""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Thursday, July 9, 2009

မျဉ်းတုံးတိုပေါက်စနလေးနဲ့ အလျားအတာ

ဒီတစ်ခါတော့ဘာရေးရမှန်းမသိတာနဲ့ 
ဆရာ အတ္တကျော်ရေးသားတဲ့
မျဉ်းတုံးတိုပေါက်စနလေးနဲ့ အလျားအတာ
ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ 
ဝတ္ထုတိုလေး
တစ်ပုဒ်ကိုတင်လိုက်ပါတယ်ဗျာ
ကြိုက်ကြမယ်လို့ ထင်ပါတယ်...

မိတ်ဆွေတစ်ယောက်ရဲ့  အသုဘအခမ်းအနားမှာရပ်ပြီး
စကားပြောတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးအကြောင်း
ဖတ်လိုက်ရရာကနေ သည်အတွေးလေးပေါ်လာတာပါ..
အဲသည့်ဘုန်းတော်ကြီးက အုတ်ဂူကျောက်ပြားပေါ်မှာ
ရေးထားတဲ့နေ့ စွဲတွေကို အစကနေ
အဆုံးရည်ညွှန်းကိုးကားသွားသတဲ့..
ပထမဆုံး နေ့ စွဲကတော့ မွေးနေ့ ကိုဖော်ပြတာဖြစ်ပြီး
နောက်နေ့ စွဲကတော့ကြေကွဲဖွယ်ရာ
နေ့ တစ်နေ့ ပါပဲတဲ့...
ဒါပေမယ့် အဲသည့်နေ့ နှစ်နေ့ ကြားထဲမှာ
အရေးကြီးဆုံးကတော့ အဲသည့်နေ့ စွဲနှစ်ခုကြားမှာ
ခံထားတဲ့ မျဉ်းဖြောင့်တုံးကလေးပါပဲလို့ 
ဘုန်းတော်ကြီးက မိန့် တော်မူပါသတဲ့..
ဟုတ်တာပေါ့..အဲသည်တုံးကလေးဟာ
ဟောသလို (-)သာမညခပ်သေးသေးလေးသာ
ဖြစ်ပေမယ့် အဲသည့်တုံးကလေးဟာ
ကမ္ဘာမြေပေါ်မှာ အသက်ရှင်လျက်နေထိုင်ခဲ့သမျှ
ကာလကြီးတစ်ခုလုံးကိုညွှန်းဆိုဖော်ပြနေတာပဲ
မဟုတ်ပါလား..အဲသည့်မျဉ်းတိုပေါက်စနလေးရဲ့ 
တန်ဖိုးကိုလူတစ်ယောက်သက်ရှိထင်ရှား မရှိတော့တဲ့အခါကျတော့မှ
အဲသည့်လူကိုချစ်တဲ့သူတွေက သိကုန်ကြတော့တာလည်းပဲ
မဟုတ်လားပါလား..
အဲသည့်တုံးကလေးမှာဘယ်လောက်ချမ်းသာခဲ့တယ်...
ကားကဘယ်နှစီး ၊တိုက်က ဘယ်နှလုံး၊ငွေကဘယ်နှကုဋေ
ဆိုတာတွေမရှိတော့ဘူး..အဲဒါတွေနဲ့ လည်း
မျဉ်းတုံးလေးကို မတိုင်းတာဘူး...အဲသည့်မျဉ်းတုံးတိုလေးမှာက
ကျွန်တော်တို့ တွေဘဝကိုဘယ်လိုနေခဲ့တယ်
ဘယ်လိုမေတ္တာထားခဲ့တယ်...တစ်နည်းအားဖြင့် အဲသည့်
မျဉ်းတုံးပေါက်စနလေးကိုဘယ်လိုအသုံးချတယ်ဆိုတာနဲ့ သာ
တိုင်းတာကြစမြဲပါပဲ...
ကိုင်း...ချစ်လှစွာ စာဖတ်သူ လူကြီးမင်းခင်ဗျား..............
ကျေးဇူးပြုပြီး စာအုပ်လေးဘေးချလို့  သေသေချာချာ
လေးလေးနက်နက် စဉ်းစားကြည့်စေချင်ပါတယ်..
လူကြီးမင်းရဲ့  စိတ်ထဲမှာပြုပြင်တော့မယ်
ပြောင်းလဲတော့မယ်လို့  စိတ်ကူးထားတာလေးတွေ
ရှိနေလား....အဲဒါဆိုရင်တော့ အခုပဲစတင်ပြောင်းလဲပါတော့..
ပြုပြင်ပါတော့...အခု လို့ ပြောရတာကိုယ့်အတွက်
အချိန်ဘယ်လောက်ကျန်တယ်ဆိုတာ ဘယ်သူကမှ
ဘယ်တုန်းကမှ ၊ဘယ်သောအခါမှ အတိအကျမသိကြလို့ ပါပဲ..
ကိုယ်ဟာ အဲသည်မျဉ်းတုံးကလေးရဲ့ အလယ်ပိုင်းကိုရောက်ချင်ရောက်နေနိုင်တယ်လေ..
(ဘယ်ဟာက အတု၊ဘယ်ဟာက အစစ်၊ဘယ်ဟာက အမှန်
ဘယ်ဟာကအမှားပိုင်းခြားနိုင်လောက်အောင် ဘဝကို
အေးအေးဆေးဆေး ဖြတ်သန်းနေမယ်ဆိုရင်...)
(တခြားသူတွေ ဘယ်လိုခံစားရမယ်ဆိုတာကို
နားလည်နိုင်အောင် အပတ်တကုပ်အားထုတ်ဖြစ်မယ်ဆိုရင်...)
(ဒေါသတွေ သိပ်မဖြစ်လွယ်ဘဲ ကျွန်တော်တို့ တွေရဲ့ 
ဘဝထဲမှာရှိနေသူများအားလုံးအပေါ်ကျေနပ်တဲ့စိတ်လေးမွေးလို့ 
အရင်က တစ်ခါဖူးမှ မထားဖူးတဲ့မေတ္တာမျိုးနဲ့ 
မေတ္တာတွေ ထားဖြစ်ကြမယ်ဆိုရင်...)
(တစ်ယောက်ကိုတစ်ယောက် လေးလေးစားစားနဲ့ ဆက်ဆံကြမယ်
အပြုံးလေးကိုမျက်နှာပေါ်မှာ တစ်ချိန်လုံး
တင်ထားဖြစ်မယ်ဆိုရင်...)
(သည်မျဉ်းတုံးလေးဟာဖြင့် သိပ်ကြာကြာ ခံမှာမဟုတ်ဘူး
တော်နေကြာ ကုန်သွားနိုင်တယ်ဆိုတာကို
သတိတရနဲ့  မပြတ်နှလုံးသွင်းနေဖြစ်ကြမယ်ဆိုရင်...)
ကျွန်တော်တို့ တွေသေသွားတဲ့ အခါ ကျွန်တော်တို့ နဲ့ 
ပတ်သတ်တဲ့ အဲသည့်မျဉ်းပေါက်စနလေးအကြောင်း
လူအများက ပြောကြဆိုကြတဲ့စကားတွေဟာ
ဘယ်သူ့ နားမှာမှ ခါးနေတော့မှာမဟုတ်ပါဘူးလေ...
ကိုယ်ကတော့သည်စကားတွေကိုကြားတော့မှာ မဟုတ်ပါဘူး....
ဘာအရေးလဲ၊နေချင်သလိုနေတော့ရော
ဘာဖြစ်လဲလို့ စောဒကတက်မယ်ဆိုလည်း
ကျွန်တော့ဘက်ကတော့ဘာမှပြန်ပက်စရာမရှိပါဘုး...
ဒါပေမယ့် ကျွန်တော့်တစ်ဦးတည်းအနေနဲ့ ပြောရရင်တော့
ကျွန်တော်သေသွားပြီးတဲ့နောက်မှာ ကျွန်တော့မျဉ်းတုံးပေါက်စနလေး
အကြောင်းကို လူတွေတောင်တောင်အီအီ ပြောလာရင်
မချိပြုံးလေးနဲ့ နားထောင်နေရမယ့်
ကျွန်တော့်သားသ္မီး၊မြေးတွေရဲ့  မျက်နှာအိုအိုလေးတွေကို
မြင်ယောင်လို့ နေမိပါတယ်...
ကျွန်တော်ကတော့ပြုပြင်တော့မဗျာ...
စာဖတ်သူလူကြီးမင်းများကိုတော့ ကျွန်တော်မတိုက်တွန်းရဲပါဘူး
ဆရာတို့ မှာလည်း ဆရာတို့ သဘောနဲ့ ဆရာတို့ ကြိုက်သလိုရွေးချယ်တတ်ကြတဲ့
ဟာကို....
(အဲဒါကတော့ဆရာအတ္တကျော်ရေးထားတဲ့
မျဉ်းတုံးတိုပေါက်စနလေးနဲ့ အလျားအတာ
အကြောင်းကိုဒီအတိုင်းပြန်ရေးပြလိုက်တာပါ)
စဉ်းစားဆုံးဖြတ်နိုင်ကြပါစေဗျာ.....

1 comments:

flowerpoem said...

ကောင်းလိုက်တဲ့ ပို့စ်လေး တကယ်ကို မှတ်သားထိုက်ပါတယ် အိပ်မက်ကဗျာေ _ လေးကို အကျိုးရှိ၂ အသုံးချမယ်နော်

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.