သူငယ်ချင်း
မှီတွယ်ရာမရ
လဲကျတဲ့နွယ်ပင်
နင်ထောက်ကန်စင်းထိုးပေးခဲ့တယ်....
ပျော်ရွှင်စရာမရှိ
အားချိတဲ့မျက်ဝန်း
နင့်ကြောင့်ရယ်သံစွန်းခဲ့တယ်......
အလင်းရောင်မဲ့
အားယဲ့ယဲ့မျှော်လင့်ချက်
နင်လမ်းပြအသက်ဆက်ပေးခဲ့တယ်....
ကျလုဆဲမျက်ရည်
လေပြည်လိုစကားသံမျိုးကြောင့်
မျက်ရည်မိုးတွေတန့် ခဲ့တယ်
သူငယ်ချင်း.........
နင်ကငါ့ရဲ့ မျှော်လင့်ခြင်း
နင်ကငါ့ရဲ့ ပျော်ရွှင်ခြင်းပေါ့ကွယ်.....


0 comments:
Post a Comment