ပြန်လာပါ
မမျှော်လင့်ပါနဲ့ တော့
ရှင့်ဆီပြန်မလာတော့ပါဘူး
ရက်စက်စွာပြောခဲ့သူ..............
အခုတော့..........
ဘယ်ရင်ခွင်မှာ ပျော်ရွှင်နေလဲ
ဘယ်သူကများ မင်းလက်ကို
ကိုင်ဆောင်ထားလဲ.......။
တစ်ချိန်ကငါ့ရင်ခွင်မှာ
မှီနွဲ့ ဘူးတဲ့ ပခုံးတစ်စုံ
အားကိုးစွာကိုင်ဆုပ်ခဲ့တဲ့
နွေးထွေးဆဲလက်တစ်စုံ
ရူးသွပ်စွာငါမျှော်လင့်နေဆဲ.........။
ချစ်သူ..........
တစ်ချိန်ကရှိဘူးတဲ့
ခိုင်မာတဲ့သံယောဇဉ်နဲ့ 
ငါ့ဆီပြန်လာပါတော့နော်.........။ ။

0 comments:
Post a Comment