် နောက်တစ်နေရာဖြစ်တဲ့
ဒီနေရာလေး ကလဲဒေါင်းနိုင်ပါတယ်....
အသုံးတည့်ကြပါစေ........

အနွယ်တော်


မင်းဘယ်သူလဲ
မသဲကွဲရင်
မင်းရင်ထဲကို ခွဲကြည့်ပါ။

မင်းရဲ့အသည်း
အရောင်မွဲရင်
အမှောင်ထဲက ထွက်ခဲ့ပါ။

မင်းရဲ့အသည်း
အရောင်လဲ့ကြည် ရဲရဲနီရင်...

မြန်မာပြည်ကို ချစ်လိုက်ပါ....။

လွမ်းရတဲ့ နေညိုချိန်

လွမ်းရတဲ့ နေညိုချိန်
နွေ ကုန် တဲ့ မိုးအ၀င်မှာ

".........."ဆိုတဲ့ကောင်မလေး

လေချိုလေးနဲ့စကားပြောဖူးတယ်

မေပျိုလေးနဲ့ ခင်မယ်ကြံတုန်း

ဗြုန်းကနဲ နဲ့ ဌာနေ ကိုပြန်တော့

နေညိုရင် လွမ်းရပြီ - -- - -- - - - - ကလေး

အလင်း အက္ခရာကို ရိုက်ချိုးသွားတဲ့ သောကြာနက္ခတ်

အလင်း အက္ခရာကို ရိုက်ချိုးသွားတဲ့ သောကြာနက္ခတ်
အာရုဏ်ဦးမှာ...

ဆုံးရှုံးမှုနဲ့  ငိုကြွေးခဲ့ရတဲ့

ရင်ခွင်တွေ........

မျက်ရည်ရွှဲ... ၀မ်းနည်းပက်လက်

ကမ္ဘာပျက်ခဲ့ပေါ့.................။။

အေးစက်သောညနက်နက်ထဲမှာ--------

အေးစက်သောညနက်နက်ထဲမှာ--------
မဟူရာမျက်လုံးတစ်စုံ

ငွေရည်ပုလဲဥတို့ တွဲလဲခိုလို့ ၊

တယောသံလို ရင်နင့်စေတဲ့

ရှိုက်ငိုသံ သဲ့သဲ့ ၊

တွန့်ကြေ နေတဲ့ အမှောင်ထုကြား

တောင်းပန်သံ က ယဲ့ယဲ့ ၊

ကျေနပ်ခြင်း ၊ကြည်နူးခြင်း နဲ့အတူ

ကြောက်လန့်ခြင်းက တချက်တချက် ၊

ချစ်သူရဲ့ မျက်ဝန်းနက် အစုံမှာ

အပြာရောင်မျက်ရည်တွေက တလက်လက် ၊

တစက်စက် ကျနေတဲ့နှင်းများကြား

တဆတ်ဆတ်တုန်နေတဲ့ ချစ်သူကို

တစိမ့်စိမ့် ကြည့် ပြီး ပြောခဲ့တယ်

မင်းကို အသက်ထက်ပိုချစ်ပါတယ် - - - - - -- -- - - -။

လရောင်

လရောင်
ထိန်ထိန်သာလရောင်အောက်မှာရှိနေခဲ.လည်း
မှုန်ရီပြာကြယ်ကလေးကိုသာလွမ်းမိဆဲမို.
ဆုတ်တစ်ခါဆန်းတစ်လှည်.နဲ.
ရင်မောစရာ လခွဲတစ်ကြိမ်တွေကိုလည်း
မတမ်းချင်တော.ပါဘူး။
ခပ်ခါးခါး နဲ.အေးစက်စက် ကြယ်လေးရေ
ငါမင်းနဲ.အတူတူ ...............

ဆူးတစ်ချောင်းရဲ့ နှလုံးသား

ဆူးတစ်ချောင်းရဲ့ နှလုံးသား
မင်းမသိလို့လား ချစ်သူရယ်........

ချယ်ရီတွေလည်း ဝေတတ် ကြွေတတ်တယ်

ငါတို့လည်း ငိုတတ် ရီတတ်တယ်

အရိုင်းပေါက်တဲ့ ချယ်ရီမှာလည်း အလှတရားရှိပါတယ်..

မင်းနားလည်နိုင်မလား ..

ငါတို့သေနတ်ကိုင်တဲ့လက်တွေလည်းနွေးထွေးတယ်ဆိုတာ..........

အလျော်ပြန်မရတဲ့ချစ်ခြင်းတရား

အလျော်ပြန်မရတဲ့ချစ်ခြင်းတရား
အပျော်သက်သက်တဲ့
ရင်နာဖို့ကောင်းလိုက်ပုံများ....
နင့်အတွက်ရင်းနှီးခဲ့ရတဲ့အချိန်တွေ
နင့်အတွက်အိပ်ပျက်ခဲ့ရတဲ့ညတွေ
နင့်အတွက်ပေးဆပ်ခဲ့ရတဲ့မာနတွေနဲ့
နင့်အတွက်စတေးခဲ့ရတဲ့မျက်ရည်တွေက
နင်ခဏတာသာယာဖို့သက်သက်ပဲလား.......?
တစ်ဘ၀လုံးစာရည်ရွယ်ခဲ့ပေမယ့်
တစ်ခဏအတွင်းမှာကျရှုံးသွားတဲ့
ငါ့အချစ်တွေကို
နင်ဘာနဲ့ပြန်လျော်ပေးမှာလဲ ?
တစ်ချိန်ချိန်မှာ..
တန်ပြန်အကျိုးသက်ရောက်တတ်တဲ့
ဝဋ်ကြွေးဆိုတဲ့အရာ
နင့်အနားကိုရောက်ရှိလာတဲ့အခါ
အပြစ်မဲ့တဲ့ငါ့နှလုံးသားကို
အသေသတ်ခဲ့တဲ့နင်
တစ်နေ့တော့နောင်တရနေမှာပါ.....

အတိတ်နေ့ရဲ့ချစ်သူပုံရိပ်

အတိတ်နေ့ရဲ့ချစ်သူပုံရိပ်
ပျော်ရွှင်မူတွေနဲ့အတူ
အမှတ်မထင် ငါအံ့သြလောက်အောင်
အမှတ်တရတွေကို လုပ်ပြခဲ့တဲ့
မင်း...................

သေးငယ်တဲ့ အဖြစ်အပျက်တွေကိုစပြီး
ရှုတ်ထွေးလွန်းတဲ့ ပြသနာတွေကို
လုပ်ပြသွားတဲ့ မင်း........
ဘာ့ကြောင့်မေ့မရတာလည်း
ငါ့နင့်ကို တကယ်ပဲ ချစ်ခဲ့မိတာလား……..
အနေတွေနီးခဲ့လို့ သံယောဇဉ်တွေ
ြ်ငိတွယ်မိခဲ့တာလား…..

ခက်တယ် ...
မင်းကို သတိရစိတ်တွေနဲ့
ရှေ့ဆက်ရမယ့် နေ့ရက်တွေကို
ငါကြောက်နေမိတယ် ... ….

ဟိုအ၇င်က ငါနဲ့မင်းအတူနေခဲ့စဉ်က
မင်းဘာတွေပဲ လုပ်လုပ်
ဘယ်သူတွေ မင်းအကြောင်းကို
မကောင်းဘူးပဲ ပြောပြော
အပြစ်မမြင်ပဲ အရှက်တင်ခံပြီး
မင်းကို ဆက်ချစ်နေခဲ့တယ်……

အခုချိန်မှာ....
တောင်းတ သတိရနေမိတာတော့
အမှန်ပါ.....။

NEO-7

ဒီတစ်ခါတော့ဘာတင်ရမလဲ စဉ်းစားလို့ မရတာနဲ့ 
အသုံးတည့်မယ်ထင်တာလေးတင်ပေးလိုက်ပါတယ်....
အဲဒါကတော့ NEO_7 Full version လေးပါပဲ...
စိတ်ပါဝင်စားသူများနဲ့  အသုံးလိုတဲ့သူများကတော့
ဒီနေရာလေး ကနေ ဒေါင်းသွားနိုင်ပါတယ်....
အသုံးဝင်ကြပါစေဗျာ.......

Saturday, June 13, 2009

အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း

အခိုးခံရသော Gmail အားပြန်လည်ရယူခြင်း

သင့်ဂျီမေး အခိုးခံရပြီဆိုပါတော့..paaaword ရော security question
ရော secondary email ပါအပြောင်းခံလိုက်ရပြီဆိုပါတော့..
သင်ဘာဆက်လုပ်မလဲ..ဒီအတွက်မပူပါနဲ့ ...
ဂျီမေးက သင့်အတွက် service ကတစ်ခုပေးထားပါသေးတယ်..
လုပ်ပုံလုပ်နည်းလေးကတော့
Google ကပေးထားတဲ့ဖောင်ကိုဖြည့်ရပါ့မယ်....
Account ဖွင့်ထားတဲ့လူသာသိလောက်မဲ့
အချက်အလက်လေးမျိုးပေါ့....
ဘာအချက်အလက်တွေပါမလဲဆိုတော့
ဥပမာ......
နောက်ဆုံး log in ဝင်ခဲ့တဲ့ရက်စွဲ...
အကောင့်စဖွင့်တဲ့ရက်စွဲ........
အဲဒီအကောင့်နဲ့ သင်အသုံးပြုတဲ့ Google ရဲ့  အခြား
products တွေအကြောင်း
Google blogger အသုံးပြုရင် အဲဒီ Blogger Account
ရဲ့ အချက်အလက်အသေးစိတ်
အရေးကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ
အသေးစိတ်နဲ့  အတတ်နိုင်ဆုံးတိတိကျကျ ဖြေပေးရပါမယ်...
ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ
အတတ်နိင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ...
သင့်အကောင့် သင်ပြန်ရမရဆိုတာ
သင့်အဖြေဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့
ပေါ်မှာမုတည်ပါလိမ့်မယ်....
ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့
ဖောင်ပို့ လျှင်ကဖောင်သာပို့ ရန်
(ဖောင်အများကြီးမပို့ ရန်)
ကိုယ့်ရဲ့ အကောင့်ကို အမြဲအသုံးပြုနေကြ
စက် (PC) ကပဲပို့ ရန်.....
ဘာကြောင့်လဲဆိုတော့ သင်ဖောင့်ပို့ လိုက်တဲ့ IP Address ကို
Google ကမှတ်သွားမှာမို့ လို့ ပါ......
ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့
ကိုယ့် Email သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်....
ဘယ်လိုကာကွယ်ကြမလဲ?????????
လွယ်ပါတယ်....မေးခွန်းကိုလေ့လာပြီး
ကိုယ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို
လုံခြုံတဲ့တစ်နေရာမှာ
သိမ်းထားလိုက်ပါ..နောက် Email အခိုးခံရတိုင်း
အဲဒီအချက်အလက်အတိုင်းဖြေပြီးပြန်ရအောင်ယူပေါ့...
Form ဖြည့်ရန်သွားရမယ့်လိပ်စာကတော့
Code:http://www.google.com/support/accounts/bin/request.py?contact_type=ara&ctx=accounts&hl=en
မသိသေးသူများအတွက်သာရည်ရွယ်ပါသည်...
Email အခိုးခံရခြင်းမှ ကင်းဝေးကြပါစေ.....
ဒီပို့ လေးကိုတော့ အကိုတစ်ယောက်ရဲ့ ဆိုဒ်ကကူးယူဖော်ပြခြင်းဖြစ်ပါတယ်

ဖတ်ဖြစ်သောစာအုပ်လေးမှ စိတ်ဝင်စားစရာလေးတွေ

(၁) ထောလပတ်ရွက် ဖြင့်ဆံပင်နက်အောင်လုပ်နည်း။
အရွက်လက်တစ်ဆုပ်စာကို ရေစင်စင်ဆေး၊ငရုတ်ဆုံနဲ့ထောင်းရတယ်၊
ညက်အောင်ထောင်းပြီး စုယူ၊ပြီးတော့ ပန်းကန်တစ်ချပ် ခံပြီးအရေညှစ်ယူရပါတယ်။
ရေစက်လက် အရွက်ဆိုတော့ အရည်များများရပါတယ်။ အရည်နဲ့အရောင်က အစိမ်းရင့်ရင့်ပါ။
အဲဒါရပြီဆိုတော့ အုန်းဆီစစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးတစ်ဝက် လောက်ရောထည့်။
(အုန်းဆီမရလည်း ပဲဆီထည့်လို့ဖြစ်ပါတယ်။ အုန်းဆီက မွှေးတယ်ပေါ့)

ပြီးရင် သမအောင်မွှေပြီး ဆံပင်ကို အမြစ်ကစ လူးရတယ်။ သွားပွတ်တံလေးနဲ့
ဘီးဖြီးသလို လိမ်းလို့ရပါ တယ်။ဦးရေထဲ ၀င်အောင် ဖိရင်ပိုကောင်းပါတယ်။
အရေပြားထဲလက်နဲ့ဖိရင် အကောင်းဆုံးပဲတဲ့။ အဲဒီ အစိမ်းရင့်ကို လိမ်းလိုက်တဲ့အခါ
ဆံပင်ဟာ စိမ်းမလာဘဲ မည်းသွားပါရော။
ပထမတစ်ပတ်တစ်ခါ ခေါင်းလျှော်ပြီးတိုင်းလိမ်းတယ်။နောက်ပိုင်း တစ်ပတ်နှစ်ပတ်နေမ
ှ လိမ်းမယ်။ မျက်ခုံးမွှေးနည်းလို့်ဆိုရင်လည်း သွားပွတ်တံလေးနဲ့ ဆွတ်ပြီးလိမ်းပေးပါ။ ဆံပင်ပါးနေတယ်ဆိုရင်လည်း အဲဒီအရည်နဲ့ ပွတ်ပွတ်ပေးပါ။
(၂) နှိပ်နယ်ခြင်း အတတ်ပညာ
နှိပ်နယ်ခြင်းဟာ Indiaနိုင်ငံရဲ့ လူမှုအသိုင်းအ၀ိုင်းကြားမှာ နေ့စဉ် အသုံးပြုနေတဲ့
ရောဂါကာကွယ်ခြင်းနဲ့ ဆေးကုသနည်း တစ်မျိုးဖြစ်ပါတယ်။India နိုင်ငံသားအားလုံးနီးပါး
နှိပ်နယ်ခြင်းအတတ်ကို တတ်မြောက်ကြ တယ်လို့တောင် ဆိုနိုင်ပါတယ်။
မွေးကင်းစအရွယ်ကစလို့ မိခင်က သူ့ရဲ့ရင်သွေးကို နှိပ်နယ်ပေးတဲ့ အလေ့ ရှိပါတယ်။
ဆယ်ကျော်သက်အရွယ် ကလေးများကလည်း မိဘဘိုးဘွားများကို ပြန်လည်နှိပ်နယ်ပေးကြတဲ့ အလေ့အထမျိုးကို သားစဉ်မြေးဆက် ကျင့်သုံးလာကြတာ ဖြစ်ပါတယ်။
Indiaနိုင်ငံမှာ ရောဂါဝေဒနာတွေကို ကုစားကာကွယ်ဖို့အတွက်
အာယုဗေဒကုထုံး(ayurveda)နဲ့
အူနာနီ ကုထုံး(unani)များကို အဓိက အားထားကြပါတယ်။အာယုဗေဒကုထုံးနဲ့
အူနာနီကုထုံးတွေမှာ ဆေးပေးပြီး ကုသတာအပြင် နှိပ်နယ်ခြင်းကိုလည်း ကုထုံးတစ်ရပ်အဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ နှိပ်နယ်ပေး ခြင်းက ရောဂါဝေဒနာများမဖြစ်ပွားအောင်
ကာကွယ်ပေးနိုင်သလို သွေးလည်ပတ်မှုအားကို ကောင်းစေပြီး စိတ်နဲ့ ရုပ်ခန်ဓာတ
ို့ ဆက်သွယ်မှု ဟန်ချက်ကိုပါ သဟဇာတဖြစ်စေတယ်လို့ ယူဆထားပါတယ်။
နှိပ်နယ်ပေးခြင်းနည်းလမ်းတွေထဲမှာ ပြေလျော့အောင် ညင်သာစွာပွတ်သပ်နှိပ်နယ်ခြင်း၊
လန်းဆန်းတက်ကြွ အောင် ခပ်သွက်သွက်နှိပ်နယ်ခြင်း၊သွေးပူအောင် ပွတ်တိုက်ဖျစ်ညှစ်ခြင်းမျိုးတွေပါဝင်ပါတယ်။ဒါ့အပြင် ခန်ဓာကိုယ် အနှံ့အပြားမှာ
ရှိနေတဲ့ ဖိအားပေးပြီး ဖိနှိပ်ပေးရတဲ့ နှိပ်ကွက်များကို ဖိနှိပ်ပေးခြင်းမျိုးတွေကအစ ပါဝင်ပါတယ်။ နမူနာအနေနဲ့မင်္ဂလာပွဲမတိုင်ခင် သတို့သားသတို့သမီးတွေကို နှိပ်နယ်ပေးပုံအား ရေးပေး လိုက်ပါတယ်။
(၄) မင်္ဂလာပွဲအတွက် နှိပ်နယ်နည်း(Indian Bridal Massage)
Indiaမှာ မင်္ဂလာဆောင်မယ့် ၁၀ရက်အလိုလောက်ကစပြီး နေ့စဉ် သတို့သမီးနဲ့
သတို့သားတွေကိုနှိပ်နယ် ပေးတဲ့ ရိုးရာအလေ့အထ ရှိပါတယ်။ သတို့သမီးရဲ့ စိတ်ကို
တည်ငြိမ်စေပြီး အသားအရေကို တောက်ပ ၀င်းလဲ့စေကာ သတို့သားရဲ့ အားမာန်တက်ကြွမှုကို အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။ဆေးဖက်ဝင် အပင်များ၊ အမွှေးအကြိုင်များနဲ့
စံပယ်ပန်းကနေ ထုတ်နုတ်ယူထားတဲ့ မွှေးရနံ့ဆီများ ရောစပ်ပြီး ကြိတ်ထား တဲ့(ubtan)အပ်တန် အနှစ်ပျော့ပျော့များကို သတို့သမီး အားလိမ်းကျံပေးကြတာဖြစ်ပါတယ်။ လိမ်းကျံတဲ့ အခါ အရေပြားထဲစိမ့်ဝင်ပျံ့နှံ့အောင် ပွတ်သပ်ဆုတ်နယ်ပေးရ ပါတယ်။ အပ်တ်(ubtan)
အနှစ်ပျော့တွေ ထဲက အရည်များ အရေပြားထဲ စိမ့်ဝင်သွားလို့ အနှစ်ပျော့ပျော
့ခြောက်သွေ့သွားတဲ့အခါ အနှစ်ပျော့ပျော့ တွေကွာကျလာအောင် ဆက်ပြီး
ပွတ်သပ်ဆုပ်နယ်ပေးရပါတယ်။ပြီးမှ ရိုးရိုးရေနဲ့ဖြစ်စေ၊ နှင်းရည်နဲ့ဖြစ်စေ
တစ်ကိုယ်လုံးကို ရေဖက်သုတ်ပြီး သန့်စင်ပါတယ်။ ဒီလို နှိပ်နယ်မှုခံယူအပြီးမှာတော့
အသားအရေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး နူးညံ့ပျော့ပျောင်းကာ တောက်ပ၀င်းလဲ့လာပါလိမ့်မယ်။
(၅) အပ်တန်(Ubtan)ရောစပ်ပြုလုပ်နည်း (Ubtan blend)
ဂျုံမှုန့်ဇွန်းကြီး - ဇွန်းကြီး လေးဇွန်း(တစ်ကိုယ်လုံး လိမ်းကျံပေးရန်အတွက်)
နှမ်း(ကြိတ်ပြီးသား အမှုန့်) - ဇွန်းကြီး နှစ်ဇွန်း
နနွင်းမှုန့် - ဇွန်းကြီး တစ်ဇွန်း
ပဲနံ့သာစေ့ - ဇွန်းကြီး တစ်ဇွန်း
မုန်ညှင်းစေ့(ကြိတ်ပြီးသားအမှုန့်) - ဇွန်းကြီးတစ်ဇွန်း
နှမ်းစေ့ - ဇွန်းကြီး သုံးဇွန်း
မုန်ညှင်းဆီ - ဇွန်းကြီး တစ်ဇွန်း
ဂျုံအနှံဆီ -ဇွန်းကြီးတစ်ဝက်
စံပယ်ရနံ့ဆီ -၁၀စက်
နံ့သာဖြူ ရနံ့ဆီ -၅စက်
အားလုံးကို မွတ်ညက်နေတဲ့ အနှစ်ပျော့ပျော့အဖြစ် ရရှိအောင် ရောစပ်ပေးပါ။
(၆) ကော်ဖီရဲ့ နောက်ခံသမိုင်းကြောင်း
အီသီယိုပီးယန်းလူမျိုး(Ethiopian)ဆိတ်ကျောင်းသမားလေးက စခဲ့တာပေါ့။
သူ့နာမည်ကို တစ်လုံးအဖျား ဆွတ်ခေါ်ရင် “အင်ဒီ”လို့ခေါ်ပါသတဲ့။
အရိပ်ကောင်းတဲ့ အပင်တစ်ပင်ပင်အောက်မှာ နားနေရင်း သူ့ဆိတ်တွေကို
လွှတ်ထားလေ့ရှိပါတယ်။ အဲဒီ အပင်တွေထဲက အနီရောင်အသီးကလေးတွေ
ဝေနေတတ်တဲ့ ဘယ်ရီ(Red Berries)ပင်တွေဟာ နောင်သူ့ အရွက်တွေ
အသီးတွေနဲ့ စမ်းသပ်မှုတွေ လုပ်တဲ့အခါ အတော်သဘာဝကျတ
ဲ့ “Goatus Ethiopicus” ဆိုတဲ့ ရုက်ခဗေဒ အမည်ကိုတောင် ပေးခဲ့ရသတဲ့။
ပြန်စပြောရရင် အင်ဒီကျောင်းနေတဲ့ ဆိတ်တွေဟာ အပင်တွေလွတ်ရာ
ကွင်းပြင်ဘက်ထွက်ပြီး အတော် တက်တက်ကြွကြွ ခုန်ပေါက်ပြေးလွှားနေတာမြင်ရပါလေရော။
ခါတိုင်းနဲ့ မတူအောင်ကို သွက်သွက် လက်လက်ဖြစ်နေကြတယ်။ အင်ဒီအံ့သြမိတာပေါ့။
တောရိုင်းanimals တစ်ကောင်ကောင်ကို တွေ့ပြီး ချောက်ချောက်ချားချား ဖြစ်ကုန်ကြတာလားဆိုတာတွေးတယ်။ ကိုယ်တိုင်ထကြည့်အကဲခတ်တော့ ဆိတ် တွေဟာ အန်တရယ်တစ်ခုခုကြောင့် ဟုတ်ဟန်မတူဘဲ မြူးထူးပျော်ရွှင်နေတာမျိုး တွေ့နေရတယ်။
ဘာကြောင့်လဲ ..အနီရောင် အသီးလေးတွေနဲ့ ဆက်စပ်မှုရှိနေသလား၊ကိုယ်တိုင်
လက်တစ်ဆုပ်စာ ဘယ်ရီသီးနီနီလေးတွေကို ၀ါးပြီးမျိုချကြည့်တယ်။ ဘယ်လောက်မ
ှ မကြာခင် ထူးခြားတဲ့ အာရုံတစ်ခုကို သူခံစားမိလိုက်တယ်။ဒါတွေ ၀ါးမိစားမိတဲ့ဆိတ်တွေ
ဘယ်တုန်းကနဲ့မှ မတူအောင်မြူးနေကြတာ ဒါကြောင့်ကိုး။
ဒီလု နောက်ခံဖြစ်ရပ်မျိုးနဲ့ ကော်ဖီဆိုတာပေါ်လာတာပါ။ ခရစ်နှစ်တော်တော်
စောစောမှာပဲ ကော်ဖီဟာ အီသီယိုပီးယားက စတင်တယ်လို့ဆိုပါတယ်။
တခြားအယူအဆတစ်ခုကလည်း အာရေဗျ(Arabia)နိုင်ငံမျိုး ကစတယ်လို့ဆိုပြန်ပါတယ်။
ဘာကြောင့်ဆို အာရေဗျလူမျိုးတွေဟာ ဒီကော်ဖီစေ့တွေကို သူတို့နိုင်ငံမှအပ ဘယ်နိုင်ငံကမှ မစိုက်မပျိုးနိုင်အောင်၊ဘယ်ကိုမှ မပျံ့နှံ့အောင် ထိန်းချုပ်ထားခဲ့တဲ့ အကြောင်းရှိခဲ့လို့ပါပဲ။
သို့သော်လည်း ၁၆၉၀ပြည့်နှစ်ထဲမှာ ဒတ်ခ်ျတွေက ရုက်ခဗေဒဥယျာဉ်တွေအတွက်
ပျိုးပင်အချို့ရရှိသွားကြ တယ်။တစ်ဆင့်တစ်ဆင့် ဂျာဗားမှာရော ဥရောပနိုင်ငံ
ပြင်သစ်စတဲ့နိုင်ငံတွေဆီ ရောက်ကုန်ပါလေရော။ တောင်အမေရိကတိုက် အထိပျံ့နှံ့ခဲ့တယ်ဆိုပဲ။ မူရင်းနိုင်ငံတွေက ဘယ်လိုပဲကန့်သတ်ထိန်းချုပ်နေစေဦး တော့ လာဘ်မြင်တဲ့
ဘရာဇီး လူမျိုးသံတမန်တွေက တစ်ဆင့် ဘရာဇီးနိုင်ငံအထိပေါက်ရောက်ပြီး
ဘရာဇီး ကော်ဖီလုပ်ငန်းဆိုတာ မွေးဖွားလာတဲ့အထိပါပဲ။အမှုန့်ကြိတ် ပြင်ဆင်ထုပ်ပိုးရောင်းချကြပေါ့။
ကနေ့မှာဖြင့် Indiaအနောက်ပိုင်း၊ဂျာဗား၊တောင်အမေရိကနဲ့ အာဖရိကမှာပါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေ လေပြီ။နိုင်ငံတကာ ရောင်းကုန် ထုတ်ကုန်အဖြစ် တွင်ကျယ်နေရာယူနေလေပြီ။
(၇)မျက်လုံးအားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့နည်း
ိဒီနည်းလေးကို မေတ္တာရှင် (ရွှေပြည်သာ) ရေးတဲ့ စာရိတ်တ သတ်တိ ဆိုတဲ့
စာအုပ်လေးက ရတာပါ။
ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ဘဲ ခြေထောက်
နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးပါ။
ဒါက တစ်ကိုယ်လုံး ပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။
ပြီးရင် ချက်ချင်းမျက်နှာမသစ်ရသေးပါဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့
အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီး လကိနှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်။
အောက်ချလိုက်နဲ့ အနည်းဆုံး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါ။
ပြီးရင် တက်နေတဲ့ ဇက်ကြောတွေ လျော့သွားအောင် ခေါင်းကိုနောက်ကျောဘက် ရောက်နိုင်သလောက်လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက်ငုံ့ပေးပါ။
ဒါကလည်း အကြိမ်၂၀လောက် ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာအခါ ၂၀လောက် လှည့်ပေး။
ပြီးမှ မျက်နှာသစ်။ ပါးစပ်ကို ပိတ်ထားရမယ်တဲ့။ သစ်ပြီး မျက်နှာကိုသုတ်။
ပြီးတော့မှ သွားတိုက်ပါတဲ့။
ဒီနည်းက သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့နည်းပါ။
စိတ်ပါဝင်စားသူများ စမ်းသပ်ကြည့်ပေါ့ဗျာ။
ကြာကြာလုပ်နိုင်လေ ကောင်းလေပါပဲ။
မှတ်ချက်=ကျွန်တော်ကိုကျော်ကျော်ရေးတာလေးကိုပြန်ပြီး
ရေးသားတင်ပြလိုက်တာပါ

ကိုယ်တိုင်ပြင်ဆင် အလှဆင်

ကိုယ်တိုင်ပြင်ဆင် အလှဆင်
(၁)မျက်နှာပေါင်းတင်
လိုအပ်ပစ်စည်းများ
ထောပတ်သီးမှည့် - လုံး
သံလွင်ဆီ - ဇွန်း
ငှက်ပျောသီးမှည့် - လုံး
လိမ်မော်သီး -လုံး(အရည်ညှစ်ယူထားပါ)
ပြုလုပ်နည်း
ထောပတ်သီးမှည့်၊သံလွင်ဆီတစ်ဇွန်း၊လိမ်မော်ရည်နည်းနည်းနဲ့ ငှက်ပျောသီးမှည့်တို့ကို ရောသမအောင် နယ်ရပါမယ်။ပြီးတဲ့အခါပါးစပ်နဲ့ မျက်လုံးတွေကိုချန်ပြီးလိမ်းပေးရပါမယ်။လိမ်းပြီး မိနစ်(၂၀)လောက် ကြာတဲ့ အခါ မျက်နှာသစ်လိုက်ပါ။ဝင်းဝါချောမွတ်သွားတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်သွားပြီပေါ့နော်။ ပိုမိုချောမွေ့ခင်ရင် တော့ မျက်နှာပေါင်းတင်ဖို့ ရောမွှေထားတဲ့ ပစ်စည်းတွေထဲကို အပူပေးအရည်ဖျော်ထားတဲ့ ပျားဖယောင်း ထည့်သုံးနိုင်ပါတယ်။
(၂)ဆံပင်ပေါင်းတင်
လိုအပ်ပစ်စည်းများ
ထောပတ်သီးမှည့် -တစ်လုံး
ငှက်ပျောသီးမှည့် -တစ်လုံး
သံလွင်ဆီ - တစ်ဇွန်း
ကြက်ဥ - အကာရည်
ပြုလုပ်နည်း
လိုအပ်ပစ်စည်းအားလုံးကို သမအောင်မွှေပြီးတဲ့အခါ ဆံနွယ်အနှံ့ကို ညင်သာစွာ လိမ်းကျံပြီးခေါင်းပေါင်း ထားရပါမယ်။တစ်နာရီလောက်ကြာတဲ့အခါ ခေါင်းပေါင်းကိုဖြေပြီး ရေခပ်နွေးနွေးနဲ့ ဆံပင်ကိုဆေးရပါမယ်။ ပြီးတဲ့အခါ သုံးနေကျရှန်ပူတစ်မျိုးနဲ့ လျှော်လိုက်တဲ့အခါမှာတော့ လှပတောက်ပြောင်တဲ့ ကေသာကိုပိုင်ဆိုင် သွားပါပြီ။
(၃)တစ်ကိုယ်လုံး သို့မဟုတ် ဖြူချင်တဲ့ နေရာဖြူဖို့ ပေါင်းတင်စို့
လိုအပ်ပစ်စည်း
မန်ကျည်းသီးမှည့် - အနည်းငယ်
နနွင်းမှုန့်စစ်စစ် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ပြုလုပ်ပုံ
အရင်ဆုံး မန်ကျည်းသီးမှည့်ကိုရေနဲ့ဖျော်ပြီး အဖတ်တွေကိုဖယ်ရပါမယ်။ ရလာတဲ့မန်းကျည်းရေပျစ်ပျစ်ကို နနွင်းမှုန့်သင့်ရုံထည့်ပြီး သမအောင်မွှေဖျော်ထားရပါမယ်။ပြီးတဲ့အခါ အ၀တ်အစားအကြမ်းတစ်စုံဝတ်ပြီး လက်နဲ့ခြေတွေအနှံ့ ဒါမှမဟုတ် ကိုယ်ဖြူချင်တဲ့နေရာတွေကို လိမ်းရပါမယ်။လိမ်းပြီးတစ်နာရီခွဲလောက်ကြာ လို့ ရေချိုးပြီးတဲ့နောက် နဂိုထက်ဖြူဝင်းလာတဲ့ စိုပြည်လာတဲ့ ကိုယ့်ရဲ့အသားအရေကိုတွေ့ရမှာ ဖြစ်ပါတယ်။ အသားပတ်တဲ့အခါ၊လေပူတွေတိုက်ခံရဖန်များတဲ့အခါ အသားအရေခြောက်သွေ့သူတွေအနေနဲ့လည်း ဒီနည်းကိုသုံးရင် နာရီပိုင်းအတွင်း ပင်ကိုအသားအရေကို ပြန်ရရှိမှာသေချာပါတယ်။
(၄)Orange Mask
သန့ှ်ရှင်းစင်ကြယ်တဲ့ ခွက်တစ်လုံးထဲမှာ Orangeရည်သန့်သန့်စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ်သန့်သန့် စားပွဲတင်ဇွန်း ၂ဇွန်းကိုရောထည့်ပြီးမွှေပါ။ပြီးရင် အဲဒီအရည်နဲ့မျက်နှာ၊လည်ပင်းနေရာ စတာတွေကိုလိမ်း ပေးပါ။၁၀မိနစ်၁၅မိနစ်နေမှ ရေဆေးပြီးဖယ်ရှားပါ။ရေနွေးနဲ့ဆေးနိုင်ရင် ပိုကောင်းပါတယ်။ အဲဒီအခါ အင်မတန်သန့်စင်ကြည်လင်တဲ့ မျက်နှာကလေးဖြစ်နေတာတွေ့ရပါလိမ့်မယ်။
သတိထားရမှာက - Orangeသီးလတ်လတ်ဆတ်ဆတ်ကို ထက်ခြမ်းခြမ်းပြီး ညှစ်ယူလို့ရတဲ့ Orangeရည်ထဲ ကဗီတာမင်စီဓာတ်က အချိန်ခဏကြာရင်ပျက်ပြယ်သွားတတ်တယ်နော်။

ဝိုးတဝါးကြယ်စင်

ဝိုးတဝါးကြယ်စင်

အိပ်ချင်ပါတယ်ဆိုခါမှ
ငါ့မျက်ဝန်းတွေ ခိုးယူခံလိုက်ရတယ်.
ဘယ်တော့များမှ ငါ့အိပ်မက်တွေ
အိပ်ရေးဝမလဲတွေးရင်း
မျက်စိမမှိတ်ဘဲအိပ်တတ်အောင်
မျက်စိမပါဘဲ အိပ်နိုင်အောင်
ကြိုးစားနေတဲ့ငါ့ကို
အမြင်မပွင့်လင်းတဲ့သူ တဲ့လေ…

မြတ်နိုးမိပါတယ်ဆိုခါမှ
ငါ့မေတ္တာတွေ ရေစုန်မျောခံလိုက်ရတယ်
ဘယ်တော့များမှ ငါ့ချစ်ခြင်းတွေ
အသိအမှတ်ပြုခံရမလဲ မျှော်လင့်ရင်း
အချစ်မပါဘဲနေတတ်အောင်
အချစ်မရှိဘဲနေနိုင်အောင်
လျစ်လျူရှုကြည့်နေတဲ့ငါ့ကို
နှလုံးသားမရှိတဲ့သူ တဲ့လေ…

နှုတ်ဆက်ချင်ပါတယ်ဆိုမှ
သံယောဇဉ်တွေနဲ့ ငါ့ကို တားမြစ်ထားတယ်.
ဘယ်တော့များမှ ဒီဆင်းရဲတွေ
ကျော်လွန်ဖြတ်သန်းနိုင်မလဲ အဖြေရှာရင်း
ခပ်ဝေးဝေးပျံသန်းနိုင်အောင်
ဘယ်တော့မှ ပြန်မတွေ့နိုင်အောင်
အတောင်ပံတွေဖြန့်သန်းနေတဲ့ငါ့ကို
ရက်စက်တတ်တဲ့သူ တဲ့လေ…

ချစ်သူရေ…
ဒီ အရုဏ်မကူးခင်မှာ
ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့
မဟုတ်ရင် မင်းရဲ့ ဥပေက္ခာအောက်မှာ
ငါ ဒူးထောက်ရင်း သေဆုံးသွားနိုင်လို့ပါ.
အို… မဟုတ်သေးဘူး.
တကယ်တော့ ငါဟာ သေဆုံးနေခဲ့ပြီးပြီပဲ…
ငါ့ရဲ့ ချစ်ခြင်းဝိညာဉ်တွေ
မင်းဘေးနားမှာ ဆက်လက်ခစားနေမြဲဆိုတာ
ငါသိပ်ချစ်ရတဲ့ မင်းတစ်ယောက်
သိမှသိပါလေစ….

ခုတော့လည်းငါ
မျက်စိမပါဘဲနဲ့လည်း အိပ်တတ်ခဲ့ပြီ
နှလုံးသားမဲ့စွာနဲ့လည်း ချစ်တတ်ခဲ့ပြီ
ရက်စက်တတ်လွန်းစွာနဲ့လည်း နှုတ်ဆက်တတ်ခဲ့ပြီ
အို… ကျန်သေးတယ် ချစ်သူ…
ခံစားမှုကင်းစွာနဲ့လည်း
ငါ မင်း ဘေးနားမှာ တိုးတိတ်ညင်သာစွာ ခစားတတ်ပြီ..
ကျေနပ်တော့ ချစ်သူရယ်…
အမှတ်မထင် လွင့်ကြွေကျလာမယ့်
မင်းရဲ့ အပြုံးပန်းလေးတစ်ချက်အတွက်နဲ့
သက်မဲ့နေ့ရက်များစွာကို ငါရင်ဆိုင်ဝံ့တယ်...
ငါရင်ဆိုင်နေဆဲပါ ချစ်သူ...

မျှော်လင့်ချက်လေး

မျှော်လင့်ချက်လေး

ကောင်မလေးရေ
ငါ့နှလုံးသားကတစ်ချက်ခုန်လိုက်တိုင်း
သတိရတယ်ဆို............
မင်းယုံမယ်မထင်ဘူး
မတတ်နိုင်ဘူးနော်
အဲဒါကအမှန်တရားတစ်ခုပါ.........
ငါဖြတ်သန်းရမယ့်...........
မနက်ဖြန်တွေအတွက်....
မင်းရဲ့အချစ်တွေလိုအပ်တယ်
မိုင်ပေါင်းများစွာဝေးနေတဲ့..........
မင်းရှိရာအရပ်ကို......တမ်းတပြီး.....
ငါမျက်ရည်ကျတာလည်း....
အိမ်မက်မဟုတ်ခဲ့ပါဘူး..........
ငါချစ်သလိုငါ့ကိုမချစ်ရင်နေပါ
ခဏလေးလောက်တော့
သတိရပေးပါ..............
ငါ့အတွက်ပေါ့.................
အမှတ်တမဲ့အနေနဲ့
ကို လို့....ခေါ်ခဲ့တယ်ဆိုရင်တောင်....
ငါ့ရင်ထဲမှာအမှတ်တရဖြစ်နေပြီ
ကောင်မလေးရေ..............
ငါ့အနာဂတ်အတွက်....
မင်းရှိနေမယ် ရှိလာမယ်လို့....
အဆုံးမရှိမျှော်လင့်ရင်း.............

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.