""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Monday, June 15, 2009

♥♥ချစ်မိသူ၏အရှုံး♥♥

♥♥ချစ်မိသူ၏အရှုံး♥♥

ချစ်သူ=======မင်းကိုချစ်နေပြီလို့ 
ငါထပ်မယူဆချင်တော့ပါဘူး
ငါ့အာရုံကမင်းထွက်သွားဖို့ 
မကြိုးစားနိုင်သရွေ့ 
ငါထပ်ရှုံးနိမ့်အုံးမှာပါပဲ..........
ချစ်သူ========ငါမင်းကိုမမုန်းပါဘူး
သည်းမခံနိုင်တာက
မင်းရဲ့ ဥပေက္ခာပြုမှုတွေကြောင့်ပါပဲ..........
ချစ်သူ========မင်းရှောင်လွှဲတဲ့လမ်းတွေမှာ
ငါရှိနေတာ ငါမကျေနပ်နိုင်တာပါ...........
ချစ်သူ========ငါပြေးထွက်ခဲ့မိတယ်
ခံနိုင်ရည်မရှိတဲ့ငါ့နှလုံးသားက
ဝမ်းနည်းမှုတွေ
မျိုသိပ်ရင်းခိုင်းရင်းနဲ့ 
မင်းနဲ့ ဝေးရာထွက်ပြေးဖို့ ဖြစ်လာခဲ့တာပါ..........
ချစ်သူ========မင်းသိဖို့ မလိုပါဘူး အချစ်ရှိရာငါ့မျက်ဝန်းကို
မင်းနဲ့ မဆုံနိုင်အောင် ကြိုးစားဖို့ အမိန့်  ငါချသင့်ပြီ.......
ချစ်ရတဲ့သူရေ...ဝေးပြီပေါ့ကွာ...ငါဆွေးနေမှာပါ...
အဲဒါကချစ်မိတဲ့သူရဲ့ အရှုံးပေါ့ကွာ...
အနိုင်ရတဲ့မင်းကတော့ပျော်နေမှာပေါ့ကွာ....ချစ်ရသူရာ.....
မင်းပျော်ရွှင်ဖို့  ငါ့နှလုံးသားကို စတေးပေးပါ့မယ်..........

0 comments:

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.