ကြေးမုံတစ်ချပ်ရဲ့ ကြေကွဲသံစဉ်
ငါလိုကြေးမုံတစ်ချပ်ကို
လိုသလိုကြည့်
ငါ့အရိပ်နဲ့ထင်ပေါ်
အလင်းပြန်နိယာမတွေတွက်ချက်ပြီး
အသုံးမလိုတော့မှ
ဒီမှန်စုတ်ကို
စိစိညက်ညက်ကြေအောင်
ရိုက်ခွဲလဲ
ငါစိတ်မဆိုးပါဘူး..
ဒါပေမဲ့
ငါ့ရဲ့ပြဒါးမှုန်များကို
အန္တရာယ်ရှိတယ်ဆိုပြီး
အားလုံးကိုသိမ်းကြုံး
အမှိုက်ပုံးထဲတော့မထည့်လိုက်ပါနဲ့
Recycleလုပ်မှာကြောက်လွန်းလို့ပါ

0 comments:
Post a Comment