""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Monday, July 27, 2009

မသိစိတ်

ဆုံမိတဲ့ မျက်ဝန်း
နူးညံ့တဲ့ အပြုံး
နွေးထွေးတဲ့ နှုတ်ခမ်း
ငါ့အသွေးအသားကို ထိုးဖောက်
ငါ့နှလုံးသားကို ဓါးစာခံ
မင်းအပြစ် ကင်းစင်ခြင်းနဲ့ 
ခါးသီးစွာ မြတ်နိုးရင်း
ငါဟာမင်းရဲ့  ကြိုးဆွဲရာ အရုပ်တစ်ခုပါ..
သိစိတ်ကိုဖယ်ရှား
မသိစိတ်ကို ဝန်းကျင်
ငါ့ခန္ဓာလည်ပတ်
မင်းပဲ့ကိုင်သမျှ
မောင်းခုတ်ဖြတ်သန်း
မင်းဟာငါ့ရဲ့ 
အိမ်မက် ဦးတည်ရာပါကွာ...

3 comments:

Angel Shaper said...

မသိစိတ်လေး လာချောင်းတာ...အဟဲ။
ခံစားချက်လေးက ပြင်းထန်တယ် တကယ်။
နည်းနည်းတော့ လျော့ပေါ့။
သူက ဒါတွေကြောက်လို့ ပြေးတာလားမှ မသိတာ။
အဟီးးးးးးး
အရမ်းကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ပါ။
သူငယ်ချင်းရေ......
ဆက်ကြိုးစားနော်။ အားပေးနေမယ်။
အောင်မြင်ပျော်ရွှင်ပါစေ။

Unknown said...

သိစိတ်ကိုဖယ်ရှား
မသိစိတ်ကို ဝန်းကျင်
ငါ့ခန္ဓာလည်ပတ်
မိုက်တယ်ဗျာ ;P
လာဖတ်သွားပါတယ်ဗျာ.။

ဂျာမုန်းဒန် said...

ကဗျာလေးကိုဖတ်ရင်း
ကြိုက်စားသွားပါတယ်ရှင်။
နောက်ထပ်လာဖတ်အုံးမယ်။
ရေးအုံးနော်။
ခင်တဲ့
မိမုန်း

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.