""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Tuesday, July 28, 2009

မစိုက်သောသစ်ပင်

ဖိနပ်နှစ်ဖက်
တစ်မြို့ စီဝေးနေသလိုပေါ့...
တံစက်မြိတ်အောက်က
ရေအိုးမှာတောင်
အလွမ်းတွေနဲ့ ပြည့်လျှံနေပြီ...
မိုးတွေက
မေးခွန်းတွေလိုရွာနေတော့
ဘဝဆိုတာက
မိုးရေထဲမှာ ပျံတဲ့ဌက်လိုပါပဲလေ
ကိုယ့်သစ်ပင်မှာ နားစေချင်ပေမယ့်
ကိုယ့်မှာပြတင်းပေါက်မရှိတဲ့နေ့ တွေ
ဘယ်ဆီကမှအဖြေမပေးဘူး....
အစိမ်းရောင်မျက်နှာကျက်နဲ့ 
ကောင်မလေးရေ
ချစ်ခြင်းမေတ္တာတရားတို့ 
ခေါင်းငုံ့ ခံရာ
ငါ့ဖိနပ်ကိုတောင်အားနာတယ်....

3 comments:

မချစ်ရ said...

ပထမဆုံးလာဖတ်ပါတယ်

Angel Shaper said...

ဟိ... ဒုတိယ။
ပြတင်းပေါက်မရှိတဲ့ နေ့တွေအတွက် အောက်ဆီဂျင်လေး ဆောင်ပေးထားပေါ့။ ဟိဟိ
ပျော်ရွှင်ပါစေနော်။

မျက်မှန်လေး said...

အားမနာနဲ့နော်။ဘာမှအားနာစရာမလိုဘူး
ဒီဖိနပ်ကို အဟီး

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.