""အိပ်မက်ကဗျာမှသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ဗျာ။""

Saturday, July 11, 2009

ကမ်းစပ်နဲ့ ရေလှိုင်း

ဒီတစ်ခါတော့ ဆရာအတ္တကျော်ရေးထားတဲ့
"ကမ်းစပ်နဲ့ ရေလှိုင်း "ဆိုတဲ့စာစုလေးကိုတင်လိုက်ပါတယ်
ပုဇွန်တွေမျက်စိလည်၊လမ်းမှားပြီး ကမ်းစပ်ကကျောက်ဆောင်
ကျောက်သားတွေပေါ်ကို ရောက်သွားရင် ရေထဲကို
မပြန်တက်ကြတော့ဘူးဆိုပဲ။
ဟုတ်လောက်တယ်လေ။ပုဇွန်ဆို
ဘယ်ပုဇွန်ပဲဖြစ်ဖြစ် ခြေထောက်မှမပါတာကိုး။
ဒါပေမယ့်သူတို့ ကိုယ်မှာက ငါးတွေလိုပဲရေကူးနိုင်တဲ့
အမြီးလည်းပါတယ်။ကိုယ်ကလည်းကွေးလို့ ဆန့် လို့ 
လှုပ်လို့ ရှားလို့ လည်းရနေတာပဲ။ဒါပေမယ့်သူတို့ ဟာ
အကြောင်းတစ်ခုခုကြောင့် ကမ်းပေါ်ရောက်သွားရင်
ရေထဲကိုပြန်မသွားတတ်ကြတော့ဘူး။သူတို့ တတ်တာက
ရေလှိုင်းကသူတို့ ဆီရောက်လာပြီး ရေထဲ
ပြန်ဆွဲအချကိုငံ့လင့်နေတာဆိုပဲ။
ရေလှိုင်းရောက်မလာဘူးဆိုရင်လည်းရောက်နေတဲ့နေရာမှာပဲ
ပေပြီးနေရင်းသေသွားကြသတဲ့။အမှန်တော့ နည်းနည်းပါးပါးလေးလောက်
အားထုတ်မယ်ဆိုရင် လှိုင်းအရောက်ကိုစောင့်နေစရာမလိုဘူး၊
လှိုင်းဆီကိုရောက်ကိုရောက်သွားလောက်ပါတယ်။
တစ်ခါတစ်လေများဆို လှိုင်းရေကသူတို့ နဲ့ 
ဘယ်လောက်မှမဝေးဘူး၊နှစ်ပေ၊သုံးပေလောက်ကလေးပဲရှိတာ။
ဒါလည်းသူတို့ ကတော့ မလှုပ်ဘူးခင်ဗျ။လှိုင်းတက်အလာကိုပဲ
အသေစောင့်တတ်ကြသတဲ့။
လောကမှာလည်း "ပုဇွန်လိုလူစားတွေ" အများသား။
လူတွေဟာတွေတွေဝေဝေနဲ့ အချိန်ဆွဲပြီးနေနေကြတယ်။
အားလေး၊ခွန်လေးစိုက်ထုတ်လုပ်ကိုင်ကြမယ့်အစား
ရတနာပုံကြီးက ကိုယ့်ဆီကို အလိုလိုဆိုက်လာနိုးနဲ့ 
မျှော်ကိုးနေတတ်ကြပုံကိုပြောပါတယ်။
အမှတ်မထင်ဖတ်လိုက်ရတဲ့ စာပိုဒ်ကလေးတစ်ပိုဒ်ပါပဲ။
"အပိုင်းအစများ"(Bits & Pieces) ဆိုတဲ့စာအုပ်ထဲမှာပါတယ်။
ရေးသူက Orison Swett Marden တဲ့။အဲသည့်စာပိုဒ်လေးကို
ဖတ်ပြီးစဉ်းစားမိသွားရတယ်။
ကံကိုယုံပြီးဆူးပုံနင်းတတ်သူများဟာလှိုင်းအရောက်ကို
ကျောက်ဆောင်ကျောက်ခဲခေါ်၊နေပူကျဲတောက်တောက်အောက်မှာ
ငုတ်တုတ်ကြီးစောင့်နေဖြစ်တတ်တယ်။
အသင်တို့ လည်းဘယ်လိုလူမျိုးလဲဆိုတာကို
တွေးတောစဉ်းစားနိုင်ကြပါစေဗျာ...
အပြည့်အစုံမတင်ပေးလိုက်တာတောင်းပန်ပါတယ်ဗျာ

1 comments:

လသာည said...

ဟုတ်တယ်။ အဲဒါ စဉ်းစားစရာပဲနော်။

Template by : kendhin x-template.blogspot.com
1. 2. 3. 4. 5. 6.