""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Saturday, June 13, 2009

ဖတ်ဖြစ်သောစာအုပ်လေးမှ စိတ်ဝင်စားစရာလေးတွေ

(၁) ထောလပတ်ရွက် ဖြင့်ဆံပင်နက်အောင်လုပ်နည်း။
အရွက်လက်တစ်ဆုပ်စာကို ရေစင်စင်ဆေး၊ငရုတ်ဆုံနဲ့ထောင်းရတယ်၊
ညက်အောင်ထောင်းပြီး စုယူ၊ပြီးတော့ ပန်းကန်တစ်ချပ် ခံပြီးအရေညှစ်ယူရပါတယ်။
ရေစက်လက် အရွက်ဆိုတော့ အရည်များများရပါတယ်။ အရည်နဲ့အရောင်က အစိမ်းရင့်ရင့်ပါ။
အဲဒါရပြီဆိုတော့ အုန်းဆီစစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးတစ်ဝက် လောက်ရောထည့်။
(အုန်းဆီမရလည်း ပဲဆီထည့်လို့ဖြစ်ပါတယ်။ အုန်းဆီက မွှေးတယ်ပေါ့)

ပြီးရင် သမအောင်မွှေပြီး ဆံပင်ကို အမြစ်ကစ လူးရတယ်။ သွားပွတ်တံလေးနဲ့
ဘီးဖြီးသလို လိမ်းလို့ရပါ တယ်။ဦးရေထဲ ၀င်အောင် ဖိရင်ပိုကောင်းပါတယ်။
အရေပြားထဲလက်နဲ့ဖိရင် အကောင်းဆုံးပဲတဲ့။ အဲဒီ အစိမ်းရင့်ကို လိမ်းလိုက်တဲ့အခါ
ဆံပင်ဟာ စိမ်းမလာဘဲ မည်းသွားပါရော။
ပထမတစ်ပတ်တစ်ခါ ခေါင်းလျှော်ပြီးတိုင်းလိမ်းတယ်။နောက်ပိုင်း တစ်ပတ်နှစ်ပတ်နေမ
ှ လိမ်းမယ်။ မျက်ခုံးမွှေးနည်းလို့်ဆိုရင်လည်း သွားပွတ်တံလေးနဲ့ ဆွတ်ပြီးလိမ်းပေးပါ။ ဆံပင်ပါးနေတယ်ဆိုရင်လည်း အဲဒီအရည်နဲ့ ပွတ်ပွတ်ပေးပါ။
(၂) နှိပ်နယ်ခြင်း အတတ်ပညာ
နှိပ်နယ်ခြင်းဟာ Indiaနိုင်ငံရဲ့ လူမှုအသိုင်းအ၀ိုင်းကြားမှာ နေ့စဉ် အသုံးပြုနေတဲ့
ရောဂါကာကွယ်ခြင်းနဲ့ ဆေးကုသနည်း တစ်မျိုးဖြစ်ပါတယ်။India နိုင်ငံသားအားလုံးနီးပါး
နှိပ်နယ်ခြင်းအတတ်ကို တတ်မြောက်ကြ တယ်လို့တောင် ဆိုနိုင်ပါတယ်။
မွေးကင်းစအရွယ်ကစလို့ မိခင်က သူ့ရဲ့ရင်သွေးကို နှိပ်နယ်ပေးတဲ့ အလေ့ ရှိပါတယ်။
ဆယ်ကျော်သက်အရွယ် ကလေးများကလည်း မိဘဘိုးဘွားများကို ပြန်လည်နှိပ်နယ်ပေးကြတဲ့ အလေ့အထမျိုးကို သားစဉ်မြေးဆက် ကျင့်သုံးလာကြတာ ဖြစ်ပါတယ်။
Indiaနိုင်ငံမှာ ရောဂါဝေဒနာတွေကို ကုစားကာကွယ်ဖို့အတွက်
အာယုဗေဒကုထုံး(ayurveda)နဲ့
အူနာနီ ကုထုံး(unani)များကို အဓိက အားထားကြပါတယ်။အာယုဗေဒကုထုံးနဲ့
အူနာနီကုထုံးတွေမှာ ဆေးပေးပြီး ကုသတာအပြင် နှိပ်နယ်ခြင်းကိုလည်း ကုထုံးတစ်ရပ်အဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ နှိပ်နယ်ပေး ခြင်းက ရောဂါဝေဒနာများမဖြစ်ပွားအောင်
ကာကွယ်ပေးနိုင်သလို သွေးလည်ပတ်မှုအားကို ကောင်းစေပြီး စိတ်နဲ့ ရုပ်ခန်ဓာတ
ို့ ဆက်သွယ်မှု ဟန်ချက်ကိုပါ သဟဇာတဖြစ်စေတယ်လို့ ယူဆထားပါတယ်။
နှိပ်နယ်ပေးခြင်းနည်းလမ်းတွေထဲမှာ ပြေလျော့အောင် ညင်သာစွာပွတ်သပ်နှိပ်နယ်ခြင်း၊
လန်းဆန်းတက်ကြွ အောင် ခပ်သွက်သွက်နှိပ်နယ်ခြင်း၊သွေးပူအောင် ပွတ်တိုက်ဖျစ်ညှစ်ခြင်းမျိုးတွေပါဝင်ပါတယ်။ဒါ့အပြင် ခန်ဓာကိုယ် အနှံ့အပြားမှာ
ရှိနေတဲ့ ဖိအားပေးပြီး ဖိနှိပ်ပေးရတဲ့ နှိပ်ကွက်များကို ဖိနှိပ်ပေးခြင်းမျိုးတွေကအစ ပါဝင်ပါတယ်။ နမူနာအနေနဲ့မင်္ဂလာပွဲမတိုင်ခင် သတို့သားသတို့သမီးတွေကို နှိပ်နယ်ပေးပုံအား ရေးပေး လိုက်ပါတယ်။
(၄) မင်္ဂလာပွဲအတွက် နှိပ်နယ်နည်း(Indian Bridal Massage)
Indiaမှာ မင်္ဂလာဆောင်မယ့် ၁၀ရက်အလိုလောက်ကစပြီး နေ့စဉ် သတို့သမီးနဲ့
သတို့သားတွေကိုနှိပ်နယ် ပေးတဲ့ ရိုးရာအလေ့အထ ရှိပါတယ်။ သတို့သမီးရဲ့ စိတ်ကို
တည်ငြိမ်စေပြီး အသားအရေကို တောက်ပ ၀င်းလဲ့စေကာ သတို့သားရဲ့ အားမာန်တက်ကြွမှုကို အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။ဆေးဖက်ဝင် အပင်များ၊ အမွှေးအကြိုင်များနဲ့
စံပယ်ပန်းကနေ ထုတ်နုတ်ယူထားတဲ့ မွှေးရနံ့ဆီများ ရောစပ်ပြီး ကြိတ်ထား တဲ့(ubtan)အပ်တန် အနှစ်ပျော့ပျော့များကို သတို့သမီး အားလိမ်းကျံပေးကြတာဖြစ်ပါတယ်။ လိမ်းကျံတဲ့ အခါ အရေပြားထဲစိမ့်ဝင်ပျံ့နှံ့အောင် ပွတ်သပ်ဆုတ်နယ်ပေးရ ပါတယ်။ အပ်တ်(ubtan)
အနှစ်ပျော့တွေ ထဲက အရည်များ အရေပြားထဲ စိမ့်ဝင်သွားလို့ အနှစ်ပျော့ပျော
့ခြောက်သွေ့သွားတဲ့အခါ အနှစ်ပျော့ပျော့ တွေကွာကျလာအောင် ဆက်ပြီး
ပွတ်သပ်ဆုပ်နယ်ပေးရပါတယ်။ပြီးမှ ရိုးရိုးရေနဲ့ဖြစ်စေ၊ နှင်းရည်နဲ့ဖြစ်စေ
တစ်ကိုယ်လုံးကို ရေဖက်သုတ်ပြီး သန့်စင်ပါတယ်။ ဒီလို နှိပ်နယ်မှုခံယူအပြီးမှာတော့
အသားအရေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး နူးညံ့ပျော့ပျောင်းကာ တောက်ပ၀င်းလဲ့လာပါလိမ့်မယ်။
(၅) အပ်တန်(Ubtan)ရောစပ်ပြုလုပ်နည်း (Ubtan blend)
ဂျုံမှုန့်ဇွန်းကြီး - ဇွန်းကြီး လေးဇွန်း(တစ်ကိုယ်လုံး လိမ်းကျံပေးရန်အတွက်)
နှမ်း(ကြိတ်ပြီးသား အမှုန့်) - ဇွန်းကြီး နှစ်ဇွန်း
နနွင်းမှုန့် - ဇွန်းကြီး တစ်ဇွန်း
ပဲနံ့သာစေ့ - ဇွန်းကြီး တစ်ဇွန်း
မုန်ညှင်းစေ့(ကြိတ်ပြီးသားအမှုန့်) - ဇွန်းကြီးတစ်ဇွန်း
နှမ်းစေ့ - ဇွန်းကြီး သုံးဇွန်း
မုန်ညှင်းဆီ - ဇွန်းကြီး တစ်ဇွန်း
ဂျုံအနှံဆီ -ဇွန်းကြီးတစ်ဝက်
စံပယ်ရနံ့ဆီ -၁၀စက်
နံ့သာဖြူ ရနံ့ဆီ -၅စက်
အားလုံးကို မွတ်ညက်နေတဲ့ အနှစ်ပျော့ပျော့အဖြစ် ရရှိအောင် ရောစပ်ပေးပါ။
(၆) ကော်ဖီရဲ့ နောက်ခံသမိုင်းကြောင်း
အီသီယိုပီးယန်းလူမျိုး(Ethiopian)ဆိတ်ကျောင်းသမားလေးက စခဲ့တာပေါ့။
သူ့နာမည်ကို တစ်လုံးအဖျား ဆွတ်ခေါ်ရင် “အင်ဒီ”လို့ခေါ်ပါသတဲ့။
အရိပ်ကောင်းတဲ့ အပင်တစ်ပင်ပင်အောက်မှာ နားနေရင်း သူ့ဆိတ်တွေကို
လွှတ်ထားလေ့ရှိပါတယ်။ အဲဒီ အပင်တွေထဲက အနီရောင်အသီးကလေးတွေ
ဝေနေတတ်တဲ့ ဘယ်ရီ(Red Berries)ပင်တွေဟာ နောင်သူ့ အရွက်တွေ
အသီးတွေနဲ့ စမ်းသပ်မှုတွေ လုပ်တဲ့အခါ အတော်သဘာဝကျတ
ဲ့ “Goatus Ethiopicus” ဆိုတဲ့ ရုက်ခဗေဒ အမည်ကိုတောင် ပေးခဲ့ရသတဲ့။
ပြန်စပြောရရင် အင်ဒီကျောင်းနေတဲ့ ဆိတ်တွေဟာ အပင်တွေလွတ်ရာ
ကွင်းပြင်ဘက်ထွက်ပြီး အတော် တက်တက်ကြွကြွ ခုန်ပေါက်ပြေးလွှားနေတာမြင်ရပါလေရော။
ခါတိုင်းနဲ့ မတူအောင်ကို သွက်သွက် လက်လက်ဖြစ်နေကြတယ်။ အင်ဒီအံ့သြမိတာပေါ့။
တောရိုင်းanimals တစ်ကောင်ကောင်ကို တွေ့ပြီး ချောက်ချောက်ချားချား ဖြစ်ကုန်ကြတာလားဆိုတာတွေးတယ်။ ကိုယ်တိုင်ထကြည့်အကဲခတ်တော့ ဆိတ် တွေဟာ အန်တရယ်တစ်ခုခုကြောင့် ဟုတ်ဟန်မတူဘဲ မြူးထူးပျော်ရွှင်နေတာမျိုး တွေ့နေရတယ်။
ဘာကြောင့်လဲ ..အနီရောင် အသီးလေးတွေနဲ့ ဆက်စပ်မှုရှိနေသလား၊ကိုယ်တိုင်
လက်တစ်ဆုပ်စာ ဘယ်ရီသီးနီနီလေးတွေကို ၀ါးပြီးမျိုချကြည့်တယ်။ ဘယ်လောက်မ
ှ မကြာခင် ထူးခြားတဲ့ အာရုံတစ်ခုကို သူခံစားမိလိုက်တယ်။ဒါတွေ ၀ါးမိစားမိတဲ့ဆိတ်တွေ
ဘယ်တုန်းကနဲ့မှ မတူအောင်မြူးနေကြတာ ဒါကြောင့်ကိုး။
ဒီလု နောက်ခံဖြစ်ရပ်မျိုးနဲ့ ကော်ဖီဆိုတာပေါ်လာတာပါ။ ခရစ်နှစ်တော်တော်
စောစောမှာပဲ ကော်ဖီဟာ အီသီယိုပီးယားက စတင်တယ်လို့ဆိုပါတယ်။
တခြားအယူအဆတစ်ခုကလည်း အာရေဗျ(Arabia)နိုင်ငံမျိုး ကစတယ်လို့ဆိုပြန်ပါတယ်။
ဘာကြောင့်ဆို အာရေဗျလူမျိုးတွေဟာ ဒီကော်ဖီစေ့တွေကို သူတို့နိုင်ငံမှအပ ဘယ်နိုင်ငံကမှ မစိုက်မပျိုးနိုင်အောင်၊ဘယ်ကိုမှ မပျံ့နှံ့အောင် ထိန်းချုပ်ထားခဲ့တဲ့ အကြောင်းရှိခဲ့လို့ပါပဲ။
သို့သော်လည်း ၁၆၉၀ပြည့်နှစ်ထဲမှာ ဒတ်ခ်ျတွေက ရုက်ခဗေဒဥယျာဉ်တွေအတွက်
ပျိုးပင်အချို့ရရှိသွားကြ တယ်။တစ်ဆင့်တစ်ဆင့် ဂျာဗားမှာရော ဥရောပနိုင်ငံ
ပြင်သစ်စတဲ့နိုင်ငံတွေဆီ ရောက်ကုန်ပါလေရော။ တောင်အမေရိကတိုက် အထိပျံ့နှံ့ခဲ့တယ်ဆိုပဲ။ မူရင်းနိုင်ငံတွေက ဘယ်လိုပဲကန့်သတ်ထိန်းချုပ်နေစေဦး တော့ လာဘ်မြင်တဲ့
ဘရာဇီး လူမျိုးသံတမန်တွေက တစ်ဆင့် ဘရာဇီးနိုင်ငံအထိပေါက်ရောက်ပြီး
ဘရာဇီး ကော်ဖီလုပ်ငန်းဆိုတာ မွေးဖွားလာတဲ့အထိပါပဲ။အမှုန့်ကြိတ် ပြင်ဆင်ထုပ်ပိုးရောင်းချကြပေါ့။
ကနေ့မှာဖြင့် Indiaအနောက်ပိုင်း၊ဂျာဗား၊တောင်အမေရိကနဲ့ အာဖရိကမှာပါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေ လေပြီ။နိုင်ငံတကာ ရောင်းကုန် ထုတ်ကုန်အဖြစ် တွင်ကျယ်နေရာယူနေလေပြီ။
(၇)မျက်လုံးအားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့နည်း
ိဒီနည်းလေးကို မေတ္တာရှင် (ရွှေပြည်သာ) ရေးတဲ့ စာရိတ်တ သတ်တိ ဆိုတဲ့
စာအုပ်လေးက ရတာပါ။
ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ဘဲ ခြေထောက်
နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးပါ။
ဒါက တစ်ကိုယ်လုံး ပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ။
ပြီးရင် ချက်ချင်းမျက်နှာမသစ်ရသေးပါဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့
အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီး လကိနှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်။
အောက်ချလိုက်နဲ့ အနည်းဆုံး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါ။
ပြီးရင် တက်နေတဲ့ ဇက်ကြောတွေ လျော့သွားအောင် ခေါင်းကိုနောက်ကျောဘက် ရောက်နိုင်သလောက်လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက်ငုံ့ပေးပါ။
ဒါကလည်း အကြိမ်၂၀လောက် ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာအခါ ၂၀လောက် လှည့်ပေး။
ပြီးမှ မျက်နှာသစ်။ ပါးစပ်ကို ပိတ်ထားရမယ်တဲ့။ သစ်ပြီး မျက်နှာကိုသုတ်။
ပြီးတော့မှ သွားတိုက်ပါတဲ့။
ဒီနည်းက သွားကိုက်ရောဂါကို ကြိုတင်ကာကွယ်တဲ့နည်းပါ။
စိတ်ပါဝင်စားသူများ စမ်းသပ်ကြည့်ပေါ့ဗျာ။
ကြာကြာလုပ်နိုင်လေ ကောင်းလေပါပဲ။
မှတ်ချက်=ကျွန်တော်ကိုကျော်ကျော်ရေးတာလေးကိုပြန်ပြီး
ရေးသားတင်ပြလိုက်တာပါ

0 comments:

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.