ဒီတစ်ခါတော့ဘာတင်ရမလဲစဉ်းစားရင်းနဲ့ 
ဘလော့ တန်ပလိတ်များပြောင်းချင်သူများအတွက်
ကျွန်တော့မှာရှိတဲ့ ဘလော့တန်ပလိတ်များကိုတင်ပေးလိုက်ပါတယ်
ဒီကောင်လေးတွေ အင်္ဂလိပ် ဘလော့တန်ပလိတ်လေးတွေပါ...
လိုချင်သူများကတော့ အောက်ကပုံကိုကြည့်ပြီး ကြိုက်တဲ့ ဟာကိုယူနိုင်ပါတယ်ဗျာ
ကျွန်တော့ဘလော့တန်ပလိတ်လဲ အဲအထဲက တစ်ခုပါပဲ...
ဒီနေရာလေး မှာယူပါ.. ဒါမှမဟုတ် ဒီနေရာလေး မှာရယူပါ...
ဒီနေရာလေး မှာယူပါ..ဒါမှမဟုတ် ဒီနေရာလေး မှာရယူပါ...
ဒီနေရာလေး မှာယူပါ...ဒါမှမဟုတ် ဒီနေရာလေး မှာရယူပါ...
ဒီနေရာလေး မှာယူပါ...ဒါမှမဟုတ် ဒီနေရာလေး မှာရယူပါ....
ဒီနေရာလေး မှာယူပါ....ဒါမှမဟုတ် ဒီနေရာလေး မှာရယူပါ....
ဒီနေရာလေး မှာယူပါ....ဒါမှမဟုတ် ဒီနေရာလေး မှာရယူပါ...
အဆင်ပြေကြပါစေဗျာ...ဒီကောင်လေးတွေကို ဇစ်ဖိုင်ဖြည်ပြီးတော့ ထွက်လာတဲ့ကောင်လေးကို
Notepad နဲ့ ဖွင့်လိုက်ရင် အထဲမှာကုဒ်လေးတွေရလာပါလိမ့်မယ်...
ပြောင်းသုံးပြီး အဆင်ပြေနိုင်ကြပါစေဗျာ....
♥♥1. ego love♥♥
♥♥2. one sided love♥♥
♥♥3. blind love♥♥
♥♥4. true love♥♥
♥♥Ego love♥♥
ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...
မျက်စိအောက်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....
အဲဒါ ego love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...
သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး..
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီးပြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...
♥♥One sided love♥♥
ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...အရာရာပေးဆပ်နေချင်တယ်...
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာတွေကို
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..မကြာခင်မှာ
ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...
♥♥Blind love♥♥
ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့
အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...
ဒါဆိုရင် blind love
ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးက
ကြာကြာမခံပါဘူး....အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..
♥♥True love♥♥
နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ
မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး....
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....
အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုးမှာ ego love နဲ့ one sided love က
နည်းနည်းဆင်ပါတယ်...
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့
လဲမှားတတ်ကြပါတယ်...ဆင်တာကိုး...
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... true love
ကတော့ နှစ်တွေဘယ်လောက်ကြာကြာ
မပျောက်သွားတတ်ပါဘူး...
အဲဒါကြောင့်...သူငယ်ချင်းတွေလဲ ချစ်မိပြီဆိုရင်.....
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်
သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ...

ဒီတစ်ခါလဲအများစုကသိပြီးသားဖြစ်တဲ့
ဘလော့ခေါင်းစဉ်လေးမှာ လိပ်ပြာလေးတွေပျံနေအောင်လုပ်ချင်သူများအတွက်
တင်လိုက်ပါတယ်..ဒီကောင်လေးကိုတော့ ကိုရင်ပြည့်စုံရဲ့ ဆိုဒ်မှာဖော်ပြထားပါတယ်..
ကျွန်တော်က မသိသေးသောသူများကိုပြန်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ...
ကျွန်တော့ဘလော့ကိုနမူနာကြည့်ကြည့်ပေါ့ဗျာ..
လိပ်ပြာလေးတွေပျံနေတာမြင်ကြမှာပါ...
အဲကောင်လေးကိုထည့်မယ်ဆိုရင်တော့ ပထမဆုံး
လုပ်နေကျဖြစ်တဲ့ Blogger မှာ Log In ၀င်ပြီး Layout > Edit HTML
ကို သွားပါ။ အဲဒီမှာ .post { ကို ရှာပါ။ တွေ့ ရင် အဲဒီအောက်ကမှ အောက်ကဟာလေး ထပ်ထဲ့ပေးလိုက်ပါ။
background:url("http://dl7.glitter-graphics.net/pub/474/474167l68h9nknqq.gif") no-repeat 50px .5em;
အဆင်ပြေကြပါစေဗျာ....
ဒီတစ်ခါတော့ ဘာတင်ရမှန်းမသိတာနဲ့ 
ဘလော့ရဲ့  အဓိကကျတဲ့ စာလုံးလေးတွေကိုမောက်စ်ထောက်လိုက်ရင်
ရောင်စဉ်လေးတွေပြေးအောင်လုပ်ချင်သောသူများအတွက်ပါ..
သိပြီးသားသူများကတော့ မမြင်ချင်ယောင်ဆောင်ပေးကြပါဗျာ..:P
ဒီကောင်လေးကို ကျွန်တော့ရဲ့  မြင်ဆရာ ဖြစ်တဲ့
မှာတင်ပြီးပါပြီ...ကျွန်တော်ကပြန်ပြီးဖြန့် ဝေပေးတာပါဗျာ...
ပထမဆုံး layout က add a gadget က EditHTML Javascript ကိုယူလိုက်ပါ..
ပြီးရင် အောက်မှာပေးထားတဲ့ ကုဒ်လေးကိုထည့်ပြီး ဆေ့ဖ်လိုက်ပါ...
အရောင်မျိုးစုံပြောင်းနေတာကိုတွေ့ ရပါလိမ့်မယ်...။
<script src='http://heartbrade.googlepages.com/rainbow2.js'/>
အဆင်ပြေကြပါစေဗျာ
ဘလော့မှာ မြန်မာပြက္ခတိန်လေးထည့်ချင်သူများထည့်ရအောင်ပါ...
သိပြီးသားသူများကတော့ မမြင်ချင်ယောင်ဆောင်ပေးကြပါဗျာ..
ထည့်နည်းလေးကတော့
* Blogger ကနေ Layout section ကို သွားပါ ...
* Add a Gadget ကို ထပ်ပြီး Click လိုက်ပါ...
* Add a Gadget Window မှ Feed ကို ရွေးလိုက်ပါ ..
* Feed Window တက်လာရင် အောက်မှာ ပေးထားတဲ့
လင့်ခ်လေးကို ထည့်ပြီး CONITUE ကို သွားလိုက်ပါ..
http://kowunnako.itmgmg.com/
အဲမှာမှ ကိုယ်ပေါ်စေချင်သလောက်ပေါ်အောင်ညှိယူလို့ ရပါတယ်...
အဆင်ပြေကြပါစေဗျာ
ဒီတစ်ခါတော့ စီဘောက်မှာလာမေးထားတဲ့ အတိုင်းမိမိဘလော့ကိုဖွင့်လိုက်တာနဲ့ 
အလန်းမက်ဆေ့ခ်ျလေးပေါ်လာအောင်လုပ်ချင်ကြသော သူများအတွက် ကုဒ်လေးကို
တင်ပေးလိုက်ပါတယ်ဗျာ.....သိပြီးသူများကတော့မမြင်ချင်ယောင်ဆောင်ပေးကြပါဗျာ..
ကျွန်တော်ကတော့ မသိသေးသူများကို ရည်ရွယ်ပါတယ်....
ပုံလေးကိုကြည့်ကြည့်ပါဗျာ...
လိုချင်သူများကတော့ အောက်ကကုဒ်လေးကိုကော်ပီကူးပြီး
lay out က EditHtml javascript ကိုယူလိုက်ပါ.....
အဲ့အထဲမှာအောက်ကကုဒ်လေးကိုဖြည့်ပြီးဆေ့လိုက်ပါ...
<script type="text/javascript">
alert(<font face="Zawgyi-One" >'အိပ်မက်ကဗျာမှကြိုဆိုပါတယ်.</font>)
</script>
<noscript>Enable javascript in your browser to view an important message.</noscript>
အနီနဲ့ ပြထားတဲ့ ကျွန်တော့ဘလော့စာသားနေရာမှာ ကိုယ်ကြိုက်တာရေးလို့ ရပါတယ်
အဆင်ပြေကြပါစေဗျာ....
စီဘောက်ကနေ ဌက်ကလေး ကလာမေးထားလို့ ပါ...ဘလော့တိုင်တယ်လ်မှာ
စာသားလေးဘယ်လိုပြေးအောင်လုပ်ထားတာလဲလို့ ပါ....
သိပြီးသူများကတော့သီပြီးလောက်ပါပြီဗျာ.......
ကျွန်တော်ကတော့မသိသေးသူများကိုရည်ညွှန်းပါတယ်ဗျာ...
layout ကနေ Html javascript တစ်ခုကိုယူလိုက်ပါ....
ပြီးရင် အဲထဲမှာကျွန်တော်ပေးမယ့်ကုဒ်လေးကိုထည့်ပေးလိုက်ပါ....
ကျွန်တော့ ဘလော့နာမည်နေရာမှာ ကိုယ့်ဘလော့နာမည်ကိုအစားထိုးပြီးလုပ်နိုင်ပါတယ်ဗျာ..
<script language="javascript" type="text/javascript">
msg="Dreamspoeam's Blog";
msg = "....." + msg;pos = 1;
function scrollMSG() {
document.title = msg.substring(pos, msg.length) + msg.substring(0, pos);
pos++;
if (pos > msg.length) pos = 0
window.setTimeout("scrollMSG()",200);
}
scrollMSG();
</script>
အဆင်ပြေကြပါစေဗျာ.....
ကျွန်တော့စီဘောက်မှာ လာပြောသွားတဲ့ စကားတစ်ခုကို
အရမ်းကိုဟပ်ထိသွားပါတယ်ဗျာ...
ဘာတဲ့ တဲ့....
ဟီးအနော်ဘာလုပ်ရမလဲဟင်.....ငိုရမှာလား.....
ဒါမှမဟုတ်ရီရမှာလားဗျာ....ကယ်ကြပါအရပ်ကတို့ ရယ်လို့ အော်သာ
အော်ပစ်လိုက်ချင်တော့ပါတယ်ဗျာ......ဗြဲ.....
အကို ၊အစ်မ ၊ညီ ၊ညီမတို့ ရေ နောက်တစ်ခါမှတ်ထားပေးပါဗျာ....
အိပ်မက်ကဗျာက ယောကျာင်္းလေးပါဆိုတာကိုပါ....
နောက်ဆို အမှားကြပါနဲ့ တော့ဗျာ.....ရှိကြီးခိုးပါတယ်......ဗြဲ............
ဒါကလဲပြောတဲ့သူအမှားတော့မဟုတ်ပါဘူးဗျာ....
ကျွန်တော့ဆိုဒ်ကလေးနာမည်ကိုက မိန်းမဆန်နေတာကိုး....
အဲလိုပေါ့ဗျာ...ဌက်မသိတော့ ဇရပ်ကို ချိုးထင်..အခက်မသိတော့ သမတ်
သူခိုးထင်ဆိုသလိုပေါ့ဗျာ.....ပြောတဲ့သူကိုလဲ အပြစ်အဆိုချင်ပါဘူးဗျာ...
ဘယ်သူ့ ကိုအပြစ်တင်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကိုပေါ့ဗျာ....
ကျွန်တော်မျိုးကြီးသေသင့်ပါတယ်လို့ ပေါ့ဗျာ.....
အကိုတော် ကိုဗညားရှိန်ရေ....ကျေးဇူးတင်တယ်လို့ ပဲပြောရမလား...
ဘယ်လိုပြောရမလဲ......အခုလိုပြောတော့စိတ်တော့အဆိုးပါနဲ့ ဗျာ.....
နောက်များလဲ ကိုဗညားရှိန်ကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ.....
ကိုကို့ ....ကိုချစ်ပါသလား?
ချစ်ပါတယ်..ကိုကိုရယ်။
ဘယ်လောက်တောင်ချစ်ပါသလဲ?
မိုးလောက်ကြီးချစ်ပါတယ်။
ဘယ်ထဲကချစ်ပါသလဲ?
နှလုံးသားထဲကချစ်ပါတယ်။
ဘယ်လောက်ကြာကြာချစ်မှာလဲ?
ကမ္ဘာတည်သ၍ချစ်ပါ့မယ်။
နတ်ပြည်သွားရင်ကော?
လိုက်မှာပေါ့။
ငရဲပြည်သွားရင်ကော?
လိုက်မှာပဲ။
မြို့ ထဲကအနှိပ်ခန်းသွားရင်ရော?
သွားရဲသွားကြည့် အကြောင်းသိရမယ်။
(ကျွန်တော့ကိုပြောပြပါအုံးဗျာ...ဘာလို့ အဲဒါကျတော့လိုက်မယ်လို့ 
မပြောတာလဲ။။။။။။။။။။။။။။။။။ဟိဟိ............:P)
♥♥ချစ်သူ....
ဟိုစဉ်ကစကား
အခုတော့မေ့ထားခဲ့ပြီလားကွယ်......♥♥
♥♥ဖြစ်နိုင်ရင်သနား...
ရင်တွင်းခံစားပြီး
တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်.....♥♥
♥♥ဒီမောင်လူဆန်း
စိတ်ကကြမ်းပေမယ့်
သူ့ အသည်းကနုတယ်ကွယ်......♥♥
ဒီတစ်ခါတော့ ဌက်ကလေး ပြောလို့ စီဘောက်မှာ ပြောတာတွေကိုလှတပတလေးတွေ
ဖြစ်အောင် ဘလော့ပိုင်ရှင် သတိထားမိအောင်ရေးချင်သူများ အောက်က ကုဒ်လေးတွေကိုမှတ်သွားပေးကြပါဗျာ....
သိပြီးသားသူများကလဲသိပြီးလောက်ပါပြီ....
မသိသေးသူများကိုရည်ညွှန်းပါတယ်။ရေးတဲ့အခါမှာ Text ဆိုတဲ့စာသားနေရာမှာ
ကိုယ်ရေးချင်တာရေးပေါ့ဗျာ..
ဥပမာ-( [scroll]လာလည်သွားပါတယ် [/scroll] )ပေါ့ဗျာ
ရေးကြည့်ပါဗျာ..အဆင်ပြေကြမှာပါ
ကြည့်ကြည့်ပါဗျာ....
* Bold အနေနဲ့ ရေးချင်ရင် [b] Text [/b] ဆိုပြီးရေးထည့်
* Italisc အနေနဲ့ မြင်ချင်ရင် [i]Text [/i] ဆိုပြီးရေးထည့်
* Underline တားချင်ရင် [u] Text [/u] ဆိုပြီးရေးထည့်
* မျဉ်းဖြတ်ချင်ရင် [s] Text [/s] ဆိုပြီးရိုက်ထည့်
* အပေါ်ကျကျလေးပေါ်စေချင်ရင် [sup] Text [/sup] ဆိုပြီးရိုက်ထည့်
* အောက်နားကျကျလေပေါ်စေချင်ရင် [sub] Text [/sub] ဆိုပြီးရိုက်ထည့်
* အလယ်ကောင်မှာပေါ်စေချင်ရင် [center] Text [/center] ဆိုပြီးရိုက်ထည့်
* စာလုံးအကြီးနဲ့ ပေါ်စေချင်ရင် [big]Text [/big] ဆိုပြီးရေးထည့်
* အသေးနဲ့ ပေါ်စေချင်ရင် [small]Text [/small] ဆိုပြီးရိုက်
* Scroll နဲ့ ပေါ်စေချင်ရင် [scroll] Text [/scroll] ဆိုပြီးရိုက်ထည့်
* စာရိုက်နေရင်း အောက်တစ်ကြောင်းဆင်းချင်ရင် [br] ကိုခံရိုက်
* Text color ပြောင်းချင်ရင် [color=red] Text [/color] ဆိုပြီးရိုက်
* လင့်ကလေးတွေကို တိုက်ရိုက်မပေးပဲ လှတပတပေးချင်ရင် [url=http://address] ဆိုဒ်အမည် [/url] ဆိုပြီးရိုက်ထည့်
♥♥♥သူများစီဘောက်မှာ လှလှလေးရိုက်နိုင်ကြပါစေဗျာ♥♥♥

ဒီတစ်ခါတော့ ဓာတ်ပုံလေးတွေနဲ့  Effect လေးတွေပြုလုပ်ချင်တယ့်သူများအတွက်
morphphanimsuit3.11 လေးကိုတင်ပေးလိုက်ပါတယ်...
ပုံလေးကိုကြည့်ကြည့်ပါဗျာ...
လိုချင်သူများကတော့ ဒီနေရာလေး မှာယူနိုင်ပါတယ်ဗျာ..
အဲနေရာကမှမရရင် ဒီနေရာလေး မှာပြန်ယူနိုင်ပါတယ်ဗျာ...
စာအုပ်လေးလဲပါပါတယ်..စာအုပ်ဖတ်ပြီး လုပ်ကြည့်လို့ ရပါတယ်ဗျာ....
အဆင်ပြေကြပါစေဗျာ.........
♥အဲဒီ
ပန်းနုရောင်မျက်လုံးလေးကို
ဆုံနိုင်ဖို့ လေးတောင်မှ
အသည်းကမခိုင်တော့လေ..........။
♥စိတ်ရှိလက်ရှိ
လွမ်းပြစ်လိုက်ရတာနဲ့ ပဲ
နေရောက်ခြည်နံရံတွေပြိုလဲ
ငါ့စိတ်ကူးလေး အက်ကွဲသွားခဲ့ပြီ..........။
♥သိစေချင်ပါတယ်
ရင်ထဲကအမြုတေ နှလုံးသားမှာ
သူသာအမြင့်မြတ်ဆုံးဖြစ်တယ်ဆိုတာ.........။
♥နားလည်စေချင်ပါတယ်
စိတ်ကုးအိပ်မက်တွေရဲ့ 
တစ်ကိုယ်စာအချစ်နဲ့ အလွမ်းမှာ
သူသာလျှင် ကမ္ဘာတစ်ခုဖြစ်တယ်ဆိုတာ..........။
♥မပြောချင်တော့ဘူး
အဲဒီလို
တနုံ့ နုံ့ အတွင်းကြေနေရတဲ့
ဆွံ့ အနားမကြားနှလုံးသားရဲ့ 
ကြီးမြတ်သောအချစ်ကို..................။
ဖိနပ်နှစ်ဖက်
တစ်မြို့ စီဝေးနေသလိုပေါ့...
တံစက်မြိတ်အောက်က
ရေအိုးမှာတောင်
အလွမ်းတွေနဲ့ ပြည့်လျှံနေပြီ...
မိုးတွေက
မေးခွန်းတွေလိုရွာနေတော့
ဘဝဆိုတာက
မိုးရေထဲမှာ ပျံတဲ့ဌက်လိုပါပဲလေ
ကိုယ့်သစ်ပင်မှာ နားစေချင်ပေမယ့်
ကိုယ့်မှာပြတင်းပေါက်မရှိတဲ့နေ့ တွေ
ဘယ်ဆီကမှအဖြေမပေးဘူး....
အစိမ်းရောင်မျက်နှာကျက်နဲ့ 
ကောင်မလေးရေ
ချစ်ခြင်းမေတ္တာတရားတို့ 
ခေါင်းငုံ့ ခံရာ
ငါ့ဖိနပ်ကိုတောင်အားနာတယ်....
ဆုံမိတဲ့
နူးညံ့တဲ့ အပြုံး
နွေးထွေးတဲ့
ငါ့အသွေးအသားကို ထိုးဖောက်
ငါ့နှလုံးသားကို ဓါးစာခံ
မင်းအပြစ် ကင်းစင်ခြင်းနဲ့ 
ခါးသီးစွာ မြတ်နိုးရင်း
သိစိတ်ကိုဖယ်ရှား
မသိစိတ်ကို ဝန်းကျင်
ငါ့ခန္ဓာလည်ပတ်
မင်းပဲ့ကိုင်သမျှ
မောင်းခုတ်ဖြတ်သန်း
အိမ်မက် ဦးတည်ရာပါကွာ...
ဒီတစ်ခါတော့ ဂျီတော့အတွက်
စတိုင်လေးတွေလုပ်ကြမယ်နော်
ကျွန်တော့မှာတော့ရှိနေတာကြာပါပြီ
ဘာတင်ရမှန်းမသိတာနဲ့ ဒီကောင်လေးကိုတင်လိုက်တာပါ
ပုံလေးကိုကြည့်ကြည့်ပါဗျာ..
..:D
ဝါသနာပါရင်တော့ ဒီနေရာလေး မှာယူနိုင်ပါတယ်..
ဒီနေရာလေး ကလဲယူလို့ ရပါတယ်ဗျာ..
ပထမဆင့်အနေနဲ့  အဲထဲမှာပါတဲ့
အဲကောင်လေးကိုနှစ်ချက်ကလစ်လိုက်ပါ..
ပြီးရင် ဒက်စတော့ပေါ်မှာတော့ဂျီတော့ ရှော့ကက်လေးကိုတင်ထားဖို့ တော့လိုမယ်နော်..
ပြီးရင် ဖိုင်ကိုကလစ်ပြီးကိုကလစ်လိုက်ပါ..ပြီးရင်ဒက်စတော့ပေါ်မှာတင်ထားတဲ့ဂျီတော့ကိုကလစ်လိုက်ပါ..အခုအောက်မှာပေါ်တဲ့ပုံလေးလိုပေါ့
ပြီးရင် ပုံကိုအရင်ပြောင်းဖို့ 
ကိုကလစ်လိုက်ပါ..
ပြီးရင် အစိမ်းရောင်လေးကိုကြယ်ပုံစံလေးပြောင်းဖို့ အတွက်
ဆိုတဲ့ဖိုင်ကိုကလစ်ပြီး အောက်မှာပေါ်လာတဲ့
ပန်းပွင့်ပုံလေးကို ကလစ်လိုက်ပါ...
အစိမ်းရောင်လေးပေါ်လာတာကိုတွေ့ ပါလိမ့်မယ်..
ပြီးရင် ကိုမောက်စ်နဲ့ ထောက်လိုက်ပါ...
အဲမှာ ကိုကလစ်ပါအဲမှာဆိုတာကိုကလစ်ပြီး ခုဏကဖြည်လိုက်တဲ့ဇစ်ဖိုင်ထဲက ဆိုတဲ့ဖိုင်ထဲက ကြယ်အစိမ်းလေးကိုထောက်ပြီးလိုက်ပါ..ပြီးရင် ကိုကလစ်လိုက်ပါ...နောက်ထပ် နံပါတ် ကိုလဲအဲအတိုင်းလုပ်လိုက်ပါ..ပြီင်္းရင် ကစာရိုက်နေပါသည်ထည့်ပါ..
ကတော့ပင်ဂွင်းပုံလေးထည့်လိုက်ပါ...ပြီးရင်အပေါ်ကကောင်လေးအတိုင်းပဲလုပ်ရမှာပါ...တီးလုံးလေးတွေကိုပြောင်းချင်တယ်ဆိုရင်တော့ကိုရမ်းလိုက်ပါ...အဲကောင်ကိုရမ်းပြီးရင်အဲကောင်လေးကိုဖွင့်လိုက်ပါကိုကလစ်ပြီးကိုလုပ်ချင်တဲ့သီချင်းကို လိုက်ပါ...ပြီးရင် ကိုကလစ်ပါ...ပြီးရင်
ကိုကလစ်ပြီးကိုယ်ထားချင်တဲ့ကွန်ပျုတာရဲ့ ကြိုက်တဲ့နေရာမှာဆေ့ဖ်ဖို့ ပေးလိုက်ပါ..ပြီးရင်
ကိုကလစ်လိုက်ပါ...အဲမှာသူဖောမတ်ပြောင်းနေပါလိမ့်မယ်..ပြီးရင် နောက်သီချင်းတစ်ပုဒ်ကိုလဲ အဲလိုလုပ်ပါ...သီချင်းနှစ်ပုဒ်ရပြီဆိုရင် ခုဏကဖွင့်ထားတဲ့ လေးထဲက ကိုနှစ်ချက်ကလစ်လိုက်ပါ..
ပြီးရင်တော့ ကိုကလစ်လိုက်ပါ..
ကကိုယ့်ကခေါ်တဲ့အသံပါ..126ကတော့
အခေါ်ခံရတဲ့ အသံပါ...ကိုကလစ်ပြီးရင်
အောက်ကပန်းပွင့်ပုံလေးကိုကလစ်လိုက်ပါ..
ပြီးရင် မောက်စ်နဲ့ ထောက်လိုက်ပါ...အဲမှာ ကိုကလစ်လိုက်ပါ..အဲမှာ ကိုကလစ်လိုက်ပြီးခုဏကလုပ်ထားသီချင်းထဲက ကိုယ့်ကိုခေါ်ရင်ကြားရမယ့်အသံကိုထည့်ပါပြီးရင်
လို့ ရေးပါ..
လို့ ရေးပါ..
လို့ ရေးပါ..ပြီးရင် ကိုကလစ်ပါ.. လဲအဲအတိုင်းပဲလုပ်ပါ..ပြီးရင် ဖိုင်မှာ ကိုနှိပ်ပြီးဆေ့ဖ်လိုက်ပါကို နှိပ်စရာမလိုပါဘူး..အဲဒါဆိုရင်တော့ရပါပြီ
:)

ဒီတစ်ခါတော့ မြန်မာကနေဝင်လို့ မရတဲ့
ဝဒ်ဆိုဒ်တွေကိုပရိုစီနံပါတ်မလိုပဲ.
ဒီကောင်းကဇစ်ကိုဖြည်လိုက်ပါ အဲဒီအခါမှာ စာရွက်လေးထွက်လာပါလိမ့်မယ်..
ပြီးရင်အဲစာရွက်လေးကို
ရိုက်ကလစ်နှိပ်ပြီး မှာ
မော်ဇီလာနဲ့ ဖွင့်လိုက်ပါ.. ပြီးရင် ကိုကြည့်ချင်တဲ့ဆိုဒ်ကိုရိုက်ထည့်လိုက်ပါ...
အဲဒီအခါမှာ error ဆိုတာတက်လာပါလိမ့်မယ်..
အဲကောင်လေးကိုကလစ်လိုက်ရင် ပရိုစီနံပါတ်မလိုပဲကျော်ပြီးဖြစ်ပါလိမ့်မယ်..
ဒီကောင်လေးကိုရောက်ဖူးတဲ့ ဘလော့လေးတစ်ခုကိုနေပြန်မျှဝေပေးလိုက်တာပါဗျာ...
လိုချင်သူများကတော့ ဒီနေရာလေး ကယူနိုင်ပါတယ်
အဲကမှမရရင် ဒီနေရာလေး ကလဲယူနိုင်ပါတယ်ဗျာ..
ဒီကောင်လေးကိုကြည့်ဖို့ တော့ လိုပါတယ်..
ဒီနေရာလေး ကရယူပါ..
ဒီနေရာလေး ကရယူပါ..
ဒီတစ်ခါတော့သိပြီးသားသူများကလဲသိပြီးလောက်ပါပြီ
ကိုယ့်ရဲ့ ကွန်ပျူတာမှာ
အခုဖော်ပြလိုက်တဲ့ကောင်လေးကိုရမ်းလိုက်ပါဗျာ
ရမ်းပြီးရင် ကိုယ်ပေးချင်တဲ့အချိန်လေးကိုပေးပြီး
လိုချင်သူများကတော့ ဒီနေရာလေး ကနေယူနိုင်ပါတယ်ဗျာ..
ဒီနေရာလေး ကလဲယူနိုင်ပါတယ်ဗျာ
ဒီတစ်ခါတော့ဘာတင်ရမှန်းမသိတာနဲ့ 
ရောက်ဖူးတဲ့ဘလော့လေးတစ်ခုမှာ
ဖော်ပြထားတဲ့ဆော့ဖ်ဝဲလေးတစ်ခုကို
တင်ပေးလိုက်ပါတယ်..
ဒီကောင်လေးကဘာလဲဆိုတော့
လူတွေအတွက်ဆိုရင်တော့
အဲတော့ကွန်ပျူတာအတွက်လဲ
ဒီကောင်လေးကကွန်ပျူတာဒေါက်တာလေးပါ..
သုံးချင်သူများကတော့
ဒီနေရာလေး မှာဒေါင်းယူနိုင်ပါတယ်ဗျာ
ဒီနေရာလေး ကလဲရယူနိုင်ပါတယ်ဗျာ..
ပါပါတယ်..
ကီးဂမ်းကိုဖွင့်ပြီးရင်
ကိုကလစ်ပါ..
အဲဒါဆိုရင် ရဂျစ်စတာလုပ်ဖို့ ကီးလေးပေါ်လာပါလိမ့်မယ်
ပြီးရင် ဒီကောင်လေးကိုသုံးပုံကတော့
လေးကိုနှိပ်လိုက်ရင်
ပြသနာရှိပါကဖော်လာပါကဖော်ပြပါလိမ့်မယ်
ပြီးရင်ဆိုတာလေးအောက်မှာပေါ်ပါလိမ့်မယ်..
အဲကောင်လေးကိုကလစ်ပြီး
နောက်တစ်ခါ ပြန်နှိပ်ကြည့်လိုက်ပါပြသနာရှိမရှိကိုပြန်ကြည့်ပေါ့ဗျာ..


ဒီတစ်ခါဘာတင်ရမှန်းမသိတာနဲ့ 
သူများအတွက် ဆော့ဖ်ဝဲလေးတင်ပေးလိုက်ပါတယ်
ကျွန်တော့ရဲ့ မြင်ဆရာဖြစ်တဲ့
မှာလဲတင်ပြီးပါပြီ...
လိုချင်သူများကတော့ဒေါင်းသွားနိုင်ပါတယ်ဗျာ..
ဒီနေရာလေး ကနေယူပါ...
အဲကမှ မရရင် ဒီနေရာလေး ကလဲ
ယူလို့ ရပါတယ်ဗျာ...
အသုံးတည့်ကြပါစေဗျာ....
တစ်မြေစီခြားနေတဲ့
နှစ်ဦးသားဘဝမှာ
မသေချာတဲ့မနက်ဖြန်တစ်ခုက
မှိန်ပြပြဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်းမီးအိမ်လေးထွန်းပြီး
ငါရှာမိတယ်..
ဒီအချိန်မှာ
ငါ့ရဲ့ အမြဲတမ်းမိတ်ဆွေကတော့
မျက်ရည်နဲ့  ငိုကြွေးခြင်းပေါ့
အထီးကျန်လှတဲ့ဘဝမှာ
အလွမ်းရဲ့ ထိုးနှက်မှုကြောင့်လဲ
အကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်
ငါ့ရဲ့ အိပ်စက်ခြင်းတွေသူဖျက်စီးလို့ 
အိပ်ပျက်ညတွေသူဖန်တီးတယ်
တရေးတမှိတ်အိပ်ပျော်ခဲ့စဉ်
တမ်းတခြင်းအိပ်မက်ဆိုးတွေ
သူလက်ဆောင်ပေးပြန်တော့
အဖော်မဲ့ဘဝကငါ့မှာ
အလူးအလဲပေါ့
ရက်စက်စွာပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောင်တန်းများ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမပိုင်ဆိုင်ပေမယ့်
နှလုံးသားကပေးတဲ့အင်အား
မင်းကိုချစ်တဲ့အချစ်များကြောင့်
စမ်းတဝါးဝါး မနက်ဖြန်တွေထဲက
ဆုံနိုင်ခွင့် ခလုတ်တိုက်မိမယ့်
တစ်ခုသောမနက်ဖြန်ကိုမျှော်လင့်ရင်း
မင်းအတွက်ငါရင်ခုန်နေဦးမယ်....
လူတစ်ယောက်ပါ..
မေတ္တာသွယ်ယှက်...
မျှော်လင့်ချက်ကြောင့်
အသက်ရှင်ရ
တစ်ဘဝမှာ...
သစ္စာမယိုင်...
အချစ်ခိုင်မြဲ
တစွဲတလန်း
တတမ်းတတ
နောင်တမလွန်
အဆုံးစွန်ထိ
ကျိုးနွံချစ်မြတ်
ကိုးကွယ်အပ်နှင်း
မောင့်ချစ်ခြင်းကို
မငြင်းမဆန်
မင်းသာလက်ခံပါလျှင်
တို့ လေ....
သေပျော်နေပျော်
ကမ္ဘာပေါ်မှာ.....
အလွမ်းနှစ်ကြာလျှင်
ပန်းသေတ္တာတွင် ပန်းတွေပြည့်
မလွမ်းလောက်လေသလား....
ပန်းခြောက်တွေမကြွေသေးတာတော့
အနေဝေးကာတို့ တွေခွဲရင်လဲ(လည်း)
ရင်ထဲကို သခင်လှပ်ပါလို့ 
မြင်တတ်အောင်ကြည့်လှည့်ပါ...
မြင်နိုင်ပါစေလို့ လဲ
ဆုတောင်းနေမှာပါ....
အိုဘယ့်ချစ်ရတဲ့ချစ်သူသခင်....။
မမျှော်လင့်ဘူးပြောပေမယ့်
ရင်ထဲတစ်နေရာက
တိုးတိတ်စွာမျှော်လင့်မိပါတယ်...
မရနိုင်ဘူးပြောနေပေမယ့်
မသိစိတ်တစ်နေရာက
တမ်းတစွာလိုချင်မိပါတယ်....
မဖြစ်နိုင်တော့ဘူးဆိုပေမယ့်
အသည်းတစ်နေရာက
မဝံ့ရဲစွာတောင်းတနေမိတယ်....
မဆုံနိုင်တော့ဘူးထင်ပေမယ့်
နှလုံးသားရဲ့ ....
အနက်ရှိုင်းဆုံးတစ်နေရာက
ရူးသွပ်စွာ၊ပြင်းပြစွာ...
ဆုံနိုင်ခွင့်ကိုတမ်းတရင်း.....
ဒီတစ်ခါတော့ ဂိမ်းဝါသနာပါသောသူများအတွက်စနိုက်ပါဂိမ်းလေးတစ်ခုတင်ပေးလိုက်ပါတယ်အဲကောင်လေးကတော့ ရမ်းစရာမလိုပါဘူးဖိုင်ထဲက SniperElite ကိုနှစ်ချက်ကလစ်ပြီး
ဆော့လို့ ရပါတယ်.......
ဖိုင်ကတော့ ၂ဂစ်ရှိပါတယ်.......အဲကောင်ကို ၁၀၀ မက်စီ ဇစ်နဲ့ ချုံ့ ထားတာဖိုင်ပေါင်း ၂၃ ဖိုင်ရှိပါတယ်...လိုချင်သူများကတော့ဒေါင်းနိုင်ပါတယ်..
ပုံလေးတွေတင်ပေးလိုက်ပါတယ်...ကြိုက်ရင်တော့ဒေါင်းသာဒေါင်းသွားဗျာ..
ဂိမ်းဆော့ပုံလေးကိုလဲနဲနဲပါးပါးရေးပေးလိုက်ပါတယ်
မောက်စ်နဲ့ က သွားချင်တည့်ဦးတည်ချက်နဲ့  သေနတ်ချိန်တယ်
ရိုက်ကလစ်က စနိုက်ပါချိန်တယ်..ပြန်ဖြုတ်ချင်ရင် ရိုက်ကလစ်ပြန်နှိပ်လိုက်ပါ
a.w.d.s ကတော့ ရှေ့ တိုးနောက်ဆုတ်နဲ့ ဘေးတွေကိုရွေ့ တာပါ.....
z ကိုတစ်ချက်ကလစ်ရင် ဒူးထောက်တယ်
ဖိနှိပ်ထားရင် ဝပ်တယ်..ပြန်ထရင် z ကိုပြန်နှိပ်ပေါ့နော်..
ကြည်ဖြည့်တာက r ..သေနတ်တို့ ဘာတို့ ကောက်ကတာက
g နဲ့ ပါ....i ကတော့ သွေးဖြည့်တာနဲ့ ကျန်တဲ့ မိုင်းတို့ လက်ပစ်ဗုန်းတို့ 
ယူတာပါ....tab ဘားကတော့ မြေပုံကြည့်တာပါ..
esc ကတော့ဆေ့ဖ်တာပါ..ဂိမ်းကိုဆော့ဖ်ဆေ့ပြီးတော့ဆော့ပါ..
လိုချင်သူများယူသွားနိုင်ပါပြီ...
ဇစ်ဖိုင်ကတော့ ပထမဖိုင်ကိုဖြည်လိုက်တာနဲ့ ကျန်တဲ့ဖိုင်တွေ
သူ့ ဘာသာပြည်ပါလိမ့်မယ်...
ဆော့နိုင်ကြပါစေ...:P


part 1 ၊ part 2part 3 ၊ part 4part 5 ၊ part 6part 7 ၊ part 8part 9 ၊ part10part 11 ၊ part12part13 ၊ part14part15 ၊ part16part17 ၊ part18part19 ၊ part20part 21 ၊ part22part23

ဒီတစ်ခါဘာတင်ရမယ်မှန်းမသိတာနဲ့ 
ဒီ vcd ကို mp3 ပြောင်းတဲ့ဖောမတ်လေးတင်လိုက်ပါတယ်
သိပြီးသားသူများကလဲသိပြီးလောက်ပါပြီ
ကိုသံလုံငယ်မှာလဲတင်ပြီးပါပြီ
ကျွန်တော်က ဒီနေ့ မှ ရတာနဲ့ တင်လိုက်တာပါ
Format Factory(2.0)ပါ
လိုသလိုအသုံးချနိုင်ပါစေ..
mp3 ပြောင်းမယ့်သူများကတော့
အင်စတောလုပ်ပြီးရင်
audio ကိုကလစ်လိုက်ပါ..
ပြီးရင် all to mp3 ကိုကလစ်ပြီး
ကိုယ်ပြောင်းမယ့် ဗီဒီယို ကိုထည့်ပြီးအိုကေပေးပါ
ပြီးရင် အဲကောင်လေးပေါ်မှာထောက်ပြီး
start ကိုကလစ်ပါ...အဲဒီအခါမှာပြောင်းပြီးပါပြီ
ပြီးရင် မိုင်ဒေါကူးမန့် ထဲမှာ FFOutput ဆိုတာရှိပါတယ်
အဲထဲမှာကိုယ်ပြောင်းလိုက်တဲ့သီချင်းရောက်နေပါလိမ့်မယ်
လိုချင်သူများကတော့ ဒီနေရာလေး မှာယူလိုက်ပါ
အဲနေရာကမှမရရင် ဒီနေရာလေး ကလဲယူလို့ ရပါတယ်
အဆင်ပြေကြပါစေဗျာ...
အမှန်တော့ကျွန်တော်တို့ ဟာ ခရီးရှည်ကြီးတစ်ခုကို
မီးရထားစီးပြီးသွားနေကြတဲ့ ခရီးသည်တွေနဲ့  အလားသဏ္ဍာန်
တူလွန်းလှပါတယ်..
ရထားပြတင်းကနေ လှမ်းမြင်ရတာတွေက ရိပ်ခနဲရိပ်ခနဲ။
ရထားလမ်းနဲ့ အပြိုင် ပြေးနေတဲ့အဝေးပြေးလမ်းပေါ်က
ကားတွေ၊လမ်းဆုံမှာတွေ့ ရတဲ့ ကလေးတွေက
လှမ်းလက်ပြနေ၊ဟိုးခပ်ဝေးဝေးကတောင်ခြေမှာ
ကျွဲတွေ၊နွားတွေ၊မြက်စားနေကြ၊စက်ရုံအလုပ်ရုံတွေက
မီးခိုးတစ်လူလူ၊တစ်မျှော်တစ်ခေါ်စိုပြည်လွင်နေတဲ့
လယ်ကွင်းတွေ၊တောင်ကုန်းတွေ၊ချိုင့်ဝှမ်းတွေ၊လွင်ပြင်တွေ
မြို့ တွေ၊ရွာတွေ........အစုံအစုံမြင်ရတယ်။
ကျွန်တော်တို့ ရဲ့ စိတ်ထဲမှာတော့ တစ်ချိန်ကျရင်
ခရီးဆုံးဘူတာကိုဆိုက်လိမ့်မယ်ဆိုတဲ့ အသိလေးနဲ့ ရယ်။
အဲသည့်ဘူတာကိုရောက်ရင်တော့ ဆိုင်းနဲ့ ဝိုင်းနဲ့ 
တံခွန်တွေ၊အလံတွေနဲ့ ဆီးကြိုနေမယ့်သူတွေက
အဆင်သင့်။ဘူတာကိုဆိုက်ပြီဆိုရင်ဖြင့်မျှော်လင့်ချက်ဟူသမျှ
လိုလားချက်ဟူသမျှ၊တောင့်တထားခဲ့လေသမျှ
တစ်လုံးတစ်ဝတည်းပြည့်စုံတော့မယ်။
တစ်စစီကျဲပြန့် နေတဲ့ဘဝကြီးကလဲသူဟာလေးနဲ့ သူ
အံဝင်ခွင်ကျနဲ့  နေသားကျသွားတော့မယ်။
အဲသလိုနားလည်ထားတယ်။
သည်လိုနဲ့ ပဲ ကျွန်တော်တို့ ဟာရထားတွဲ
ထိုင်ခုံတန်းနှစ်ခုကြားကလူသွားလမ်းလေးမှာမနားတမ်းလျှောက်ရင်း
တစ်ခါတစ်လေကျတော့လဲရောက်ခဲလှချေရဲ့ လို့ 
တွေးလားတွေးရဲ့ ။တစ်ချိန်မှာတော့ မလွဲမသွေ
ဆိုက်မှာပါဆိုတဲ့ အတွေးလေးနဲ့ လှမ်းမျှော်လားမျှော်ရဲ့ ။
ဒါတင်ဘယ်ကပါလိမ့်မလဲ။
"ဘူတာကိုဆိုက်လို့ ကတော့ကွာ....."လို့ လဲကြုံးဝါးလိုက်မိရဲ့ ။
သည်လိုနဲ့ ...."၁၈ နှစ်ပြည့်လို့ ကတော့ကွာ......."
"တိုက်ဆောက်ပြီးလို့ ကတော့ကွာ....."
"လယ်(န်)ခရူဇာ ဆစ်ဂနပ်(စ်)ဝယ်ပြီးလို့ ကတော့ကွာ....."
"အငယ်ဆုံးကောင် တက္ကသိုလ်ရောက်လို့ ကတော့ကွာ......"
"ကြွေးတွေကျေလို့ ကတော့ကွာ......"
"ရာထူးတက်လို့ ကတော့ကွာ......."
"အငြိမ်းစားယူတဲ့အခါကျရင်တော့ကွာ..............."
သည် ".....အခါကျရင်တော့ကွာ"တွေမှာဖြင့်
ကျွန်တော်တို့ တွေဟာဘဝကိုပျော်ရွှင်ချမ်းမြေ့ စွာ
ဖြတ်သန်းကျော်လွှားရင်းနဲ့  နားနားနေနေ နေရပေတော့မယ်လို့ 
အောက်မေ့ထားကြသူချည်းပါပဲ။တစ်နည်းအားဖြင့်ကျွန်တော်တို့ တွေ
မှန်းထားတဲ့ ခရီးဘူတာကိုဆိုက်လို့ ကတော့အပီနားလိုက်မဟဲ့၊
အဝပျော်လိုက်မဟဲ့လို့ တွေးထားကြတယ်။
ဒါပေမယ့်ဘဝခရီးမှာ ခရီးဆုံးဘူတာမရှိဘူးဆိုတာ
အသက်ကလေးအတော်ရတော့မှ သတိထားမိလာတယ်။
၁၈ နှစ်ပြည့်ရင် မင်းနေချင်သလိုနေနိုင်ပြီလို့ အဖေကပြေတယ်။
၁၈ နှစ်ကလည်းပြည့်ခဲလိုက်တာနော်လို့ တွေးနေရင်းပဲ
၁၈ နှစ်ကိုကျော်လို့ လာ။သြော်....ဘဝဆိုတာ
နေချင်သလို နေလို့ မရမှန်းအဲသည့်ရွှေ၁၈နှစ်ကို
ဖြတ်ကျော်နေရင်းနဲ့ ပဲ ရိပ်စားမိလာရပါရောလား။
ဘွဲ့ ရရင်တော့ကိစ္စပြီးပြီလို့ တွေးလိုက်မိတယ်။
ဒါပေမယ့်တက္ကသိုလ်တက်နေခိုက်မှာပဲ ပညာဆိုတာ
အဆုံးမရှိဘူးလို့ သိလာရပြန်ရော။
အလုပ်ရရင်၊ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ်နေနိုင်ရင်
အတော်နိပ်ပြီလို့ အောက်မေ့တယ်။ဘယ်ဟုတ်မလဲ၊
ရေခဲသေတ္တာလေးလောက်တော့ လိုချင်လာ၊
ရေခဲသေတ္တာရတော့အပေါ်စက်
အောက်စက်လေးဆီစိတ်ကရောက်၊အပေါ်စက်အောက်စက်ကလေး
ရလာပြန်တော့ လေအေးစက်ကလေးစဉ်းစား.....
ကိုယ့်မိသားစုနဲ့ ကိုယ် အိမ်ကလေးတစ်လုံးလောက်ဌားနေနိုင်ရင်ကို
အတော်ဟန်ကျပြီလို့ မှတ်။တကယ်နေနိုင်တော့
အပိုင်ဝယ်နိုင်ဖို့ မျှော်ကိုး။အပိုင်ရပြန်တော့သားသမီးတွေအတွက်ပါ
တစ်လုံးစီ ရှိနေမှဖြစ်မှာလို့ တွေး...............
တကယ်တော့ဘယ်သူ့ ဘယ်သူမှက်ုယ်မျှော်မှန်းထားတဲ့ ခရီးဆုံး
ဘူတာဆီ ရောက်ခဲ့ရိုးထုံးစံကိုမရှိပါလားကွယ်ရို့ ။
အင်း........ဘဝဆိုတာကလည်းအဲလိုသွားနေရတာလေးကိုပဲ
ပျော်နေရမယ့် အမျိုးကလား။
လမ်းဆုံးဘူတာဆိုတာက အိပ်မက်သက်သက်။
ဘဝဘူတာဆိုတာကလိုက်လေဝေးလေ။
ပစ္စုပ္ပန်တည့်တည့်ရှု ဆိုတဲ့လောကုတ္တရာစကားကို
လောကီမှာ ချသုံးရင်ကောင်းမယ်ထင်ပါ့။
ပစ္စုပ္ပန်လေးကိုပဲတလေးတစားတန်ဖိုးထားတာအကောင်းဆုံးပါပဲလေ။
အင်း.........တကယ်တော့လည်းပစ္စုပ္ပန်၊လတ်တလောမှာ
ထမ်းထားရတဲ့ဝန်တာတွေကြောင့်လူတွေ
စိတ်ဆင်းရဲနေရတာမဟုတ်ဘူး။မနေ့ က၊
အတိတ်က ကိစ္စတွေအတွက် နောင်တနဲ့  မနက်ဖြန်
အနာဂတ်အတွက် စိုးရိမ်မှူတွေနဲ့ ပဲ စိတ်နှလုံးတွေ
ညှိုးချုံးရ၊စိတ်ပင်ပန်းရ၊စိတ်ဆင်းရဲရ၊သောက ရောက်ရဖြစ်နေတာပါ။
အင်း.....နောင်တနဲ့ စိုးရမ်မှုဆိုတဲ့ ဓားပြ
အမွှာညီနောက်ကသာ ကနေ့ သာလတ်သလောမှာရှိနေတဲ့
ကျွန်တော်တို့ ရဲ့ စိတ်တွေကိုအတင်းလုယက်ယူနေကြတာကလား။
အင်း..........မဖြစ်ဘူး၊မဖြစ်ချေဘူး။
ရထားတွဲ ထိုင်ခုံတန်းနှစ်ခုကြားက လူသွားလမ်းလေးမှာ
မနားတမ်း လမ်းလျှောက်ရင်း ရောက်နိုးရောက်နိုးနဲ့ 
ကျန်နေသေးတဲ့ ခရီးမိုင်တွေကို တွက်ဆတဲ့အကျင့်ဆိုးကြီးကိုရပ်တန်းကရပ်မှ။
တောင်တွေ အထက်ထပ် တက်မယ်။ကြိုက်တာလေးတွေ
ဖိစားလိုက်မယ်။ဖိနပ်မပါ ခြေဗလာနဲ့ ခရီးပေါက်သလောက် ဖိသွားမယ်။
မြစ်ချောင်း အင်းအိုင်တွေကိုလည်းဖိကူးရင်းကျော်လွှားသွားလိုက်ဦးမယ်။
ဆည်းဆာရဲ့ အလှတွေကိုလည်းဖိခံစားလိုက်ဦးမယ်။
ဖိလည်းရယ်လိုက်ဦးမယ်။ငိုတာ၊ညည်းတာတွေ အကုန်လုံးပါးသွားအောင်
တအားလျှော့ချပစ်လိုက်စမ်းမယ်။
ဘဝဆိုတာ အသက်ရှင်နေတာ ၊အသက်ရှိနေတာကိုခေါ်တာပါ။
သွားသွားလာလာ ရှိနေမှ အသက်ကလည်းရှင်နေ၊ရှိနေမှာ။
အဲတော့သွားရင်းလာရင်းနဲ့ ပဲပျော်ပျော်နေလိုက်တော့မယ်။
ဘူတာလား.............
အချိန်တန်ရင်တော့ သည်ဘူတာပဲဆိုက်မှာပါလေ။



ဘာတင်ရမလဲမသိတာနဲ့ 
ကဗျာကြိုက်သောသူငယ်ချင်းများအတွက်
ကဗျာလေးတွေတင်ပေးလိုက်ပါတယ်
ကဗျာစုစုပေါင်းကတော့ ၁၀၀ လောက်ရှိမယ်ထင်ပါတယ်
နမူနာလေးနှစ်ခုတင်ပေးလိုက်ပါတယ်
လိုချင်သူများကတော့ ဒီနေရာလေး ကနေယူသွားနိုင်ပါတယ်
အဲနေရာကနေမှမရရင်
ဒီနေရာလေး ကလဲယူသွားနိုင်ပါတယ်
အသုံးတည့်ကြပါစေဗျာ
ငုံ့ ညီပြောင်ဝင်း ၊မောင်သစ်ဆင်း
မင်း၏သားနှင့်၊ပြောချိန်သင့်ပြီ
လွတ်ခွင့်ရန်၊လွတ်စည်တီးမှ
ဖျက်ဆီးကြံရွယ်၊အန္တရာယ်သည်
မဖွယ်မရာ၊တို့ ပြည်ရွာ၌
ပေါ်လာမကောင်း၊ပေါ်လာကြောင်း
ဖျက်ဆီးကြံရွယ်၊အန္တရာယ်တည့်
နယ်ချဲ့ သွေးထိုး၊ဒေါသအိုးသည်
တိုင်းကျိုးလိုလို၊ဘာလိုလိုနှင့်
ကိုယ်ကျိုးထဲဝိုက်၊မှောင်ခိုတိုက်သည်
မိုက်ခဲ့မကောင်း၊မိုက်ခဲ့ကြောင်း
အမိုက်ကမ်းနက်၊သူ့ အသက်ကြောင့်
လွတ်မှုကြိုးပမ်း၊ခုလတ်လမ်းတွင်
ဆန်းတို့ တစ်စု၊တိုင်းပြည်ပြုတို့ 
မရှုမလှ၊ကြွေလိုက်ရသည်
ကျခဲ့မကောင်း၊ကျခဲ့ကြောင်း
ငါ့ညီပြောင်ဝင်း၊မောင်သစ်ဆင်း
မင်းကပြန်ပြောင်း၊မင့်သားကောင်းကို
အကြောင်းစုံသိ၊မင့်ဝန်ရှိ၏
ရှိပါသကဲ့၊သူ့ စိတ်ထဲ၌
တိတ်စွဲသောက၊စွဲဒေါသကို
မကြွစေချင်၊ပြေစေချင်၏
ပညာအသိ၊သတိဖြစ်ရေး
အတွေးမှန်ကန်၊နိုင်ငံလူထု
ကိုသာရှု၍
ပြုစေချင်၏၊ပြုပါဘိ။
(ကဗျာဆရာဇော်ဂျီရေးထားသောကဗျာလေးကိုမျှဝေလိုက်တာပါ)
အမြဲအမှတ်ရကြပါစေဗျာ
.jpg)



ဒီနေ့ ဟာ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး
ဗိုလ်ချုပ် နဲ့ အပေါင်းအပါ (၁၁)ရောက်ကျဆုံးသွားတဲ့နေ့ တစ်နေ့ ဖြစ်တဲ့
ဇူလိုင် လ ၁၉ ရက်နေ့  အာဇာနည်နေ့ ဖြစ်ပါတယ်..
ဒီနေ့ လေးမှာ ဗိုလ်ချုပ်ကို အမှတ်ရသောအားဖြင့်
ဒီစာလေးကိုရေးလိုက်တာပါ..
ဗိုလ်ချုပ်အောင်ဆန်းဟာ
မြန်မာတစ်မျိုးသားလုံးရဲ့  ရင်ထဲမှာ
အမြဲအစဉ်ထာဝရ ရှိနေမယ့်
အမြဲတမ်းလွမ်းဆွတ်တမ်းတနေတဲ့
သူရဲကောင်းတစ်ယောက်ဖြစ်လို့ နေမှာပါ..
ဗိုလ်ချုပ်နဲ့  အပေါင်းအပါသူရဲကောင်းများ
အာဇာနည်များကျဆုံးသွားတာဖြင့်
၆၂ နှစ်တိုင်ခဲ့ပါပြီ..
သို့ ပေမယ့် လူတိုင်းရဲ့ ရင်ထဲမှာ
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်နဲ့ သူရဲကောင်းများကို
အမှတ်ရလွမ်းဆွတ်လို့ နေပါတယ်
ဗိုလ်ချုပ်ရဲ့  ပုံများကိုလွမ်းဆွတ်သတိရခြင်းများစွာနဲ့ 
တင်လိုက်ပါတယ်...
ဒီတစ်ခါတော့ ဘာတင်ရမှန်းမသိတာနဲ့ Tuneup-2009 ရဲ့  key လေးကိုတင်ပေးလိုက်ပါတယ်..ဒီကောင်လေးကိုရမ်းလိုက်ရင်ကီးရှိရင်ကီးတောင်းတယ်..ကီးမရှိရင်တော့ ဒီကောင်လေးကရက် ၃၀ ပဲရပါတယ်...ကီးထည့်ပြီးရင်တော့ အမြဲသုံးလို့ ရပါတယ်..ဒီ Tuneup-2009 လေးက သုံးတတ်ရင်အများကြီးသုံးလို့ ရပါတယ်..ဆော့ဖ်ဝဲလေးပါတင်ပေးလိုက်ပါတယ်ဗျာ...သိပြီးသားသူများကတော့ မမြင်ချင်ယောင်ဆောင်ပေးကြပါဗျာလိုချင်တဲ့သူများကတော့ ဒီနေရာလေး ကယူနိုင်ပါတယ်...အဲကမှမရရင် ဒီနေရာလေး ကလဲယူလို့ ရပါတယ်..အသုံးတည့်ကြပါစေဗျာ....
ဒီတစ်ခါတော့ ဆရာအတ္တကျော်ရေးထားတဲ့
"ကမ်းစပ်နဲ့ ရေလှိုင်း "ဆိုတဲ့စာစုလေးကိုတင်လိုက်ပါတယ်
ပုဇွန်တွေမျက်စိလည်၊လမ်းမှားပြီး ကမ်းစပ်ကကျောက်ဆောင်
ကျောက်သားတွေပေါ်ကို ရောက်သွားရင် ရေထဲကို
မပြန်တက်ကြတော့ဘူးဆိုပဲ။
ဟုတ်လောက်တယ်လေ။ပုဇွန်ဆို
ဘယ်ပုဇွန်ပဲဖြစ်ဖြစ် ခြေထောက်မှမပါတာကိုး။
ဒါပေမယ့်သူတို့ ကိုယ်မှာက ငါးတွေလိုပဲရေကူးနိုင်တဲ့
အမြီးလည်းပါတယ်။ကိုယ်ကလည်းကွေးလို့ ဆန့် လို့ 
လှုပ်လို့ ရှားလို့ လည်းရနေတာပဲ။ဒါပေမယ့်သူတို့ ဟာ
အကြောင်းတစ်ခုခုကြောင့် ကမ်းပေါ်ရောက်သွားရင်
ရေထဲကိုပြန်မသွားတတ်ကြတော့ဘူး။သူတို့ တတ်တာက
ရေလှိုင်းကသူတို့ ဆီရောက်လာပြီး ရေထဲ
ပြန်ဆွဲအချကိုငံ့လင့်နေတာဆိုပဲ။
ရေလှိုင်းရောက်မလာဘူးဆိုရင်လည်းရောက်နေတဲ့နေရာမှာပဲ
ပေပြီးနေရင်းသေသွားကြသတဲ့။အမှန်တော့ နည်းနည်းပါးပါးလေးလောက်
အားထုတ်မယ်ဆိုရင် လှိုင်းအရောက်ကိုစောင့်နေစရာမလိုဘူး၊
လှိုင်းဆီကိုရောက်ကိုရောက်သွားလောက်ပါတယ်။
တစ်ခါတစ်လေများဆို လှိုင်းရေကသူတို့ နဲ့ 
ဘယ်လောက်မှမဝေးဘူး၊နှစ်ပေ၊သုံးပေလောက်ကလေးပဲရှိတာ။
ဒါလည်းသူတို့ ကတော့ မလှုပ်ဘူးခင်ဗျ။လှိုင်းတက်အလာကိုပဲ
အသေစောင့်တတ်ကြသတဲ့။
လောကမှာလည်း "ပုဇွန်လိုလူစားတွေ" အများသား။
လူတွေဟာတွေတွေဝေဝေနဲ့ အချိန်ဆွဲပြီးနေနေကြတယ်။
အားလေး၊ခွန်လေးစိုက်ထုတ်လုပ်ကိုင်ကြမယ့်အစား
ရတနာပုံကြီးက ကိုယ့်ဆီကို အလိုလိုဆိုက်လာနိုးနဲ့ 
မျှော်ကိုးနေတတ်ကြပုံကိုပြောပါတယ်။
အမှတ်မထင်ဖတ်လိုက်ရတဲ့ စာပိုဒ်ကလေးတစ်ပိုဒ်ပါပဲ။
"အပိုင်းအစများ"(Bits & Pieces) ဆိုတဲ့စာအုပ်ထဲမှာပါတယ်။
ရေးသူက Orison Swett Marden တဲ့။အဲသည့်စာပိုဒ်လေးကို
ဖတ်ပြီးစဉ်းစားမိသွားရတယ်။
ကံကိုယုံပြီးဆူးပုံနင်းတတ်သူများဟာလှိုင်းအရောက်ကို
ကျောက်ဆောင်ကျောက်ခဲခေါ်၊နေပူကျဲတောက်တောက်အောက်မှာ
ငုတ်တုတ်ကြီးစောင့်နေဖြစ်တတ်တယ်။
အသင်တို့ လည်းဘယ်လိုလူမျိုးလဲဆိုတာကို
တွေးတောစဉ်းစားနိုင်ကြပါစေဗျာ...
အပြည့်အစုံမတင်ပေးလိုက်တာတောင်းပန်ပါတယ်ဗျာ

ဒီတစ်ခါတော့ဘာရေးရမှန်းမသိတာနဲ့ 
ဆရာ အတ္တကျော်ရေးသားတဲ့
မျဉ်းတုံးတိုပေါက်စနလေးနဲ့ အလျားအတာ
ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ 
ဝတ္ထုတိုလေးတစ်ပုဒ်ကိုတင်လိုက်ပါတယ်ဗျာ
ကြိုက်ကြမယ်လို့ ထင်ပါတယ်...
မိတ်ဆွေတစ်ယောက်ရဲ့  အသုဘအခမ်းအနားမှာရပ်ပြီး
စကားပြောတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးအကြောင်း
ဖတ်လိုက်ရရာကနေ သည်အတွေးလေးပေါ်လာတာပါ..
အဲသည့်ဘုန်းတော်ကြီးက အုတ်ဂူကျောက်ပြားပေါ်မှာ
ရေးထားတဲ့နေ့ စွဲတွေကို အစကနေ
အဆုံးရည်ညွှန်းကိုးကားသွားသတဲ့..
ပထမဆုံး နေ့ စွဲကတော့ မွေးနေ့ ကိုဖော်ပြတာဖြစ်ပြီး
နောက်နေ့ စွဲကတော့ကြေကွဲဖွယ်ရာ
နေ့ တစ်နေ့ ပါပဲတဲ့...
ဒါပေမယ့် အဲသည့်နေ့ နှစ်နေ့ ကြားထဲမှာ
အရေးကြီးဆုံးကတော့ အဲသည့်နေ့ စွဲနှစ်ခုကြားမှာ
ခံထားတဲ့ မျဉ်းဖြောင့်တုံးကလေးပါပဲလို့ 
ဘုန်းတော်ကြီးက မိန့် တော်မူပါသတဲ့..
ဟုတ်တာပေါ့..အဲသည်တုံးကလေးဟာ
ဟောသလို (-)သာမညခပ်သေးသေးလေးသာ
ဖြစ်ပေမယ့် အဲသည့်တုံးကလေးဟာ
ကမ္ဘာမြေပေါ်မှာ အသက်ရှင်လျက်နေထိုင်ခဲ့သမျှ
ကာလကြီးတစ်ခုလုံးကိုညွှန်းဆိုဖော်ပြနေတာပဲ
မဟုတ်ပါလား..အဲသည့်မျဉ်းတိုပေါက်စနလေးရဲ့ 
တန်ဖိုးကိုလူတစ်ယောက်သက်ရှိထင်ရှား မရှိတော့တဲ့အခါကျတော့မှ
အဲသည့်လူကိုချစ်တဲ့သူတွေက သိကုန်ကြတော့တာလည်းပဲ
မဟုတ်လားပါလား..
အဲသည့်တုံးကလေးမှာဘယ်လောက်ချမ်းသာခဲ့တယ်...
ကားကဘယ်နှစီး ၊တိုက်က ဘယ်နှလုံး၊ငွေကဘယ်နှကုဋေ
ဆိုတာတွေမရှိတော့ဘူး..အဲဒါတွေနဲ့ လည်း
မျဉ်းတုံးလေးကို မတိုင်းတာဘူး...အဲသည့်မျဉ်းတုံးတိုလေးမှာက
ကျွန်တော်တို့ တွေဘဝကိုဘယ်လိုနေခဲ့တယ်
ဘယ်လိုမေတ္တာထားခဲ့တယ်...တစ်နည်းအားဖြင့် အဲသည့်
မျဉ်းတုံးပေါက်စနလေးကိုဘယ်လိုအသုံးချတယ်ဆိုတာနဲ့ သာ
တိုင်းတာကြစမြဲပါပဲ...
ကိုင်း...ချစ်လှစွာ စာဖတ်သူ လူကြီးမင်းခင်ဗျား..............
ကျေးဇူးပြုပြီး စာအုပ်လေးဘေးချလို့  သေသေချာချာ
လေးလေးနက်နက် စဉ်းစားကြည့်စေချင်ပါတယ်..
လူကြီးမင်းရဲ့  စိတ်ထဲမှာပြုပြင်တော့မယ်
ပြောင်းလဲတော့မယ်လို့  စိတ်ကူးထားတာလေးတွေ
ရှိနေလား....အဲဒါဆိုရင်တော့ အခုပဲစတင်ပြောင်းလဲပါတော့..
ပြုပြင်ပါတော့...အခု လို့ ပြောရတာကိုယ့်အတွက်
အချိန်ဘယ်လောက်ကျန်တယ်ဆိုတာ ဘယ်သူကမှ
ဘယ်တုန်းကမှ ၊ဘယ်သောအခါမှ အတိအကျမသိကြလို့ ပါပဲ..
ကိုယ်ဟာ အဲသည်မျဉ်းတုံးကလေးရဲ့ အလယ်ပိုင်းကိုရောက်ချင်ရောက်နေနိုင်တယ်လေ..
(ဘယ်ဟာက အတု၊ဘယ်ဟာက အစစ်၊ဘယ်ဟာက အမှန်
ဘယ်ဟာကအမှားပိုင်းခြားနိုင်လောက်အောင် ဘဝကို
အေးအေးဆေးဆေး ဖြတ်သန်းနေမယ်ဆိုရင်...)
(တခြားသူတွေ ဘယ်လိုခံစားရမယ်ဆိုတာကို
နားလည်နိုင်အောင် အပတ်တကုပ်အားထုတ်ဖြစ်မယ်ဆိုရင်...)
(ဒေါသတွေ သိပ်မဖြစ်လွယ်ဘဲ ကျွန်တော်တို့ တွေရဲ့ 
ဘဝထဲမှာရှိနေသူများအားလုံးအပေါ်ကျေနပ်တဲ့စိတ်လေးမွေးလို့ 
အရင်က တစ်ခါဖူးမှ မထားဖူးတဲ့မေတ္တာမျိုးနဲ့ 
မေတ္တာတွေ ထားဖြစ်ကြမယ်ဆိုရင်...)
(တစ်ယောက်ကိုတစ်ယောက် လေးလေးစားစားနဲ့ ဆက်ဆံကြမယ်
အပြုံးလေးကိုမျက်နှာပေါ်မှာ တစ်ချိန်လုံး
တင်ထားဖြစ်မယ်ဆိုရင်...)
(သည်မျဉ်းတုံးလေးဟာဖြင့် သိပ်ကြာကြာ ခံမှာမဟုတ်ဘူး
တော်နေကြာ ကုန်သွားနိုင်တယ်ဆိုတာကို
သတိတရနဲ့  မပြတ်နှလုံးသွင်းနေဖြစ်ကြမယ်ဆိုရင်...)
ကျွန်တော်တို့ တွေသေသွားတဲ့ အခါ ကျွန်တော်တို့ နဲ့ 
ပတ်သတ်တဲ့ အဲသည့်မျဉ်းပေါက်စနလေးအကြောင်း
လူအများက ပြောကြဆိုကြတဲ့စကားတွေဟာ
ဘယ်သူ့ နားမှာမှ ခါးနေတော့မှာမဟုတ်ပါဘူးလေ...
ကိုယ်ကတော့သည်စကားတွေကိုကြားတော့မှာ မဟုတ်ပါဘူး....
ဘာအရေးလဲ၊နေချင်သလိုနေတော့ရော
ဘာဖြစ်လဲလို့ စောဒကတက်မယ်ဆိုလည်း
ကျွန်တော့ဘက်ကတော့ဘာမှပြန်ပက်စရာမရှိပါဘုး...
ဒါပေမယ့် ကျွန်တော့်တစ်ဦးတည်းအနေနဲ့ ပြောရရင်တော့
ကျွန်တော်သေသွားပြီးတဲ့နောက်မှာ ကျွန်တော့မျဉ်းတုံးပေါက်စနလေး
အကြောင်းကို လူတွေတောင်တောင်အီအီ ပြောလာရင်
မချိပြုံးလေးနဲ့ နားထောင်နေရမယ့်
ကျွန်တော့်သားသ္မီး၊မြေးတွေရဲ့  မျက်နှာအိုအိုလေးတွေကို
မြင်ယောင်လို့ နေမိပါတယ်...
ကျွန်တော်ကတော့ပြုပြင်တော့မဗျာ...
စာဖတ်သူလူကြီးမင်းများကိုတော့ ကျွန်တော်မတိုက်တွန်းရဲပါဘူး
ဆရာတို့ မှာလည်း ဆရာတို့ သဘောနဲ့ ဆရာတို့ ကြိုက်သလိုရွေးချယ်တတ်ကြတဲ့
ဟာကို....
(အဲဒါကတော့ဆရာအတ္တကျော်ရေးထားတဲ့
မျဉ်းတုံးတိုပေါက်စနလေးနဲ့ အလျားအတာ
အကြောင်းကိုဒီအတိုင်းပြန်ရေးပြလိုက်တာပါ)
စဉ်းစားဆုံးဖြတ်နိုင်ကြပါစေဗျာ.....
