""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Sunday, July 19, 2009

အာဇာနည်နေ့ ဆန္ဒ

ငုံ့ ညီပြောင်ဝင်း ၊မောင်သစ်ဆင်း
မင်း၏သားနှင့်၊ပြောချိန်သင့်ပြီ
လွတ်ခွင့်ရန်၊လွတ်စည်တီးမှ
ဖျက်ဆီးကြံရွယ်၊အန္တရာယ်သည်
မဖွယ်မရာ၊တို့ ပြည်ရွာ၌
ပေါ်လာမကောင်း၊ပေါ်လာကြောင်း
ဖျက်ဆီးကြံရွယ်၊အန္တရာယ်တည့်
နယ်ချဲ့ သွေးထိုး၊ဒေါသအိုးသည်
တိုင်းကျိုးလိုလို၊ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲဝိုက်၊မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း၊မိုက်ခဲ့ကြောင်း
အမိုက်ကမ်းနက်၊သူ့ အသက်ကြောင့်
လွတ်မှုကြိုးပမ်း၊ခုလတ်လမ်းတွင်
ဆန်းတို့ တစ်စု၊တိုင်းပြည်ပြုတို့ 
မရှုမလှ၊ကြွေလိုက်ရသည်
ကျခဲ့မကောင်း၊ကျခဲ့ကြောင်း
ငါ့ညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်းကပြန်ပြောင်း၊မင့်သားကောင်းကို
အကြောင်းစုံသိ၊မင့်ဝန်ရှိ၏
ရှိပါသကဲ့၊သူ့ စိတ်ထဲ၌
တိတ်စွဲသောက၊စွဲဒေါသကို
မကြွစေချင်၊ပြေစေချင်၏
ပညာအသိ၊သတိဖြစ်ရေး
အတွေးမှန်ကန်၊နိုင်ငံလူထု
ကိုသာရှု၍
ပြုစေချင်၏၊ပြုပါဘိ။
(ကဗျာဆရာဇော်ဂျီရေးထားသောကဗျာလေးကိုမျှဝေလိုက်တာပါ)
အမြဲအမှတ်ရကြပါစေဗျာ


0 comments:

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.