နှစ်ဦးသားဘဝမှာ
မသေချာတဲ့မနက်ဖြန်တစ်ခုက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
ငါရှာမိတယ်..
ဒီအချိန်မှာ
ငါ့ရဲ့ အမြဲတမ်းမိတ်ဆွေကတော့
အထီးကျန်လှတဲ့ဘဝမှာ
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လဲ
ငါ့ရဲ့ အိပ်စက်ခြင်းတွေသူဖျက်စီးလို့ 
အိပ်ပျက်ညတွေသူဖန်တီးတယ်
တရေးတမှိတ်အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်းအိပ်မက်ဆိုးတွေ
သူလက်ဆောင်ပေးပြန်တော့
အလူးအလဲပေါ့
ရက်စက်စွာပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောင်တန်းများ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမပိုင်ဆိုင်ပေမယ့်
မင်းကိုချစ်တဲ့အချစ်များကြောင့်
စမ်းတဝါးဝါး မနက်ဖြန်တွေထဲက
ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသောမနက်ဖြန်ကိုမျှော်လင့်ရင်း

1 comments:
ရောင်စဉ်ကွယ်ဝှက်တဲ့ မနက်သစ်တစ်ခုမှာ
ချစ်သူကိုတမ်းတ လွမ်းရတာဖွေကြာ ..
အနေဝေးလို့ တစ်ကယ်အလေးပေးရအောင်
ငါ့ကမ္ဘာငယ်က အမှောင်အတိနဲ့
ဘောင်ဘင်ခတ်နေတဲ့ ညည့်နက်ညရဲ့
ကန်ရေပြင်လိုပဲ ..
လျှပ်ကနဲအလင်းကို ဆောင်ကျဉ်းလို့ပေါ့ ..
အိပ်ပျက်ညတွေမှာ နိမိတ်ဖတ်အာရုံရဆို
ချစ်သူရယ်.. ငါ့အတွင်းစိတ်မှာ
မင်းအရိပ်က ရှင်သန်ခြင်းဆို
နှလုံးသားတစ်ထောင့်ရဲ့
ဝေးကွာခြင်းမူမှာ ငါဟာစီရင်ချက်ချသူလား ..
ရင်ခုန်သံတိုးတိတ် အချစ်စိတ်ဟာပီပြင်တယ်ဆို
ငါဟာ .. သံသရာလမ်းကို လျှောက်လှမ်းရင်း
ခလုတ်အတိုက်မှာ အနေခက်သလို
ကြွေဆက်စေမယ့်
မင်းအတွက် ဖန်မီးအိမ်ပါ ..။
အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..။
စိတ်ထဲ ကဗျာဖတ်ရင်း အတွေးရလိုက်တဲ့အတိုင်း
ချရေးသွားတယ် ..။
တန်ဘိုးထားလျှက်
idulize (အရုပ်ကလေး)
Post a Comment