တမ်းချင်း
မိုးသောက်ပြန်လည်း
မိုးသောက်ပြန်သော် နှင်းကိုဆော်သည်
ချစ်ဖော်လှမ်း၍နေသောကြောင့်...
မွန်းတည့်ပြန်လည်း
မွန်းတည့်ပြန်သော် ကျေးကိုခေါ်သည်
ရစ်မျှော်လွမ်း၍နေသောကြောင့်...
ညဥ့်နက်ပြန်လည်း
ညဥ့်နက်ပြန်သော် လကိုမျှော်သည်
နှစ်ရော်တမ်း၍နေသောကြောင့်...

0 comments:
Post a Comment