""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Saturday, July 25, 2009

ရူးသွပ်ခြင်း

မမျှော်လင့်ဘူးပြောပေမယ့်
ရင်ထဲတစ်နေရာက
တိုးတိတ်စွာမျှော်လင့်မိပါတယ်...
မရနိုင်ဘူးပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာလိုချင်မိပါတယ်....
မဖြစ်နိုင်တော့ဘူးဆိုပေမယ့်
အသည်းတစ်နေရာက
မဝံ့ရဲစွာတောင်းတနေမိတယ်....
မဆုံနိုင်တော့ဘူးထင်ပေမယ့်
နှလုံးသားရဲ့ ....
အနက်ရှိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ...
ဆုံနိုင်ခွင့်ကိုတမ်းတရင်း.....


3 comments:

မေဇင် said...

ကဗျာလေးကြိုက်တယ်...း) ၊ ဟုတ်တယ်...ရူးသွပ်ခြင်းတွေ ကိုယ်စီရှိကြတယ်..။

ဝက်ဝံလေး said...

ဟဟ ကြိုက်တယ် အဲဒါ လေး ကူးသွားပြီနော် သိလား စိတ်မဆိုးဘူး မလား ဟိဟိ

ကဲရေတိုက်ပါတယ်နော် စီဘောက်ရှာရတာ မောသွားလို့ဆို ဟားးးးးးးးဟားးးးးးးးးးးးးး

s said...

ကဗျာလေးကြိုက်တယ်သိလား ။ ရိုးရိုးရှင်းရှင်း ထိထိမိမိ လေး

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.