""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Saturday, June 13, 2009

ခံစားဖူးမှရူးတယ်ဆိုတာသိပါလိမ့်မယ်

ခံစားဖူးမှရူးတယ်ဆိုတာသိပါလိမ့်မယ်
အရှုံး . . . . ၊
ခါးသီးတယ်
နားညီးတယ်မပြောပါနဲ့
ဘယ်သူရှုံးချင်မှာလဲ
မပြိုင်ရဘဲ ရှုံးခဲ့ရတာလဲ
အရှုံးပါဘဲ။

အရှုံးသမားဟာ
ပေါက်ကွဲမယ်
အမှားအမှန်
ကျားကန်မထားဘူး၊
ဆူး
ချောက်
မကြောက်ဖူးချစ်သူ၊
ခလုတ်
ကန်သင်း
နင်းရဲတယ်ချစ်သူ။

သိပ်ချစ်တယ် ချစ်သူရေ
စိတ်ညစ်တယ်မပြောပါနဲ့
တစ်ဘက်သပ်အချစ်
ခံစားဖူးမှ
ရူးတယ်ဆိုတာ
သိပါလိမ့်မယ်။

0 comments:

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.