""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Monday, June 15, 2009

တစ်ဖတ်သတ်

တစ်ဖတ်သတ်

မကျေနပ်တော့ဘူး ငါ့ကိုယ်ငါ
မနက်သစ်တိုင်းမှာ မင်းစိတ်နဲ့ နိုးထ
တစ်နေ့ တာမှာ မင်းအကြောင်းကိုတွေး
ဆွေးမြေ့ ခဲ့ရပြီ အနာဂတ်လမ်းမိုက်မဲစွာ
ငါဖျက်ဆီးလို့  စိတ်ကူးယဉ်သမားဘဝ
ရောက်ချင်းမလှရောက်ခဲ့ရ ရပ်သင့်ပြီ အရူးဘဝက
နိုးထတော့မယ် စိတ်ကူးယဉ်အိပ်မက်က
ကျေနပ်တော့ချစ်သူ ဒီလောက်နဲ့ ပဲ ကျေနပ်ပါတော့
ချစ်နေရုံလေးပဲငါကျေနပ်မယ် မဖြစ်နိုင်တဲ့မျှော်လင့်အိပ်မက်
ဆက်မက်ဖို့ ရာပင်ပန်းလွန်းလို့  နိုးထခွင့်ပြုပါတော့
ချစ်ရတဲ့သူရယ်...............

0 comments:

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.