""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Wednesday, July 29, 2009

ကြီးမြတ်သော

♥အဲဒီ
ပန်းနုရောင်မျက်လုံးလေးကို
ဆုံနိုင်ဖို့ လေးတောင်မှ
အသည်းကမခိုင်တော့လေ..........။
♥စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ ပဲ
နေရောက်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ..........။
♥သိစေချင်ပါတယ်
ရင်ထဲကအမြုတေ နှလုံးသားမှာ
သူသာအမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာ.........။
♥နားလည်စေချင်ပါတယ်
စိတ်ကုးအိပ်မက်တွေရဲ့ 
တစ်ကိုယ်စာအချစ်နဲ့ အလွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ..........။
♥မပြောချင်တော့ဘူး
အဲဒီလို
တနုံ့ နုံ့ အတွင်းကြေနေရတဲ့
ဆွံ့ အနားမကြားနှလုံးသားရဲ့ 
ကြီးမြတ်သောအချစ်ကို..................။


1 comments:

ဝက်ဝံလေး said...

ကဗျာလေးတွေ ကြိုက်တယ်ကွာ အဲလိုစပ်တတ်တာကို ချီးကျူးတယ်

တခုပြောချင်လို့ ရူးသွပ်ခြင်း ကဗျာ သုံးမယ်လို့ပြောထားတာ မှတ်မိလား တို့လေ ဘယ်လိုမှ ဇာတ်လမ်းဆင်လို့မရဘူးရယ် ဖူးးးးးးးးး တို့သိပ်ညံ့တယ် အဲဒီ ကဗျာလေး သုံးချင်ပါတယ် ဆိုမှ ရေးလိုက်ဖျက်လိုက်နဲ့ အချိန်တွေ သာ ကုန်သွားတယ် အိုင်ဒီယာ ကောင်းကောင်းမရဘူး ဆော်တီးနော် တို့မသုံးနိုင်တော့ဘူး တကယ် ခွင့်တောင်းပြီးကာမှ လာပြောရတာ အားနာတယ် ကိုယ့်ကိုယ်ကိုလဲ မကျေမနပ်ဖြစ်တယ်

ဘိုင် တာ့တာ

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.